Fluttering Warning/Love Alert(설렘주의보)
(( ၁၆ ပိုင်းထွက်ရှိထားပြီး စ/ဆုံးတင်ဆက်ပေးထားပါသည်….))
ကော်ဖီချစ်သူဇာတ်လမ်းတွဲထဲက မင်းသမီး(Yoon Eun Hye) ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့
Fluttering Warning/Love Alert ဆိုတဲ့ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်
ချာဝူဟွန်းကတော့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး လက်ထပ်ဖို့ စိတ်မဝင်စားတဲ့သူပါ
ချမ်းသာတဲ့ အဖေရဲ့ ပစ်ပယ်မှုကြောင့် အဖေကို မုန်းတီးနေခဲ့ပါတယ် …..
ယွန်ယူဂျောင်းကတော့ ပြည်သူ့အချစ်တော် မင်းသမီးတစ်ယောက်ဖြစ်ပြီး
ဇာတ်လမ်းတွဲရိုက်တဲ့ မင်းသားတွေနဲ့ တွဲတတ်ပါတယ်….
သူမကြည့်ရတာ အချစ်စစ်ကိုရှာဖွေရင်းရည်းစားများတာလား ရည်းစားတွေထားလွန်းတာများတော့
အချစ်စစ်ဆိုတာ ဘာမှန်းမသဲကွဲခဲ့တာလား…မြှားနတ်မောင်
ချိန်ရွယ်ပစ်ခတ်တဲ့ အချစ်မြှားက ချိန်သားမကိုက်သေးတာလား တစ်ခုခုပါပဲ..
အခုလည်း သူတွဲနေတဲ့တစ်ယောက်က သူမကို မချစ်တဲ့အပြင်
ယောင်္ကျားပိုင်းလုံးပုံပေါက်နေပါတယ်…အဲ့ဒီသူနဲ့
တွဲသွားတွဲလာတွေကို သတင်းထောက်တွေက ဓာတ်ပုံခိုးရိုက်ထားပြီး ဖွပစ်ခဲ့ပါတယ်
…. တိုက်ဆိုင်စွာနဲ့ ဖွပစ်ခဲ့တဲ့ပုံတိုင်းမှာ
ဒေါက်တာ ချာဝူဟွန်းလည်းပါနေခဲ့ပါတယ်……
နောက်တော့ ဒေါက်တာချာဝူဟွန်းနဲ့ ယွန်ယူဂျောင်းတို့ ဘယ်လိုတွေ့ဆုံကြမလဲ …
သူတို့တွေ အလွဲလွဲအချော်ချော်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက်
ရင်ခုန်သံချင်းဖလှယ်နိုင်ကြမလား….
ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို
CM မှ ဘာသာပြန်တင်ဆက်လိုက်တဲ့
Fluttering Warning ဇာတ်ကားလေးမှာ ကြည့်ရှုအားပေးပါဦးနော်…
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hay Thar Oo ပဲဖြစ်ပါတယ်..
Quality – 720p HDTV
Duration – 60min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Romance
Translator – Hay Thar Oo
Encoder – Phyo Pyae
ဇာတ်သိမ်းပိုင်း
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။