Ragnarok (2020 – 2023) Season 01, 02 & 03 Complete
~ IMDb – 7.5/10, Rotten Tomatoes – 70% ~
“Ragnarok” ဆိုတာနဲ့ Marvel စူပါဟီးရိုး မိုးကြိုးနတ်ဘုရား Thor နဲ့ သေမင်းနတ်ဘုရားမ ဟယ်လာ တို့ရဲ့ဇာတ်လမ်းကို လူတိုင်းပြေးမြင်မိကြမှာပါ။ ကမ္ဘာပျက်ကိန်းကို သမုတ်တဲ့ စကားလုံးတစ်ခုပေါ့။ ဒီဇာတ်လမ်းကလည်း မိုးကြိုးနတ်ဘုရားသောရ်ရဲ့အကြောင်း၊ Ragnarok ကို ကာကွယ်တဲ့အကြောင်းပါပဲ။
ဒီဇာတ်လမ်းထဲမှာတော့ Thor ဖြစ်လာမယ့် ကောင်လေး မက်ဂ်နာ ဟာ သူတို့ငယ်စဉ်ကနေခဲ့ဖူးတဲ့ မြို့ငယ်လေးကို မိခင်ဖြစ်သူရဲ့အလုပ်ကြောင့် ပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ်။ ငယ်ငယ်ကတည်းက သူများနဲ့မတူပဲ ကြင်နာတတ်တဲ့စိတ်ထားရှိတဲ့ မက်ဂ်နာ ဟာ တရားမျှတမှုကို အင်မတန်အလေးထားပြီး တစ်ဖက်သားအပေါ် ကူညီတတ်ပါတယ်။ မက်ဂ်နာ တို့ အက်ဒါမြို့ကို ရောက်လာတဲ့နေ့မှာပဲ စိတ်ထားကောင်းတဲ့ မက်ဂ်နာ ဟာ အဘိုးအိုတစ်ယောက်ကို ကူညီပေးရာမှ မိမိကိုယ်တိုင်တောင် သတိမထားမိဘဲ မိုးကြိုးနတ်ဘုရား သော်ရ် ရဲ့ အစွမ်းတွေကို တဖြည်းဖြည်းပိုင်ဆိုင်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း နတ်ဘုရားတွေ မရှိတော့တဲ့အတွက်… ရှေးဟောင်းဒဏ္ဍာရီထဲက နှစ်ထောင်ချီဘီလူးတချို့ဟာ လူယောင်ဆောင်ပြီး မက်ဂ်နာ တို့ မြို့မှာ ဖြစ်တည်မှုအသီးသီးနဲ့ နေထိုင်နေကြပါတယ်။ ဒီမှာ ဘီလူးတွေနဲ့ သောရ် ထိပ်တိုက်တွေ့ရင်း ဖြစ်လာမယ့် တိုက်ပွဲတွေကို ဒီစီးရီးမှာ ကျွန်တော်တို့ တဝကြီးရှုစားရမှာပါ။
Norse Mythology အကြောင်းကို အခြေခံပြီး မူလဘူတရေမြေနေရာဖြစ်တဲ့ နော်ဝေးကရိုက်ထားတဲ့ကားမို့ Norse Mythology ကိုရိုက်ထားတဲ့ ဇာတ်လမ်းတွေထဲ အကောင်းတစ်ခုလို့သမုတ်ကြသလို နတ်ဘုရားတွေနဲ့ ဘီလူးတွေကြားက အက်ရှင်ခန်းတွေကလည်း ဒီစီဆင်မှာတင် ကြမ်းနေမှာဖြစ်သလို နောက်စီဆင်ကျလည်း ဘယ်လိုတွေ ဆက်လာမလဲ မျှော်ကြရပါမယ်။
(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူတွေကတော့ Thar Htet နဲ့ 666 ပဲဖြစ်ပါတယ်)
Size ~ 500MB+
Total – 6 Episodes
Quality – 1080p
Duration ~ 45min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Action, Drama, Fantasy
Source : NF.Web-dl.1080p
Translator – Thar Htet / 666
Encoder – Y
Season 01 Complete Zip (Yoteshin)
Episode 1 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid
Episode 2 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid
Episode 3 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid
Episode 4 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid
Episode 5 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid
Episode 6 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid
Season 02
ဒီစီစင်မှာတော့ Ragnarok က တဖြည်းဖြည်းရုပ်လုံးပေါ်လာပါပြီ။ အရာအားလုံးကို သိတဲ့ မြင်တဲ့ All Father အိုဒင်နဲ့ အတူ အခြားနတ်ဘုရားတွေလည်း သော ကို အားဖြည့်ဖို့ ပူးပေါင်းပါဝင်လာကြပါပြီ။ လိုကီကလည်း သူ့ရဲ့သရုပ်မှန်ဖြစ်တဲ့ ဘီလူးဘဝကို သိရှိသွားပြီး ပိုအရေးပါတဲ့နေရာကနေ ပါဝင်လာပါပြီ။ သော ဆိုရင် သူနဲ့တွဲသိတဲ့ နာမည်ကျော်လက်နက် မယော်နီယာကို သွန်းလုပ်တာက ဒီစီစင်မှာပါလာပါတယ်။ Ragnarok ရဲ့ နာမည်ကျော်တိုက်ပွဲဖြစ်တဲ့ သောနဲ့ လိုကီရဲ့ ကလေးဖြစ်သူ မစ်ဂတ်မြွေ (ကမ္ဘာ့မြွေကြီး) ယိုမာဂန်ဒါတို့ရဲ့ တိုက်ပွဲအတွက် ယိုမာဂန်ဒါကလည်း မွေးဖွားလာပါပြီ။ ဘီလူးတွေက စွမ်းအားရှိရုံတင်မကဘဲ အာဏာရော ငွေကြေးပါရှိနေတဲ့အတွက် ခေတ်သစ်မှာ နည်းလမ်းအသစ်တွေနဲ့လည်း တိုက်ခိုက်ကြတာတွေပါလာပါလိမ့်မယ်။ ဒီ စီစင်မှာတော့ နှစ်ဖက်လုံးက Ragnarok အတွက် ပြင်ဆင်နေကြပြီး နှစ်ဖက်လုံးမှာ အထိအခိုက်အကျအဆုံး အနည်းငယ်စီ ရှိကြပါတယ်။ နောက်စီစင်မှာတော့ Ragnarok ကို ပီပီပြင်ပြင်ရောက်ရှိတော့မယ်ထင်ရတာပါပဲ။
Season 02 Complete Zip (Yoteshin)
Episode 1 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid
Episode 2 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid
Episode 3 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid
Episode 4 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid
Episode 5 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid
Episode 6 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid
Season 03
Season 3 ကို ရောက်လာပါပြီ။ သောရ်က လောကမှာ စွမ်းအားအကြီးဆုံးလက်နက် မယော်နီယာ ပိုင်သွားပါပြီ။ ကမ္ဘာ့မြွေကြီးကလည်း တဖြည်းဖြည်းကြီးလာပြီဆိုတော့ ရက်ဂ်နာရော့ကို နီးလာပါပြီ။ တူပိုင်ထားတဲ့ သောရ်ကို ဘီလူးတွေက မယှဉ်နိုင်တော့ ကြောက်နေရပါတယ်။ ဒါပေမဲ့ ငြိမ်မနေပါဘူး သောရ်ကို ချေမှုန်းဖို့ အစီအစဉ်ဆွဲရင်း ခပ်ကုပ်ကုပ်နဲ့စောင့်နေပါတယ်။
လိုကီကတော့ ထုံးစံအတိုင်း နှစ်ဖက်ခွနေပြီး လောလောဆယ်တော့ နှစ်ဖက်လုံးနဲ့မတည့်လို့ နှစ်ဖက်လုံးက အနိုင်ကျင့်တာခံနေရပါတယ်။ သူ့မှာ နိုင်ကွက်ဆိုလို့ နတ်ဘုရားသတ် ကမ္ဘာ့မြွေကြီးပဲရှိပါသေးတယ်။ ဒါပေမဲ့လည်း ကမ္ဘာကိုပတ်ထားနိုင်လောက်တဲ့ထိ မကြီးသေးပါဘူး။ အန်နာကွန်ဒါလောက်တော့ အခြေအနေတိုးတက်လာပါပြီ။
နတ်ဘုရားသဘင်ကတော့ ဇာတ်ခေါင်းကွဲပြီး တစ်ယောက်က သတင်းကြေညာသူဝင်လုပ်နေတယ်။ တစ်ယောက်က အားကစားသမားဖြစ်သွားတယ်။ အားလုံးရဲ့ဖခင် အိုဒင်ကတော့ ချိုင်းထောက်နဲ့အဘိုးကြီးဘဝကို ပြန်သွားနေပါတယ်။ ဆရာသမား သောရ်ကတော့ မယော်နီယာကို ကိုင်ပြီး M16 ကိုင် ထားတဲ့ မျောက်တစ်ကောင်လို ပေါက်ကရလျှောက်လုပ်နေပါတယ်။ ဘီလူးတွေဖက်က ဆက်ဆာကတော့ သောရ်ကို မြူဆွယ်ပြီး တူကိုဖျောင်ဖို့ ကြံနေပါတယ်။
ရက်ဂ်နာရော့ကတော့ စပါပြီ။
Season 03 Complete Zip (Yoteshin)
Episode 1 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid
Episode 2 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid
Episode 3 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid
Episode 4 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid
Episode 5 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid
Episode 6 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။