Channel Myanmar

Abdi Delgo

438 Days (2019) 6.7
438 Days (2019)  နိုင်ငံတကာသတင်းထောက်ဆိုတဲ့အလုပ်ကိုကြားရတာခရီးလေးသွားလိုက် ဓာတ်ပုံလေးရိုက်လိုက် အင်တာဗျူးလေးလုပ်လိုက်နဲ့ လွယ်ကူမယ်လို့ထင်ရပေမဲ့ တကယ်တမ်းလက်တွေ့ဘ၀မှာတော့ အရမ်းခက်ခဲပြီးတော့ စွန့်စားရပါတယ်။ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဒီအလုပ်အပေါ်မှာ နှစ်မြှုပ်ထားမှလုပ်နိုင်မဲ့ အရမ်းခက်ခဲတဲ့အန္တရာယ်များတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ကမ္ဘာ့သမိုင်းမှာလည်း နိုင်ငံတကာသတင်းထောက်တွေ အဖမ်းခံရတာအသတ်ခံရတာ ပျောက်ဆုံးသွားတာတွေအပြင် တခြားသမိုင်းတွေအများကြီးကိုမျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရပြီးပါပြီ။အခုတင်ဆက်ပေးမှာကတော့ ဒီလိုခက်ခဲကြမ်းတမ်းတဲ့အလုပ်ကိုလုပ်ရင်းနဲ့ အီသီယိုးပီးယားနိုင်ငံမှာ ၄၃၈ ရက်အဖမ်းခံခဲ့ရတဲ့ဆွီဒင်နိုင်ငံကသတင်းထောက်နှစ်ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ 438 Daysဆိုတဲ့ 2019 ခုနှစ်က ထွက်ရှိခဲ့တဲ့ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။မာတင်နဲ့ဂျိုဟန်ဆိုတဲ့ ဆွီဒင်သတင်းထောက်နှစ်ယောက်က အီသီယိုးပီးယားနိုင်ငံမှာ လွန်ဒင်ဆိုတဲ့ရေနံကုမ္ပဏီအကြောင်းကို စုံစမ်းဖို့အတွက် ၂၀၁၁ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာဆိုမားလီးယားကနေ အီသီယိုးပီးယားကိုတရားမဝင်နယ်စပ် ဖြတ်ကူးခဲ့ကြပါတော့တယ်။သူတို့ချည်းပဲ ဒီအတိုင်းသွားဖို့ဆိုတာမဖြစ်နိုင်တဲ့အတွက် ONLF ဆိုတဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ အကူအညီနဲ့ဖြတ်ကူးခဲ့ကြပါတယ်။ဒါပေမယ့်ကံမကောင်းစွာနဲ့ပဲ အီသီယိုးပီးယားစစ်တပ်က သူတို့ကိုဖမ်းမိသွားပြီး နယ်စပ်ကိုတရားမဝင်ဖြတ်ကူးမှုနဲ့အကြမ်းဖက်အဖွဲ့အစည်းမှာ ပါဝင်တယ်ဆိုပြီး နာမည်တပ်ကာထောင်ထဲကို ပို့လိုက်ပါတော့တယ်။ဒီလိုနဲ့ထောင်ကျသွားခဲ့ပြီးနောက်မှာသူတို့ကိုလွတ်မြောက်အောင် ကူညီပေးဖို့ဆွီဒင်အစိုးရက ကြိုးစားပုံတွေနဲ့ ထောင်ထဲမှာနေရတဲ့ငရဲလိုမျိုး ၄၃၈ ရက်တာကိုကြည့်ရှုရမဲ့IMDb Rating 6.7 ရရှိထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားပဲဖြစ်ပါတယ်။ File size…2.07GB / 925MB Quality…Blu-Ray 1080p  / ...
movie

438 Days (2019)