Anger Tales
IMDb-5.2/10
လူတစ်ယောက်ချင်းစီရဲ့ဘ၀မှာ အထိမခံနိုင်တဲ့အရာတွေရှိနေပါတယ် ဒါတွေကိုရင်ဆိုင်ကြုံတွေလာတဲ့အချိန်မှာ ဘယ်လိုရှင်းဆိုင်ဖြေရှင်းကြပါသလဲ
Ep 1
ကိုယ်ချစ်ရတဲ့မင်းသားရဲ့ကားကို ဖန်တွေအတွက်စုပြီးပြဖို့ကြိုးစားနေတဲ့လူတစ်ယောက်
အားလုံးအဆင်ပြေပြီးစီးပြီး ပြမယ့်ချိန်နီးမှရုံပိုင်ရှင်ကပြမပေးနိုင်ဘူးဆိုပြီးထဖောက်ပါတော့တယ်
ပရိသတ်အားကောင်းလွန်းတဲ့မင်းသားရဲ့ကား
သူကိုယ်တိုင်လည်းသဘောကျရတဲ့မင်းသားမို့ သူ့လေးစားရတဲ့မင်းသားနာမည်မပျက်ရစေဖို့
ဘယ်လိုစွမ်းကုန်ကြိုးခုန်ကြိုးစားမလဲ
Ep 2
တွေ့ရာအကုန်စားတဲ့ပူဂျာတစ်ယောက် ယောကျာ်းရကာမှ သက်သတ်လွတ်သမားဘဝရောက်သွားရတဲ့အခါ …ဒါ့အပြင် သူ့ယောကျာ်းမိသားစုတင်သက်သတ်လွတ်သမားတွေမဟုတ်ဘဲ သူတို့နေထိုင်ရာတစ်တိုက်လုံးကလူတွေကသက်သတ်လွတ်သမားတွေဖြစ်နေလေတော့ အစားသောင်းကြမ်းတဲ့ပူဂျာတစ်ယောက် ဘယ်လိုနှစ်ပါးသွားမလဲ
Ep-3
ပုထုဇဉ်လူတွေအားလုံးမှာ ဒေါသထွက်ရင် သည်းခံနိုင်တဲ့အတိုင်းအတာတစ်ခုထိပဲရှိကြပါတယ်။ အဲ့ဒီသည်းခံနိုင်တဲ့အတိုင်းအတာကျော်လွန်သွားပြီဆိုရင်တော့ အသိစိတ်လွှတ်ချင်လွှတ်သွားနိုင်သလို လူသတ်ချင်တဲ့စိတ်ရိုင်းတွေပေါ်လာတတ်ကြပါတယ်။ အာနန်နဲ့ ပက်ဒမ်မာတို့ဟာ အိမ်ငှားဘ၀နဲ့လင်မယားတွေပါ။ အိမ်ရှင်ဘယ်ချိန်ဖယ်ခိုင်းမလဲဆိုတာကို အမြဲရင်တထိတ်ထိတ်ဖြစ်နေရတဲ့သူတွေပါ။ တစ်နေ့မှာအိမ်ရှင်ဖြစ်သူကို သူ့အမျိုးတွေပါခေါ်တင်ထားပြီး ငါအိမ်ရှင်ပဲဆိုပြီး အိမ်ငှားအပေါ်ကို မထီမဲမြင်ဆက်ဆံလာတဲ့ချိန်မှာ ပဒမ်မာတစ်ယောက်အိမ်ငှားတစ်ယောက်အနေနဲ့ သည်းမခံနိုင်တဲ့အဆုံး ၀င်ပြောလိုက်မိရာမှ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာကို ဇာတ်ကားနာမည်အတိုင်းပဲ ဒေါသတစ်ဖွားဖွားနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
Ep-4
အသက်၃၀ကျော်အရွယ် လက်မထပ်နိုင်သေးတဲ့ ပုံတုံးတုံး လူပျိုသိုးကြီးဖြစ်နေတဲ့အပြင် အလုပ်အကိုင်အတည်တကျရယ်လို့မရှိသေးတဲ့ ဂီရီကို အဒေါ်ဖြစ်သူ ပဒ်ဒမ်မားကတော့ စိတ်ပူနေရှာပါတယ်။ သူ့တူလေး ဒီဘဝကနေ ကျွတ်နိုင်ဖို့ တတ်နိုင်သမျှနည်းနဲ့ကြိုးစားနေပေမယ့် ဘာမှအရာမထင်ပါဘူး။ ဘာကြောင့်ဒီလိုဖြစ်နေရသလဲဆိုတာနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေပေးနေရှာပါတယ်။ ဒီတူဝရီးနှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုပေးကြပါဦး။
File Size – 1GB / 500MB
Quality – 1080p DSNP WEB DL / 720p
Duration – 38mins
Total Episodes:
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama, Comedy
Translator – Nyein ~BpL~YunnI~Cherry
Encoder – YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။