Channel Myanmar

Seo Ye-ji

It’s Okay to Not Be Okay ( 2020 )[စ/ဆုံး]
It’s Okay to Not Be Okay ( 2020 )[စ/ဆုံး] It's Okay to Not Be Okay(2020)ဇာတ်လမ်းတွဲအညွှန်း**********************************************အပိုင်း (၁ မှ ၁၆) [စ/ဆုံး]Kim Soo Hyun ရဲ့ကားသစ်လေးလာပြီနော်...မင်းသမီးကလည်း အားလုံးသိပြီးသား Save me နဲ့ Lawless Lawyer တည်းကမင်းသမီးလေးပါ...Moon Kang Tae (Kim Soo Hyun) စိတ်ကျန်းမာရေးဆေးရုံက သူနာပြုလေးတစ်ယောက်ဖြစ်ပြီးတော့ဉာဏ်ရည်ထက်မြက်ပြီး စာနာ နားလည်ပေးတတ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ် ...Ko Moon Young (Seo Ye Ji) ကတော့ ကလေးစာပေတွေကိုရေးသားတဲ့ နာမည်ကြီး စာရေးဆရာမတစ်ယောက်ဖြစ်ပြီးတော့ အရမ်းကိုတစ်ကိုယ်ကောင်းဆန်၊ ခေါင်းမာပြီး  မာနကြီးလွန်းတဲ့သူလို့ လူသိများပါတယ် ...အချစ်အတွက် အချိန်မပေးနိုင်တဲ့ကောင်လေးနဲ့ အချစ်ဆိုတာ မရှိဘူးလို့ ယုံကြည်ထားတဲ့ ကောင်မလေးနဲ့တွေ့ဆုံဖို့ဖြစ်လာတဲ့အခါမှာတော့....ရိုလည်းရို ရယ်လည်းရယ်ရပါတယ်...ဇာတ်လမ်းတွဲက အတော်ဆွဲဆောင်မှုရှိပါတယ်....ပြီးတော့ မင်းသား Kim Soo Hyun ရဲ့စစ်မှုထမ်းပြီးမှ ပထမဆုံးပြန်ရိုက်ထားတဲ့ဒရမ်မာဖြစ်တာကြောင့် အရမ်းကိုလည်းနာမည်ရထားတာမို့ အလွတ်ခံလိုလုံးဝမဖြစ်တဲ့ကားပါ ...

It’s Okay to Not Be Okay ( 2020 )[စ/ဆုံး]

2020
Lawless Lawyer (2018) [COMPLETE] 6
Lawless Lawyer (2018) [COMPLETE] အားလုံးစောင့်မျှော်နေကြတဲ့ စီးရီးသစ်လေး Lawless Lawyerကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ဥပဒေနဲ့လျှို့ဝျက်သည်းဖိုဆိုင်ရာဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။အပိုင်း ၁၆ပိုင်းပါဝင်မယ်လို့ ပြောထားပြီး tvN ရုပ်သံလိုင်းကနေ မေလ ၁၂ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့ထိ စနေ၊တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။အချစ်ကားတေRoကားတွေနဲ့ငြီးငွေ့နေတဲ့ပရိသတ်ကြီးအတွက်တော့အကြိုက်တွေ့မှာပါ။ဒီဇာတ်ကားမှာ မင်းသားလီဂျွန်ကီနဲ့ မင်းသမီး ဆိုရီဂျီတို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။အားလုံးရဲ့ အချစ်တော် လီဂျွန်ကီ သရုပ်ဆောင်ထားတာမို့ အားလုံးကစိတ်ဝင်စားနေတဲ့စီးရီးဆိုလဲမမှားပါဘူး။ငယ်ငယ်ကတည်းက မိခင်ဖြစ်သူအသတ်ခံရတာကို မျက်စိရှေ့မှာမြင်တွေ့ခဲ့ရတဲ့ကလေးလေး ဘုံဆောင်းဖီ။နီးစပ်ရာ ရဲကို အကူအညီတောင်းခဲ့ပေမယ့် ဥပဒေဆိုတာမသမာသူတွေလက်ထဲရောက်ရင်အသုံးမဝင်ဘူးဆိုတာ သိသွားခဲ့တဲ့ သူဟာကြီးလာတော့ ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပြီး မိခင်အတွက်လက်စားချေဖို့စီစဉ်ခဲ့ပါတယ်။နောက်ပိုင်းဆတ်ဆတ်ထိမခံ ရှေ့နေမလေး ဟာဂျယ်အီနဲ့ ပူးပေါင်းမိကာ အမှုအခင်းတွေကို အများနဲ့မတူတဲ့နည်းလမ်းတွေနဲ့ဘယ်လိုစုံစမ်းဖော်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ကိုရီးယားစီးရီးကောင်းလေးတွေကိုမျှော်လင့်နေတဲ့CMပရိသတ်ကြီးအတွက်ဒီLawless Lawyerဆိုတဲ့စီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။  Translator - Aye Mon Kyaw / Carey Nyein / HJ SH /Kyar Phyu Lwn Encoder - Kyaw Ye Aung ...
6
TMDb: 6/10 1 votes
tv


2018