Channel Myanmar

Aaron McPherson

Wanted Man (2024)
Wanted Man (2024) 2024 ရဲ့နှစ်ဦးပိုင်းမှာ အသစ်စက်စက်ထွက်ရှိထားတဲ့ Action/ Thriller ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်မင်းသားကြီး Dolph Lundgren အဓိကပါဝင်သရုပ်ဆောင်ထားပြီး ကိုယ်တိုင် ဒါရိုက်တာလည်း လုပ်ထားပါသေးတယ် မင်းသမီးချောလေး Christina Villa တို့ မင်းသားကြီး Kelsey Grammer တို့ကလည်း ပါဝင်အားဖြည့်ထားကြသေးတယ်ဆိုတော့......ဇာတ်လမ်းလေးကတော့ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်တစ်နေရာမှာ တရားမဝင် လူ/ဆေး ကုန်ကူးသမားတွေကို အသွင်ယူပြီးလိုက်နေတဲ့ DEA အေ့ဂျင့်နှစ်ယောက်အသတ်ခံလိုက်ရတာကစတာပဲ မျက်မြင်သက်သေတွေဖြစ်ကြတဲ့ အပျော်မယ်နှစ်ယောက်က အဲဒီဖြစ်ရပ်ထဲမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ် ဂျိုဟန်ဆန် ဆိုတဲ့ ဝါရင့်ရဲစုံထောက်ကြီးကို အဲဒီမျက်မြင်သက်သေနှစ်ယောက်ကို မက္ကဆီကိုကနေ အမေရိကန်ဘက်ကို တရားခံပြောင်းရွေ့ဖို့တာဝန်ပေးခံရတာကနေ.......ဘယ်လိုအန္တရာယ်မျိုးတွေနဲ့ရင်ဆိုင်ရမလဲ...... ဒီလူသတ်မှုရဲ့နောက်ကွယ်ကရည်ရွယ်ချက်ကဘာလဲ...... ဒီလူသတ်မှုရဲ့နောက်ကွယ်မှာဘယ်သူတွေရှိနေတာလဲ..... ဆိုတာတွေကိုတော့ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.1 GB)/(597 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Action, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo 
movie

Wanted Man (2024)

Don’t Kill It (2016)
Don’t Kill It (2016)  Don't Kill It အဲ့ဒါကိုမသတ်ပါနဲ့။ဒီဇာတ်ကားနာမည်ကအဲ့ဒါပါ။ဘာကိုမသတ်ရမှာလဲ။ဘာလို့မသတ်ရမှာလဲ။သိချင်ရင်တော့ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ ချီကရီခရိခ်ဆိုတဲ့နယ်မြို့သေးသေးလေးမှာ လူသတ်မှုတွေအများကြီးဖြစ်ပေါ်နေခဲ့ပါတယ်။လူသတ်မှုက တစ်ယောက်ချင်းစီသတ်တာမျိုးမဟုတ်ပဲတစ်ခါတစ်ခါသေရင် သုံးလေးယောက်အစုလိုက်အပြုံလိုက်ပါပဲ။အဲ့ဒါကဘာကြောင့်ဖြစ်တယ်ဆိုတာကို ဒေသခံရဲတွေကလဲ မသိကြသလိုလူသတ်သမားကိုလဲ မဖမ်းနိုင်ကြပါဘူး။ဒီလိုနဲ့အဲ့ဒီမြို့ကိုရောက်နေတဲ့မကောင်းဆိုးဝါးမုဆိုးက ရဲစခန်းကိုသွားပြီးတော့ ဒီလူသတ်မှုတွေကမကောင်းဆိုးဝါးကြောင့် ဖြစ်တယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ဒါပေမယ့်ဘယ်သူမှမယုံတဲ့အတွက် ထောင်ထဲအထည့်ခံလိုက်ရပြီးတော့ အဲ့ဒီမြို့လေးမှာငယ်ငယ်တုန်းကနေခဲ့ဖူးတဲ့ FBI ကအေးဂျင့်ပီးယာ့စ်က သူပြောတဲ့အတိုင်းဖြစ်နေတာကိုမြင်လိုက်ရမှ လာထုတ်ပေးခဲ့ပါတယ်။အဲ့ဒီလိုလူသတ်မှုတွေဖြစ်အောင်လုပ်နေတဲ့မကောင်းဆိုးဝါးက တခြားမကောင်းဆိုးဝါးတွေလိုမဟုတ်ပဲနဲ့ သူပူးကပ်ထားတဲ့ခန္ဓာကိုယ်ကို သတ်တဲ့ခန္ဓာကိုယ်ထဲကို ပြောင်းရွှေ့တတ်တဲ့မကောင်းဆိုးဝါးပါ။အဲ့ဒါကြောင့် အဲ့ဒီမကောင်းဆိုးဝါးကို မသတ်ရမှာကိုမသိပဲနဲ့ လူတွေကသတ်မိနေတော့မကောင်းဆိုးဝါးက တစ်ယောက်ပြီးတစ်ယောက်ကိုပူးကပ်နေပါတော့တယ် ။ ဒီလိုနဲ့မကောင်းဆိုးဝါးမုဆိုးနဲ့အေးဂျင့်ပီးယာ့စ်တို့ပူးပေါင်းပြီးတော့ အဲ့ဒီမကောင်းဆိုးဝါးကိုမသတ်ပဲနဲ့ဘယ်လိုနှိမ်နင်းမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30GB / 583MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 23m Genre ….. Action , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay
movie

Don’t Kill It (2016)

[18+] Cruel Intentions 3 (2004)
[18+] Cruel Intentions 3 (2004) Cruel Intentions 3 (2004)Cruel Intentions ဆိုပြီး ဇာတ်ကားသုံးကားထွက်ရှိဖူးရာမှာ တစ်ကားနဲ့တစ်ကား မင်းသားမင်းသမီးတွေလည်းမတူသလို ဇာတ်လမ်းဇာတ်အိမ်တွေကလည်း သက်သက်စီနီးပါးပါပဲ။ တစ်နဲ့နှစ်မှာဆို အဓိကဇာတ်ကောင်ရဲ့ ကာရိုက်တာချင်းတူပေမဲ့ ၃မှာတော့ သီးခြားစီ ဖြစ်သွားပါပြီ။ ဒီရုပ်ရှင်တွေမှာ တူညီတာတစ်ခုကတော့ လူငယ်တွေကြားက လိင်ပိုင်းဆိုင်ရာ အရှုပ်အထွေးတွေအကြောင်းကို မင်းသားမင်းသမီးချောတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဖျော်ဖြေမှုအသားပေးတင်ဆက်သွားတာပါပဲ။ဒီတစ်ခါမှာလည်း ထုံးစံအတိုင်း တက္ကသိုလ်ကျောင်းသားလူငယ်တစ်စုရဲ့ စာသင်နှစ်တစ်ခုအတွင်းက အချစ်ရေးနဲ့လိင်မှုကိစ္စတွေကို ဇာတ်လမ်းအသစ်တစ်မျိုးနဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ အရင်နဲ့မတူတာကတော့ ဒီတစ်ခါမှာ Plot Twist လေးတွေ လှိုင်လှိုင်သုံးပြီး အဆုံးထိဆွဲခေါ်သွားခဲ့တာပါပဲ။ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့ အဓိကဇာတ်ကောင်သုံးယောက်ဖြစ်တဲ့ ကက်စဒီ၊ ဂျေဆန်နဲ့ပက်ထရစ်တို့ လူလည်လူငယ်သုံးယောက် တစ်ယောက်တစ်လှည့် အချင်းချင်းဖျံကျပြီး အကွက်ပေါင်းစုံရွှေ့ကြတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ အဖော်အချွတ်နဲ့ ပွင့်လင်းလွန်းတဲ့လိင်ဆက်ဆံခန်းတွေလည်း ပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ဖို့တော့အဆင်မပြေနိုင်ပါဘူး။ဘ၀ဆိုတာ ခဏလေးပဲ။ ကွေးသောလက် မဆန့်ခင် ဆန့်သောလက်မကွေးခင်မှာ ရေပွက်လို ဒီဘ၀ဟာ စုန်းစုန်းနစ်မြုပ်သွားနိုင်တယ်။ ကောင်းတာတွေ မကောင်းတာတွေကို ဘယ်လိုပိုင်းခြားကြလဲ။ ကိုယ့်ကြောင့် ...
movie

[18+] Cruel Intentions 3 (2004)

2004
A Million Ways to Die in the West (2014) 6.1
A Million Ways to Die in the West (2014) A Million Ways to Die in The West (2014) (၁)ခင်ဗျားဟာ ၁၈၈၀ပြည့်နှစ်တွေထဲ အမေရိကန် အနောက်ပိုင်းမှာနေတဲ့ လူတစ်ယောက်ဆိုပါစို့။ ခင်ဗျား မွေးထားတဲ့သိုးက သူများခြံထဲက မြက်ကို သွားစားမိရင် ဒီပြဿနာက သေနတ်ချင်းယှဉ်ပစ်ပြီး ဖြေရှင်းရမယ့် ပြဿနာပါပဲ။ အနောက်အရပ်မှာ ခင်ဗျားခြံထဲကသိုးက သူများခြံထဲကမြက်ကို သွားစားမိရုံနဲ့လည်း နေရင်းထိုင်ရင်း ခင်ဗျားသေနိုင်ပါတယ်။သေနတ်ချင်းယှဉ်ပစ်တာမှာ ခင်ဗျားနိုင်ပြီး ရှပ်ထိရုံလောက် ဖြစ်သွားတယ်ဆိုပါစို့။ ခင်ဗျားအနာက ပလာစတာ ကပ်ရုံနဲ့ပျောက်လောက်တဲ့အနာဆိုရင်တောင် အရီဇိုးနားက ဆရာဝန်က ရှပ်ထိထားတဲ့ကိုယ်အင်္ဂါကို ဖြတ်ပစ်ဖို့လိုတယ်လို့ ပြောမှာပါ။ အနောက်ပိုင်းမှာရှိတဲ့ တစ်ဦးတည်းသော ဆရာဝန်ဟာ အအေးမိတဲ့လူနာကို နားထဲသံရိုက်သွင်းတဲ့ နည်းနဲ့ ကုတတ်ပြီး အဖျားကြီးရင် မြင်းကန်တာခံတဲ့နည်းနဲ့ ကုပေးတတ်တဲ့ ဇီဝကလက်သစ်ပါပဲ။ အူအတက်ပေါက်လို့ လာကုတဲ့အမျိုးသမီးတော့ ခွဲစိတ်ရင်း ခဏရပ်ပြီး နောက်လူနာကိုကုနေတဲ့အချိန် အတွင်းကလီစာတွေ ကြောင်စားခံလိုက်ရဖူးပါတယ်။(၂)ဝရမ်းပြေးတွေ၊ အမူးသမားတွေ၊ ဥညှစ်သတ်မယ့်ပြည့်တန်ဆာတွေ၊ ငတ်ပြတ်နေတဲ့ ...
movie

A Million Ways to Die in the West (2014)

2014
Street Kings(2008) 7.0
Street Kings(2008) Street Kings(2008)၂ တွမ် က မူးယစ်ဆေးနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနက စုံထောက်တစ်ယောက်ပါ။ဒုစရိုက်မှုတွေများလှတဲ့မြို့မှာ လူဆိုးတွေဟာ ထောင်နဲ့ကူးချည်သန်းချည်လုပ်ရင်းပြဿနာမျိုးစုံရှာနေတဲ့ပုံကို သူက မျက်မုန်းကျိုးနေဟန်ပဲ...ဒါ့ကြောင့် ဒီလိုခပ်ဆိုးဆိုးကောင်တွေနဲ့ထိပ်တိုက်ရင်ဆိုင်ရပြီဆိုရင်ရဲတွေရဲ့ ထိတွေ့မှုစည်းကမ်းတွေကိုကျော်လွန်ပြီး လက်ဉီးမှုရယူတတ်သလို အပျောက်သတ်ပစ်လေ့လည်းရှိတယ်.....သူ့ကြည့်ရတာဒီလိုမျိုး လုပ်နေကြပုံပဲ....သူကစပြီးပစ်တဲ့ပုံမပေါက်အောင် ခြေရာလက်ရာတွေဖျောက်တတ်သလိုလှုပ်ရှားပုံတွေကလည်း သွေးအေးတည်ငြိမ်လွန်းတယ်...ဒီအခြေအနေတွေကို သူတို့ ရဲအချို့က သဘောမကျဖြစ်နေကြသလိုအခွင့်ကြုံရင်ချောက်ချဖို့ရည်ရွယ်ထားတဲ့သူတွေလည်းရှိတယ်.....အဲ့ဒီနောက်မှာတော့ တွမ်တစ်ယောက် ပြဿနာအကြီးကြီးကြုံပါတော့တယ်.....ဒီကားကမင်းသားကြီး  Keanu Reeves အဓိကပါဝင်ထားပြီး အခြားနာမည်ကြီးသရုပ်ဆောင်များစွာပါတယ်...ဇာတ်လမ်းအစကထဲက ဗျင်းပါတယ်....ဇာတ်အိမ်လည်းကောင်းသလိုအစအဆုံး ရင်တထိတ်ထိတ်နဲ့ကိုကြည့်ရတာပါ......စပွိုင်လာြဖစ်မှာစိုးလို့ ဒီလောက်နဲ့တော်ပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်....File Size :(1.99GB)(942 MB) and (347 MB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:49:00 Genre :  Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by ...
movie

Street Kings(2008)