Bollywood ပရိသတ်တွေအတွက် အိန္ဒိယဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Sacred Games ကိုတင်ဆက်ပေးလိုက်ပါတယ်။
Rating အနေနဲ့လည်း IMDb 8.9/10 အထိရရှိထားလို့ ကောင်းမကောင်းညွှန်းနေဖို့ မလိုလောက်ပါဘူး
၂၀၁၈ က Season 1 ထွက်ခဲ့ပြီး အားပေးကြိုက်နှစ်သက်သူများခဲ့သလို ယခုလည်း မကြာခင်ကမှ Season 2 ထွက်လာလို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
Season 1 ကြည့်ဖူးသူတွေအတွက်တော့ ထွေထွေထူးထူးဇာတ်လမ်းပြောပြစရာမလိုပေမယ့် အခုမှစကြည့်မယ့်သူတွေအတွက် ဇာတ်လမ်းလေး ညွှန်းပေးလိုက်ပါမယ်
မွန်ဘိုင်းမြို့ရဲ့ အကျင့်ပျက်ချစားရဲတွေကြားမှာ သင်းကွဲလိုဖြစ်နေသူ စုံထောက်ကြီး ဆာရ်တက်ဂျ်ထံကို သတင်းပေးတဲ့ဖုန်းတစ်ခုဝင်လာပါတယ်
အဲ့ဒိဖုန်းထဲမှာဘာသတင်းပေးခဲ့တာလဲ ဆိုရင် မွန်ဘိုင်းမြို့ဟာ ၂၅ ရက်အတွင်းပျက်စီးတော့မယ်
ခင်ဗျားမြို့ကိုကယ်တင်ပါဆိုပြီးတော့ ဖြစ်ပါတယ်
ဒီသတင်းပေးတဲ့သူကတော့ တခြားသူမဟုတ်ဘဲ မွန်ဘိုင်းမြို့မှာ တွေ့တာနဲ့ပစ်သတ်ဖို့ အမိန့်ပေးခံထားရတဲ့ ဒုစရိုက်၊ လူဆိုးလူမိုက်ကြီး ဂနေ့ရှ် ဂိုင်တွန်ဒီပဲဖြစ်ပါတယ်
ဂနေ့ရှ် ဂိုင်တွန်ဒီနဲ့ ဆာရ်တက်ဂျ်တို့ကြားမှာ ဘယ်လိုပတ်သတ်မှုတွေရှိသလဲ
၂၅ ရက်အတွင်းမှာ ဘာဖြစ်မှာလဲဆိုတာကတော့ အားလုံးပဲ ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ
***ဒီဇာတ်လမ်းတွဲဟာ TV-MA ဖြစ်တဲ့အတွက် စကားလုံးအသုံးနှုန်းတွေကြမ်းပါတယ်
သွေးသံရဲရဲအခန်းတွေနဲ့ လိင်အသားပေးအခန်းတွေအများအပြားပါဝင်သောကြောင့် ကလေးသူငယ်များ၊ မိသားစုဝင်များနှင့်အတူကြည့်ရှုသူများ အထူးသတိပြုကြပါ******
***ဘာသာရေးဆိုင်ရာစကားလုံးများအား ဘာသာပြန်လိုအပ်ချက်ရှိပါက သည်းခံပေးကြပါခင်ဗျာ****
Quality – NF WEB-DL 720p
Duration – 60 Min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Source – 720p.NF.WEBRip.DDP5.1.x264-NG
Translator – Zaw Htoo,d3mon
Encoder – THZ
=======================================
=======================================
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။