ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးမယ့်
ဇာတ်လမ်းတွဲလေးကတော့ ငယ်ငယ်တုန်းကအချိန်တွေကို
ပြန်ပြီးတမ်းတမိသွားစေနိုင်မယ့် လူငယ်ပေါင်ချိန် အတွဲ ၃ပဲ ဖြစ်ပါတယ်
ဒီကားလေးထဲမှာဆိုရင် ပေါင်ချိန်အဖြစ် နာမည်ကြီးသရုပ်ဆောင် Deng Chao
ကုန်းစွန်းချဲ့ အဖြစ် Zhao Yang
ကျန်ကျောင်းအဖြစ် နာမည်ကြီးသရုပ်ဆောင် Chen Xiaolong တို့ က
အဓိကပါဝင်သရုပ်ထားတာပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် တစုန့်ပြည်ရဲ့
ဉာဏ်အကောင်းဆုံးပုဂ္ဂိုလ် ပေါင်ချိန်ဆီကို ထူးဆန်းတဲ့စာတစ်စောင်
ရောက်ရှိလာခဲ့ပြီးနောက်မှာ ပေါင်ချိန်ဟာ အိမ်တော်ကနေထွက်သွားခဲ့ပြီး
နှစ်နှစ်နီးပါးလောက်ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်
သူ့ရဲ့ ညီအစ်ကိုကောင်းတွေ ဖြစ်ကြတဲ့ ယဉ်ကျေးမှုရေးရာအမတ်
ကုန်းစွန်းချဲ့နဲ့ သူရဲကောင်းလေး ကျန်ကျောင်းတို့ဟာ နေရာအနှံ့မှာ
ပေါင်ချိန်ကို လိုက်ရှာရင်းနဲ့ နှစ်ယောက်သား အမှုတွေကိုဖြေရှင်းရင်း
ပေါင်ချိန်ရှိရာ စုန့်ပြည်နဲ့ လျောင်ပြည်နယ်ကြားကမြို့လေးဆီကိုရောက်ရှိလာခဲ့ပြီး
အတိတ်မေ့နေတဲ့ ပေါင်ချိန်ကို ရှာတွေ့သွားခဲ့ပါတယ်
ကံကောင်းစွာနဲ့ပဲ ပေါင်ချိန်ဟာ အတိတ်ကိုပြန်သတိရခဲ့ပြီး
ကုန်းစွန်းချဲ့ ကျန်ကျောင်း အပြင် အတိတ်မေ့စဉ်တုန်းက သိကျွမ်းခဲ့တဲ့
ရှောင်မန်တို့နဲ့အတူ မြို့တော်ကို ပြန်လာခဲ့ပါတယ် အဲ့နောက်မှာတော့
မင်းကြီးရဲ့အမိန့်အရ ဆန်းကြယ်လှတဲ့ ထျန်းမန်ကို မိတ်ဆွေတွေနဲ့အတူ
လိုက်လံရှာဖွေရင်း အမှုတွေကို ဖော်ထုတ်ရင်း မိမိအတိတ်မေ့ခဲ့ရတဲ့
အကြောင်းအရင်းကိုပါ ရှာဖွေခဲ့ပါတော့တယ် အမှန်တရားတို့မည်သည်
ပျောက်ကွယ်ရိုး ထုံးစံမရှိသည့်အလျောက် ပေါင်ချိန် ကုန်းစွန်းချဲ့ နဲ့
ကျန်ကျောင်းတို့ဟာ အမှုမှန်ကို တစုန့်ပြည်ရဲ့ဉာဏ်အကောင်းဆုံးပုဂ္ဂိုလ်ပီပီ
ဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းပြီး
ဟာသလည်းနှောထားတဲ့ လူငယ်ပေါင်ချိန် အတွဲ၃ ဇာတ်လမ်းတွဲကို
CMကနေ မကြာခင်မှာဘာသာပြန်တင်ဆက်ပေးသွားတော့မှာဖြစ်လို့
ငယ်ဘဝကိုပြန်တမ်းတရင်း စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်
Total Episodes : 45
Quality : DVDRip 720p
Format : mp4
Duration : 45 min ( Per One Episode )
Genres : Drama , Mystery
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။