Channel Myanmar

Tomoya Nakamura

March Comes in Like a Lion Part1 (2017) 6.6
March Comes in Like a Lion Part1 (2017) March comes in like a lion (2020)ရေး ခီရိရာမဟာ အသက်၁၇ရှိတဲ့ အထက်တန်းကျောင်းသားလေး ဖြစ်ပြီးတော့ ​professional shogiကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ငယ်ငယ်တည်းက သူ့မိဘတွေနဲ့ သူ့ညီမလေးဟာ ကားမတော်တဆမှုတစ်ခုမှာ ဆုံးပါးသွားတဲ့အတွက် အဖေ့မိတ်ဆွေဆီမှာ သွားရောက်နေထိုင်ခဲ့ရပါတယ်။အဖေ့မိတ်ဆွေဖြစ်တဲ့ မွေးစားက shogiပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် သူဟာ သူဝါသနာမပါတဲ့ shogiကို သဘောကျချင်ယောင်ဆောင်ပြီးတော့ လိုက်လျောညီထွေဖြစ်အောင် နေခဲ့ရပါတယ်။ ဒါပေမဲ့ shogiကို အကောင်းဆုံးကြိုးစားခဲ့လို့ ငယ်ငယ်လေးနဲ့ ထူးချွန်တဲ့ပညာရှင် ဖြစ်ခဲ့ပါတယ်။ဒီလိုထူးချွန်တာကြောင့်ပဲ မွေးစားအဖေက "ရေး"ကို မနိုင်နိုင်လို့ shogiဆက်မကစားဖို့ တားခဲ့ပါတယ်။ သူဟာ မိသားစုအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ထင်သွားတာကြောင့် အဲဒီအိမ်ကထွက်လာပြီး တစ်ယောက်တည်းနေခဲ့ပါတယ်။ဒီလိုနဲ့ shogiပြိုင်ပွဲတစ်ခုမှာ သူ့မွေးစားအဖေကို ပြိုင်ဖက်အနေနဲ့ပြန်ဆုံပြီး အနိုင်ယူမိတဲ့အခါမှာ သူ့ရဲ့အပြစ်မကင်းစိတ်က ပြန်ပေါ်လာပြီး အရက်သောက်ခဲ့ပါတယ်။ မူးနေရင်းနဲ့ စဉ်းစားလွန်ပြီး စိတ်ပူပန်မှုလွန်ကဲကာ လဲကျသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အကရီလို့ခေါ်တဲ့ စိတ်ထားကောင်းတဲ့အစ်မတစ်ယောက်က ခေါ်ပြီး ...
movie

March Comes in Like a Lion Part1 (2017)

My Teacher (2017) 5.9
My Teacher (2017) Sensei : mangaကို live action ပြန်ရိုက်ထားတဲ့ ဒီ My Teacher ဇာတ်ကားလေးမှာတော့ အထက်တန်းကျောင်းသူလေးတစ်ဦးရဲ့ သူ့ သမိုင်းဆရာအပေါ် ချစ်မိတဲ့ အချစ်ကို ဖော်ပြထားပါတယ်...�ရှီမားဒါးဟာ အသက်၁ရနှစ်အရွယ် ဆယ်ကျော်သက်အထက်တန်းကျောင်းသူလေးပါ...အချစ်ဆိုတာ ဘာလဲ စူးစမ်းချင်နေတဲ့အရွယ်ပေါ့...အဲ့ဒီအချိန်မှာပဲ သူဟာ လူတစ်ယောက်အပေါ် ရူးရူးမိုက်မိုက် ချစ်မိသွားပါတော့တယ်...သူကတော့တခြား မဟုတ်ပါဘူး...သူတို့ အတန်းမှာ ကမ္ဘာ့သမိုင်းသင်တဲ့ ဆရာအီတို ပါပဲ...ဆရာနဲ့ တပည့်ကြားက အချစ်ရေးကိစ္စဆိုတာလည်း ပြောရအခက်သားနော်...ဒါဟာမဖြစ်သင့်ပါဘူးလို့ပဲ လူတိုင်းကပြောကြလိမ့်မယ်...ဆရာအီတို ကိုယ်တိုင်ကလည်း ဆရာသိက္ခာကိုစောင့်ထိန်းလို့ ဒီချစ်စရာကောင်းလှတဲ့ တပည့်မလေးရဲ့ အချစ်ကို ငြင်းပယ်ခဲ့ပါတယ်...ဒါပေမယ့် ရှီမာဒါကနောက်မဆုတ်ဘဲရှေ့ဆက်တိုးလာတဲ့အခါမှာတော့...(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ) File Size : (850 MB) and (381 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre : Drama, Romance Subtitle : Myanmar ...
movie

My Teacher (2017)

2017