Channel Myanmar

Manjit Singh

Indian Predator: The Butcher Of Delhi (2022)
Indian Predator: The Butcher Of Delhi (2022) Indian Predator: The Butcher of Delhi (2022) =========================================ဒီနေ့မှာတော့ Netflix က ထွက်ရှိထားတဲ့ အိန္ဒိယရဲ့ဖြစ်ရပ်မှန် “ကွင်းဆက်လူသတ်မှု မှတ်တမ်းရုပ်ရှင်စီးရီး” ကိုတင်ဆက်ပေးလိုက်ပါတယ်။ အပိုင်းစုစုပေါင်း ၃ပိုင်းပါရှိပြီး တစ်ချိန်ကအိန္ဒိယရဲ့လူတိုင်းထိတ်လန့်ခဲ့ရတဲ့နာမည်ကြီးကွင်းဆက်လူသတ်မှုကြီးဖြစ်ခဲ့တာမို့ ဖြစ်ရပ်မှန်မှတ်တမ်းရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအဖို့ကတော့ အသည်းတအေးအးနဲ့ကြည့်လို့ကောင်းမှာ အသေအချာပါပဲ။“Chandrakant Jha” .. ဆရာမဖြစ်သူမိခင်နဲ့ ဆည်မြောင်းဦးစီးဌာနမှာအလုပ်လုပ်ကိုင်သူဖခင်တို့ရဲ့သား .. မွေးချင်းညီအစ်ကို ၆ယောက်ရှိတဲ့ထဲကမှ တတိယမြောက်သား။ ကလေးကိုမွေးရုံပဲမွေးထုတ်ပေးခဲ့ပြီး မချစ်ပေးတတ်တဲ့မိဘတွေကြားကြီးပြင်းခဲ့ရသူမို့ ငယ်စဉ်ကတည်းကမိဘမေတ္တာငတ်ခဲ့ပြီး မိသားစုနွေးထွေးမှုကိုမခံစားခဲ့ရတဲ့ Chandrakant တစ်ယောက် အရွယ်ရောက်လာတဲ့အခါ ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ နေထိုင်ရာ Ghosai ရွာလေးကနေ Delhi ကိုပြောင်းလာခဲ့တယ်။ Chandrakant အပေါ် Delhi ရဲ့ကြိုဆိုမှုက မလှပခဲ့ပါဘူး။ ခရီးရောက်မဆိုက်ပဲ မြို့ခံလူဆိုးဂိုဏ်းအဖွဲ့ဝင်နဲ့ထိပ်တိုက်ရင်ဆိုင်မိပြီး ဓားထိုးခံခဲ့ရပါတော့တယ်။ ဗိုက်တစ်ခုလုံးပွင့်ထွက်သွားပြီး ကလီစာတွေပါထွက်ကုန်ပေမယ့် အသိမိတ်ဆွေမရှိတဲ့ Chandrakant တစ်ယောက် ပွင့်နေတဲ့ဗိုက်ကိုပဝါနဲ့ပတ် ကိုယ့်အားကိုယ်ကိုးပြီးဆေးရုံကိုသွားခဲ့ရတယ်။ ဒီအဖြစ်ကပဲ Chandrakant ရဲ့အမုန်းတရား အာဃာတတွေနဲ့ ကလဲ့စားဆိုတဲ့အရာကို အစပျိုးပေးခဲ့ပြီး Chandrakant ကိုယ်တွင်းကနတ်ဆိုးကို လှုပ်နှိုးပေးလိုက်ပါတော့တယ်။ “မြေနိမ့်ရာ လှံစိုက်” ဆိုသလိုပဲ နိမ့်ပါးတဲ့သူကိုမှ ...
movie

Indian Predator: The Butcher Of Delhi (2022)

1921 (2018) 4.5
1921 (2018)  2018 ခုနှှစ်ထွက်ရှိထားပြီး အခုလောလောလတ်လတ် ရုံတင်နေဆဲဖြစ်တဲ့၁၉၂၁ ဆိုတဲ့ အိန္ဒိယ အချစ်သရဲ သဲထိပ်ရင်ဖိုကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးက အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့ အတိုင်းပဲအချစ်ကိို ကိုးကွယ်မိရာမှ တဏှာ လွန်တော့ အရူးဖြစ်ပြီးသေပြီးတာတောင် စွဲလမ်းစိတ်ကြောင့် မကျွတ်လွတ်နိုင်ပဲသရဲဘဝ နဲ့ ချစ်ရသူကို တပါးသူ မိန်းကလေးလက်ထဲ မပါသွားအောင်လိုက်လံ နှောင့်ယှက်ပုံ တွေကို ရိုက်ကူးပြထားတာပါဇာတ်လမ်း အကျဉ်းလေးကတော့ -  အိန္ဒိယမှ ထူးချွန်တဲ့ ပီယာနိုပညာရှင်လေး အာရွတ်ရှ်ကိုသူ့ရဲ့သူဌေးက လန်ဒန်ကို ဂီတပညာသင်ဖို့စေလွှတ်ခံခဲ့ရတယ်။လန်ဒန်မှာရှိတဲ့သူ့အိမ်ကိုလည်း စောင့်ရှောက်စေရင်းနဲ့ပေါ့။ ဒါပေမယ့် တစ်နေ့မှာ အာရွတ်ရှ်ကအမှားတစ်ခုလုပ်မိသွားပါတယ်။ အဲ့ဒီအမှားကြောင့် သူနေနေတဲ့အိမ်ကြီးမှာသရဲတစ္ဆေတွေရဲ့ခြောက်လှန့်ခြင်းကို ခံရပါတော့တယ်။ သူတစ်ယောက်တည်းဒီပြဿနာတွေကြုံနေရင်းမှတစ်နေ့သတင်းစာထဲမှာ ဝိဉာဉ်တွေနဲ့စကားပြောတတ်တဲ့ ရို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းဖတ်မိတဲ့အချိန်မှာ သူ့အတွက် မျှော်လင့်ချက်တွေရှိလာပါတယ်။ဘောလိဝုဒ်ရဲ့ နာမည်ကြီးသရဲကားရိုက်တဲ့ဒါရိုက်တာ Vikram Bhatt ရိုက်ကူးထားတာပါ။သရဲကားကြိုက်သူတွေအတွက် တကယ်ကိုထိန်လန့်မှုတွေပေးစွမ်းစေမယ့် ဇာတ်ကားကောင်းတစ်ကားပါ။အသံချဲ့ပြီး အိမ်ထဲမှာ တစ်ယောက်တည်းကြည့်မယ်ဆိုရင်ပိုပြီးကြောက်စရာကောင်းမယ်ဆိုတာကြေငြာလိုက်ပါတယ်။ Qty - 720p HD-ripDuration - 2hr 22minGern- Romance / ...
movie

1921 (2018)

2018