Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Abeer Qassim
6.9
Alkhallat+ (2023)
Alkhallat+ (2023)ဆော်ဒီနိုင်ငံ နဲ့ Nextflix ပူးပေါင်းမှုရဲ့ပထမဆုံးဇာတ်ကားဖြစ်တဲ့ Alkhallat+ ပါ။ Alkhallat ဆိုတဲ့ series က ဆော်ဒီရဲ့ Youtube မှာနာမည်ရပြီးသားစီးရီးတစ်ခုဖြစ်ပါတယ်။ ၁.၅ဘီလီယံဗျူးတောင် ရထားတယ်ဆိုပါတယ်။။ ဒီ Alkhallat+ ကိုတော့ဇာတ်ကားအဖြစ်ပဲရိုက်ကူးထားပြီး ဟာသဇာတ်လမ်းငယ်လေးတွေ လေးခုနဲ့ဖွဲ့စည်းထားပါတယ်။ IMDb လဲ ၇ ဆိုတော့ပွဲဦးထွက်လှတယ်ပြောရပါမယ် အာရပ်နိုင်ငံတွေဟာ များသောအားဖြင့်သီးသန့်နေကြတဲ့နိုင်ငံတွေပါ။ အမူအကျင့်ဓလေ့စရိုက်တွေကလဲ တခြားအာရှနိုင်ငံတွေနဲ့ တော်တော်ကိုထူးခြားကွဲဲပြားပါတယ်။ ရုပ်ရှင်ရိုက်ကူးမှုတွေကလဲနည်းပါးတော့ အပြင်ကလူတွေအနေနဲ့ အာရပ်ကမ္ဘာကိုသိရဖို့ခက်ခဲပါတယ်။ ဒီဇာတ်လမ်းမှာတော့ အာရပ်ကမ္ဘာရဲ့ပင်မဖြစ်တဲ့ ဆော်ဒီကိုကြည့်ခွင့်ရမှာပါ။ ဆော်ဒီနိုင်ငံသားတွေရဲ့ အကျင့်ပျက်မှုတွေ ကြောင်သူတော်ဆန်မှုတွေကိုလဲ ပါးပါးလေးပုတ်ပြီးပြထားပေမယ့် ဟာသကိုပဲအဓိကဦးတည်တယ်လို့ ဒါရိုက်တာကပြောထားပါတယ်။ဇာတ်လမ်းလေးပုဒ်လုံးမှာတော့ လူတွေဟာဆင်းရဲချမ်းသာမရွေး ကျဥ်းထဲကျပ်ထဲအခြေအနေကိုရောက်သွားရင် အဲဒီအခြေအနေကလွတ်ဖို့ ရရာနည်းလမ်း ရရာလူကိုအသုံးချတတ်တာကို အတည်ပေါက်ကြီးနဲ့အူတတ်စေမယ့် ဆော်ဒီသားတွေက သရုပ်ဆောင်ဖော်ပြထားတာမို့ တမူထူးပြီးကြည့်သင့်တဲ့ dark comedy တစ်ကားပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Mystery Quality…. 1080p | 720p | 480p File size… 1.78GB | 886MB | 186MB Format… ...
movie
Alkhallat+ (2023)
2023
Alkhallat+ (2022)
ဒီဇာတ်ကားကတော့ ကားတစ်ကားထဲမှာပဲ ဟာသဇာတ်လမ်းတို (Short story) ၄ပုဒ်စုထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Coverက horror coverမျိုးနဲ့ဆင်ပေမဲ့ Horrorမဟုတ်ပါဘူး။ Saudi Arabia ပညာပေးcomedyအမျိုးအစားပါ။ ဇာတ်ကားcoverမှာကိုက လှည့်စားထားတာပါ။ဇာတ်လမ်းကျောရိုးကလည်း လှည့်စားမှုအကြောင်းကို ရိုက်ပြထားတာပါ။ အဓိကဇာတ်ဆောင်တွေက ကိုယ့်ရဲ့ပြဿနာတွေကနေရှောင်ဖို့အတွက် အခြားသူတွေကိုလူလည်ကျပြီးလှည့်စားကြတယ်။ နောက်ဆုံးမှာတော့ အလိမ်အညာတွေက မိသွားတယ်။ ဘယ်လိုပဲလူလည်ကျကျ လျို့ဝှက်ချက်ဆိုတာ အချိန်တန်ရင်ပေါ်စမြဲပါပဲ။အထဲမှာပါဝင်တဲ့ ဇာတ်လမ်းတို၄ခုကို hintsအနေနဲ့ ကားတာယာသူခိုးအဖွဲ့၊ ပြန်ပေါင်းထုပ်ပွဲ၊ သူငယ်ချင်းကောင်း ၊ မလည်ရှုပ်သားအဖဆိုပြီး ခေါင်းစဥ်လေးတွေကြိုပေးထားချင်ပါတယ်။ဒီဇာတ်ကားကြည့်ရင်း ရမယ့်အသိတစ်ခုကတော့ ပြဿနာတစ်ခုကြုံလာရင် တည့်တည့်တိုးပြီးခေါင်းခံမယ့်အစား ပြဿနာဆီကနေ အရင်ဆုံးရှောင်နိုင်ရှားနိုင်အောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြတ်ထိုးဉာဏ်သုံးပြီး ကြိုးစားကြည့်သင့်တယ်ဆိုတာမျိုး သင်ခန်းစာပေးထားပါတယ်။ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်ရသလို အချိန်ပေးကြည့်တန်မယ့် ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ File size…(2.18GB) / (929MB) /469MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:58:00 Genre...Comedy / Drama / Mystery Subtitle….Myanmar ...
movie
Alkhallat+ (2022)