“တောမြိုင်လယ်က ကျားမိန်းမပျို”
ဒေါဝ် အဖြစ် Prima Bhunjaroeun
ရစ် အဖြစ် Ohm Kanin Stanley
ချာတ် အဖြစ် Judo Tantachj Tharinpirom
ကျတ်ကကျန် အဖြစ် Pop Thananya
ဒေါဝ် / ကျန် / ဖိုင် တို့သုံးယောက်လုံးက တောကနေ ကြီးပြင်းလာတဲ့သူတွေပါ
တောနဲ့တိရိစ္ဆာန်ကိုလည်း ချစ်မြတ်နိုးကြပါတယ်
ဒါကြောင့် သစ်တောကို မသမာသူတွေရဲ့ လက်ထဲကနေ ကာကွယ်ဖို့ ငယ်ငယ်လေးကတည်းက
သူတို့ ကိုယ်ခံပညာတွေ သင်ကြားခဲ့ရပါတယ်
သူတို့သုံးဦးထဲမှာ ဒေါဝ်ဖြစ်သူက ထူးကဲပြီး အစွမ်းတွေရှိနေပါတယ်
ဒါပေမဲ့ ဒေါဝ်က သူ့မိဘတွေ ဘယ်သူလဲဆိုတာ မသိရပါဘူး
ဒေါဝ်ရဲ့ အဖေဖြစ်သူက မသမာသူတွေရဲ့လက်ထဲမှာ သေဆုံးခဲ့ရပါတယ်
သူ့အဖေဆုံးသွားပြီးနောက် အမေဖြစ်သူနဲ့လည်း မတွေ့ခဲ့ရပါဘူး
တစ်နေ့ သူ့တာဝန်ထမ်းဆောင်ဖို့ မြို့ပေါ်တက်သွားတော့ သူ့အဖေ ဘယ်လိုဆုံးခဲ့လဲဆိုတာ သိခဲ့ရပါတယ်
အဖေကို သတ်တဲ့လူက သူချစ်မြတ်နိုးရတဲ့ တောကိုပါ တရားမဝင်ဖျက်စီးနေတဲ့ သူဖြစ်နေပါတယ်
ဆိုတော့ ဒေါဝ်တစ်ယောက် ဘယ်လိုအငြိုးအတေးတွေနဲ့ လက်စားချေသွားမလဲ
သူ့ချစ်တဲ့တောကိုရော မသမာသူတွေရဲ့လက်ထဲက ဘယ်လိုကာကွယ်သွားမလဲဆိုတာ စောင့်ကြည့်လိုက်ပါ
(အညွှန်းရေးတဲ့သူကတော့ Tawan ဖြစ်ပါတယ်)
Native Title: ป่านางเสือ
Episodes: 15
Aired: Feb 27, 2023 – ?
Aired On: Monday, Tuesday, Wednesday, Thursday, Friday
Original Network: Channel 3
Duration: 45 min.
Translated by Nang Mwe Kham & Tawan
Encoded by Naing Aung Latt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။