Good Doctor ( 2013 )
ဒီကိုရီးယားစီးရီးဟာ ကောင်းမွန်လွန်းတဲ့အတွက်ကြောင့် American က ပြန်လည်ရိုက်ကူးတာ
အားလုံးအသိပါပဲ…တစ်ချို့က မူရင်းကို ကွီးယားစီးရီးကိုပိုမိုသဘောကျတာကြောင့်
ပြန်လည်တင်ဆက်ပေးလိုက်သည်….
ကိုရီးယားဇာတ်လမ်းတွဲတွေကိုကြိုက်နှစ်သက်တဲ့ပရိတ်သတ်များအတွက် ဆေးပညာနောက်ခံ
ဒရာမာဇာတ်လမ်းတွဲလေးအသစ်တစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..ဒီ ဇာတ်လမ်းတွဲဟာ
2013 ခုနှစ်ကထွက်ရှိထားပြီး မင်းသားအဖြစ် Joo Won နဲ့ မင်းသမီးအဖြစ် Moon Chae-Won
တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်….
ပတ်စီယွန်ဟာ ငယ်စဉ်ကတည်းက ဆေးပညာကိုစိတ်ဝင်စားပြီးဆရာဝန်အရမ်းဖြစ်ချင်တဲ့
ကလေးငယ်လေးတစ်ဦးပါ..ငယ်စဉ်တုန်းက သူဟာအများနဲ့မတူပဲ ရောဂါတစ်ခုရှိနေပါတယ်
ဒါကြောင့်ကလေးတွေဟာသူ့ကိုမခေါ်ပဲဝိုင်းဖယ်ကြလို့ သူ့အစ်ကိုဖြစ်တဲ့သူက စီယွန်ကို
ပုံစံပြောင်းအောင်အမျိုးမျိုးကြိုးစားခဲ့တယ်..တစ်နေ့ မှာတော့ သူနဲ့သူ့အကိုနဲ့ကစားရင်း
မြေပြိုခဲ့လို့ သူ့အကိုဆုံးပါးသွားတဲ့အချိန် သူ့ရဲ့ရောဂါပိုဆိုးလာခဲ့သလို ပိုပြီးလည်း
အထီးကျန်လာခဲ့ပါတယ်..ဆရာဝန်ကြီးတစ်ဦးက သူ့ကိုမွေးစားရင်းနဲ့မှ သူ့ရဲ့ဆေးပညာ
မှာကြောက်စရာကောင်းလောက်အောင်ပါရမီထူးချွန်မှုကို တွေ့ရှိရတဲ့နောက်မှာတော့
ဆရာဝန်တစ်ဦးဖြစ်အောင်ပျိုးထောင်ပေးခဲ့ပါတော့တယ်..ရောဂါကြောင့်အခြားလူတွေနဲ့
မတူတဲ့ စီယွန်..ခံစားချက်နောက်ကိုသာလိုက်တဲ့စီယွန်..ဆုံးဖြတ်နိုင်စွမ်းအရမ်းအားနည်းပြီး
မသိတဲ့ ပတ်စီယွန်တစ်ယောက် ဆေးကုဖို့သာသိပြီးလူမှုပတ်ဝန်းကျင်မှာ လက်တွေ့ရင်
ဆိုင်ရတဲ့အခါမှာတော့…………………………………………………………………….
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။