Inspector Avinash (TV Series 2023)
IMDb – 8.4/10
Fourth Wall break တယ်လို့ပြောလိုက်ရင် ကျွန်တော်တော့
Deadpool ရုပ်ရှင်တွေထဲက ဆရာဓာတ်ဘူးကြီးနဲ့ You(2018) စီးရီးထဲက
ဆရာကြီးဂျိုးဂိုးဘတ်ကို ပြေးမြင်မိတာပဲ။
သူတို့ ကာရိုက်တာတွေကို သရုပ်ဆောင်နေရင်း ကျွန်တော်တို့ ကြည့်နေတဲ့သူတွေကို
လှမ်းလှမ်းပြီး ပြောတာလေ။ တခါတလေ ကျွန်တော်တို့ ကြည့်နေတဲ့သူတွေက
အပြစ်တင်ခံရသေးတာ။(အပေါ်ကကားတွေကို မကြည့်ရသေးရင် CM မှာတင်ဆက်ပေးထားပါတယ်)
ဒီဇာတ်လမ်းတွဲထဲမှာလည်း ဆရာကြီးအာဗီနက်ရှ်က သူ့ဇာတ်ကောင်ကို
သရုပ်ဆောင်နေရင်းနဲ့ပဲ ကျွန်တော်တို့ကို လှမ်းပြီး ဇာတ်ကြောင်းပြောပြနေတာ။
ဇာတ်လမ်းအကျဉ်း
၁၉၉၇ ခုနစ်ဝန်းကျင် အိန္ဒိယနိုင်ငံ အူတာပရာဒတ်ရှ်ပြည်နယ်က အင်စပက်တာ အာဗီနက်ရှ်။
လူဆိုးတွေဖိန့်ဖိန့်တုန်အောင် ကြောက်ရသူ လူကြမ်းကြီး အင်စပက်တာ အာဗီနက်ရှ်။
ဝန်ကြီးချုပ်အသက်အန္တရာယ်ကိုပါ ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်လာတဲ့အထိ
လူဆိုးဂိုဏ်းတွေ တန်ခိုးထွားလာတဲ့အခါ ဝန်ကြီးချုပ်အမိန့်နဲ့
ပြည်ထဲရေးဝန်ကြီးကနေပြီး STF ဆိုတဲ့ အထူးစစ်ဆင်ရေးအဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ပါတယ်။
ဇာတ်လိုက်ကျော် မစ္စတာအာဗီနက်ရှ်လည်း ဒီအဖွဲ့ထဲမှာပါတာပေါ့။အဲဒီ STF အဖွဲ့ကနေပြီး
အကြမ်းဖက်သမားတွေ ရာဇဝတ်သားတွေကို ဘယ်လိုနှိမ်နှင်း အရေးယူမလဲ။
ပိုပြီးကြီးမားတဲ့ လက်နက်ဂိုဏ်းတစ်ခုနောက်ကို လိုက်ရတဲ့အခါ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ
ရဲမှုခင်းကား ကြိုက်တတ်သူတွေ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တာမို့
CM Bollywood Team မှ တင်ဆက်ပေးလိုက်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3,BpL,Yunni,YH,Cherry တို့ပဲဖြစ်ပါတယ်
File Size – 800MB / 400MB
Quality – 1080p / 720p
Duration – 46 min
Total Episodes: 8Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Action & Adventure, Mystery
Translator – chiclon3~BpL~Yunni~YH~Cherry
Encoder – YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။