Channel Myanmar

Aathmika

Thiruvin Kural(2023) 5.5
Thiruvin Kural(2023) ရုပ်ရှင်တကား ကောင်းတယ် မကောင်းဘူးပြောရအောင်က ကြည့်တဲ့သူအပေါ်မှာပဲ မူတည်တတ်တာမျိုးဗျ။ ဥပမာ K.G.F လိုမျိုး ၂ ဘ၀ကလဲ့စားလိုမျိုးအယောက်တရာလောက်ကို တယောက်ထဲ ယှဉ်ဖိုက်ပြီး မင်းသားကပဲ နိုင်တယ်ဆိုတဲ့ ဇာတ်မျိုးကြိုက်တဲ့သူ ရှိသလို Ae Dil Hai Mush Kil လိုမျိုး အချစ် ဒရမ်မာ သီးသန့်လေးကိုမှ ခိုက်ပါတယ်ဆိုတဲ့သူမျိုးနဲ့ ကွဲပြားကြသလိုပေါ့။တချို့ကျလည်း ဇာတ်ကားကြည့်တော့မယ်ဆို ဘယ်သူသရုပ်ဆောင်တယ် ဘာဇာတ်အမျိုးစားလဲဆိုတာထက် Rating တွေ Review တွေကြည့်ပြီး များမှဆိုတဲ့သူတွေလည်းရှိကြတယ်။ပြောချင်တာ ခုတင်ဆက်ပေးမဲ့ ဒီတမီးလ်ရုပ်ရှင်ကားကလဲ ကြိုက်တတ်သူတွေအတွက်ကတော့ အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမဲ့ အက်ရှင် ဒရမ်မာကားတကားပါပဲ။ မင်းသားက စကားမပြောတတ်တဲ့အပြင် အနားကပ်ပြောမှ အသံသဲ့သဲ့ပဲကြားရတဲ့ ဘ၀၊ ဒါပေမဲ့ အင်ဂျင်နီယာဘွဲ့ရ၊အဖေဖြစ်သူနဲ့အတူတူ ဆောက်လုပ်ရေးတခုမှာ ဝင်ဦးစီးပေးနေတာ။ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်တဲ့ ဘ၀လေးတခု ပိုင်ဆိုင်ထားတဲ့သူ။ လှတပတချစ်သူကောင်မလေးနဲ့ကလည်း ရွှေလမ်းငွေလမ်း ဖောက်ပြီးသား။ သူ့ပတ်ဝန်းကျင်က မိန်းကလေးတွေကို စော်ကားလာရင် ဖြုန်း ဖြောင်းနဲ့ ဆော်လွှတ်တတ်တဲ့စရိုက်နဲ့ လူ။ လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေလို့ ဆိုရမလိုပဲ တရက် မင်းသားရဲ့အဖေက ဆိုဒ်ထဲမှာ မတော်တဆမှုတခုနဲ့ ဆေးရုံတတ်ရပါလေရော။ အဲ့မှာ ...
movie

Thiruvin Kural(2023)

2023
Kodiyil Oruvan 8.0
Kodiyil Oruvan နယ်ကရွာလေးတစ်ခုမှ ရွာလူကြီးနေရာကို မမျှော်လင့်ပဲ ရလာတဲ့ အမျိုးသမီးတစ်ယောက်ဟာရပ်ရွာကောင်းကျိုးအတွက် အလုပ်တွေ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ခေတ်ရယ် စနစ်ရယ်ကံမကောင်းအကြောင်းမလှတဲ့ အချင်းအရာ သူ့ဘက်မပါရင် အန္တရာယ်ပြုတတ်တဲ့ဒုစရိုက်သမား လူရမ်းကားတွေကြောင့် လင်ယောကျာ်းလဲသေ ကိုယ်တိုင်လည်းကိုယ်ဝန်ကြီးနဲ့ မီးရှို့သတ်ခံရတယ်။ ဒါပေမဲ့ သူ့သားလေးအတွက်အားဆက်တင်းရင်း အသက်ဆက်ခဲ့ပေမယ့် သူ့ဘဝကတော့ သေဆုံးသွားခဲ့ရပြီဒါ ဗီဂျေရာဂါဗန်ရဲ့ မိခင်အကြောင်းပါ သူ့အမေရဲ့ အသက်ဆက်ရှင်နေရတဲ့အကြောင်း​ပြချက်က သူ့သားအနေနဲ့ အရာရှိကြီးဖြစ်လာပြီး ရပ်ရွာဒေသကိုတိုးတက်အောင်လုပ်နေတာ မြင်ချင်လို့သူ့သားကလည်း တစ်ထောင်မှတစ်ယောက် တကယ့်လူလိမ္မာ လက်ရုံးရည်နှလုံးရည် ပြည့်ဝတဲ့သူ ဒါပေမဲ့ မြို့ပေါ်မှာ အစိုးရဝန်ထမ်းလုပ်ဖို့ စာမေးပွဲလာဖြေတဲ့အချိန်သူကတော့ ကလေးတွေစာသင်ပေးလိုက် ရပ်ကွက်ထဲ အမှိုက်ရှင်းလိုက်နဲ့ ကောင်းတာတွေပဲလုပ်နေပေမယ့် ကံကြမ္မာတစ်ပတ်လည်ပြီး လူဆိုးတွေနဲ့ သူရောရင်ဆိုင်ရတဲ့အခါမှာ....ဘာဆက်ဖြစ်မလဲ။ အလုပ်ရယ် ပညာရေးရယ် မိခင်ကိုပဲ စိတ်ထဲရှိတဲ့ ဗီဂျေရာ ဂါဗန်တစ်ယောက်ဘဝအမောတွေကို သူ့ဖြေဖျောက်ပေးချင်နေတဲ့ကောင်မလေးချောချောလေးကိုရော ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာဆက်လက်ကြည့်ရှုခံစားရဦးမှာပါ  File size…2.23GB / 1.37GB Quality…True WEB DL 1080p / ...
movie

Kodiyil Oruvan

2021