Channel Myanmar

Abdulaziz Alshehri

Head to Head (2023) 6.7
Head to Head (2023)  လတ်တလောကမှ Netflix ကနေထွက်ရှိလာတဲ့ ဆော်ဒီဟာသဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်းဒါရဝစ်ချ်ဆိုတဲ့သူဟာ ကုမ္ပဏီတစ်ခုမှာ ဒရိုင်ဘာအနေနဲ့အလုပ်လုပ်နေတဲ့သူဖြစ်ပါတယ်။ဖာယက်ဆိုတဲ့သူကတော့ ဒါရဝစ်ချ်နဲ့ ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်နေတဲ့ကားပြင်ဆရာဖြစ်ပါတယ်။ ကားပြင်တယ်ဆိုပြီး ကုမ္ပဏီကကားတွေရဲ့အင်ဂျင်တွေကိုထုတ်ရောင်းစားပြီး ပျက်နေတဲ့အဟောင်းတွေကိုထည့်ထားတတ်ပါတယ်။အဲဒါကိုကုမ္ပဏီကမိထားလို့ အလုပ်ပြုတ်ခံရလုနီးပါးဖြစ်နေတာပါ။ဖြစ်ချင်တော့ သူတို့ကုမ္ပဏီရဲ့စီအီးအိုရဲ့သားက သူ့အဖေမရှိတုန်း ကုမ္ပဏီရဲ့ရှယ်ယာတွေကိုရောင်းစားဖို့လုပ်နေပါတယ်။ ဖာယက်ကို သူ့ဘက်ပါလာအောင် CEO ရာထူးကိုပေးသလိုလုပ်ပြီးတော့ သူ့ဆီလာနေတဲ့ သူ့အဖေကိုလေဆိပ်ကသွားခေါ်ပြီး စာချုပ်မှာလက်မှတ်ထိုးဖို့ကူညီပေးရင် သန်း ၄၀ တန်တဲ့ ရှယ်ယာတွေကိုပေးမယ်လို့ပြောခဲ့ပါတယ်။ပိုက်ဆံမက်တဲ့ဖာယက်ကလည်း သဘောတူပြီး ဒါရဝစ်ချ်ကို လေဆိပ်ကနေ စီအီးအိုဟောင်းဖြစ်သူကိုကြိုခိုင်းတဲ့အခါ ဖာယက်ကလူမှားပြီးတော့ အမှောင်လောကရဲ့ဘုရင်ဖြစ်တဲ့စိန်များဘုရင်ဆိုတဲ့အဖိုးကြီးကို ကားပေါ်ခေါ်တင်လာပါတော့တယ်။စိန်များဘုရင်က အရင်ကလူတိုင်းကြောက်ရတဲ့သူပေမဲ့ အခုကတော့ ရုရှားတွေဆီမှာအဖမ်းခံရပြီးတော့ သေမလိုဖြစ်နေရာက အခုမှဆောဒီကိုပြန်ရောက်လာတာဖြစ်ပါတယ်။အဲဒါကလည်း သူ့သားက ရုရှားမာဖီယားတွေနဲ့ အပေးအယူလုပ်ပြီး ဆောဒီကိုပြန်ခေါ်လာတာပါ။အဲဒီကနေ ပြဿနာတွေတက်ပြီးတော့ မှားသွားတဲ့လူအချင်းချင်းလဲဖို့ ဘသီယခါဆိုတဲ့နေရာကိုသူတို့နှစ်ယောက်သွားခဲ့ကြပါတယ်။ အဲဒီနေရာက လုံးဝကိုမကောင်းတဲ့လူမိုက်တွေ၊လူသတ်သမားတွေ ကျက်စားတဲ့နေရာဖြစ်နေတဲ့အပြင် စိန်များဘုရင်က ရုတ်တရက်သေသွားတဲ့အခါ အဲဒီအလောင်းကြီးနဲ့ သူတို့နှစ်ယောက် လူမိုက်တွေဆီကနေအသတ်မခံရဖို့ရှောင်ပြေးကြတာကို အခွီတစ်လိုင်းနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်အိမ်ကောင်းကောင်းနဲ့ ဒါရဝစ်ချ်နဲ့ ဖာယက်နှစ်ယောက်သားရဲ့ မတည့်အတူနေဆက်ဆံရေးကို ဟာသ‌ဇာတ်ကွက်တွေနဲ့ ရိုက်ကူးတင်ဆက်ထားပြီးတော့မူးယစ်ဆေးလောကတွေ၊ ...
movie

Head to Head (2023)

Alkhallat+ (2023) 6.9
Alkhallat+ (2023) Alkhallat+ (2023)ဆော်ဒီနိုင်ငံ နဲ့ Nextflix ပူးပေါင်းမှုရဲ့ပထမဆုံးဇာတ်ကားဖြစ်တဲ့ Alkhallat+ ပါ။ Alkhallat ဆိုတဲ့ series က ဆော်ဒီရဲ့ Youtube မှာနာမည်ရပြီးသားစီးရီးတစ်ခုဖြစ်ပါတယ်။ ၁.၅ဘီလီယံဗျူးတောင် ရထားတယ်ဆိုပါတယ်။။ ဒီ Alkhallat+ ကိုတော့ဇာတ်ကားအဖြစ်ပဲရိုက်ကူးထားပြီး ဟာသဇာတ်လမ်းငယ်လေးတွေ လေးခုနဲ့ဖွဲ့စည်းထားပါတယ်။ IMDb လဲ ၇ ဆိုတော့ပွဲဦးထွက်လှတယ်ပြောရပါမယ် အာရပ်နိုင်ငံတွေဟာ များသောအားဖြင့်သီးသန့်နေကြတဲ့နိုင်ငံတွေပါ။ အမူအကျင့်ဓလေ့စရိုက်တွေကလဲ တခြားအာရှနိုင်ငံတွေနဲ့ တော်တော်ကိုထူးခြားကွဲဲပြားပါတယ်။ ရုပ်ရှင်ရိုက်ကူးမှုတွေကလဲနည်းပါးတော့ အပြင်ကလူတွေအနေနဲ့ အာရပ်ကမ္ဘာကိုသိရဖို့ခက်ခဲပါတယ်။ ဒီဇာတ်လမ်းမှာတော့ အာရပ်ကမ္ဘာရဲ့ပင်မဖြစ်တဲ့ ဆော်ဒီကိုကြည့်ခွင့်ရမှာပါ။ ဆော်ဒီနိုင်ငံသားတွေရဲ့ အကျင့်ပျက်မှုတွေ ကြောင်သူတော်ဆန်မှုတွေကိုလဲ ပါးပါးလေးပုတ်ပြီးပြထားပေမယ့် ဟာသကိုပဲအဓိကဦးတည်တယ်လို့ ဒါရိုက်တာကပြောထားပါတယ်။ဇာတ်လမ်းလေးပုဒ်လုံးမှာတော့ လူတွေဟာဆင်းရဲချမ်းသာမရွေး ကျဥ်းထဲကျပ်ထဲအခြေအနေကိုရောက်သွားရင် အဲဒီအခြေအနေကလွတ်ဖို့ ရရာနည်းလမ်း ရရာလူကိုအသုံးချတတ်တာကို အတည်ပေါက်ကြီးနဲ့အူတတ်စေမယ့် ဆော်ဒီသားတွေက သရုပ်ဆောင်ဖော်ပြထားတာမို့ တမူထူးပြီးကြည့်သင့်တဲ့ dark comedy တစ်ကားပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Mystery Quality…. 1080p | 720p | 480p File size… 1.78GB | 886MB | 186MB Format… ...
movie

Alkhallat+ (2023)

2023
Alkhallat+ (2022)
Alkhallat+ (2022) ဒီဇာတ်ကားကတော့ ကားတစ်ကားထဲမှာပဲ ဟာသဇာတ်လမ်းတို (Short story) ၄ပုဒ်စုထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Coverက horror coverမျိုးနဲ့ဆင်ပေမဲ့ Horrorမဟုတ်ပါဘူး။ Saudi Arabia ပညာပေးcomedyအမျိုးအစားပါ။ ဇာတ်ကားcoverမှာကိုက လှည့်စားထားတာပါ။ဇာတ်လမ်းကျောရိုးကလည်း လှည့်စားမှုအကြောင်းကို ရိုက်ပြထားတာပါ။ အဓိကဇာတ်ဆောင်တွေက ကိုယ့်ရဲ့ပြဿနာတွေကနေရှောင်ဖို့အတွက် အခြားသူတွေကိုလူလည်ကျပြီးလှည့်စားကြတယ်။ နောက်ဆုံးမှာတော့ အလိမ်အညာတွေက မိသွားတယ်။ ဘယ်လိုပဲလူလည်ကျကျ လျို့ဝှက်ချက်ဆိုတာ အချိန်တန်ရင်ပေါ်စမြဲပါပဲ။အထဲမှာပါဝင်တဲ့ ဇာတ်လမ်းတို၄ခုကို hintsအနေနဲ့ ကားတာယာသူခိုးအဖွဲ့၊ ပြန်ပေါင်းထုပ်ပွဲ၊ သူငယ်ချင်းကောင်း ၊ မလည်ရှုပ်သားအဖဆိုပြီး ခေါင်းစဥ်လေးတွေကြိုပေးထားချင်ပါတယ်။ဒီဇာတ်ကားကြည့်ရင်း ရမယ့်အသိတစ်ခုကတော့ ပြဿနာတစ်ခုကြုံလာရင် တည့်တည့်တိုးပြီး​ခေါင်းခံမယ့်အစား ပြဿနာဆီကနေ အရင်ဆုံးရှောင်နိုင်ရှားနိုင်အောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြတ်ထိုးဉာဏ်သုံးပြီး ကြိုးစားကြည့်သင့်တယ်ဆိုတာမျိုး သင်ခန်းစာပေးထားပါတယ်။ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်ရသလို အချိန်ပေးကြည့်တန်မယ့် ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ File size…(2.18GB)  / (929MB) /469MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:58:00 Genre...Comedy / Drama / Mystery Subtitle….Myanmar ...
movie

Alkhallat+ (2022)