Channel Myanmar

Abigail Hunt

A Tale of Two Guns (2022)
A Tale of Two Guns (2022)  အနောက်တိုင်းကောင်းဘွိုင်ကားတွေကိုကြိုက်တဲ့သူတွေအတွက်၂၀၂၂ တုန်းကထွက်ရှိခဲ့တဲ့ A Tale Of Two Guns ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ကောင်းဘွိုင်ကားတွေထုံးစံအတိုင်း ဘိုင်ဝမ်းသေနတ်ယှဉ်ပစ်တာတွေနဲ့ သေနတ်ပစ်စကေးတွေကိုတစ်၀ကြီးကြည့်ရှုရမှာဖြစ်ပြီး ဇာတ်ညွှန်းကလည်းမဆိုးတဲ့အတွက်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။ဇာတ်ကားအစမှာတော့ ကောင်းဘွိုင်များလို့ခေါ်တဲ့ လူဆိုးအဖွဲ့နဲ့အရာရှိကြီးမက်တိတို့ တိုက်ခိုက်နေတာကိုတွေ့ရမှာဖြစ်ပြီး နှစ်ဖက်လုံးအထိနာခဲ့ကြပြီး လူဆိုးအဖွဲ့ထဲက အေဘယ်ဆိုတဲ့တစ်ယောက်ကလွတ်သွားပါတော့တယ်။အရာရှိကြီးလည်း သူ့ရဲ့ ညာလက်ရုံးကိုဆုံးရှုံးလိုက်ရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတော့တယ်။အဲ့ဒါကြောင့်ညာလက်ရုံးအသစ် လိုအပ်နေတဲ့အရာရှိကြီးဆီကို ဟိုလင်ဂျာဆိုတဲ့လူတစ်ယောက်ရောက်ရှိလာပါတော့တယ်။  သူကလည်းရာဇဝတ်သားတွေကို နှိမ်နင်းရာမှာအရမ်းနာမည်ကြီးတဲ့ အရာရှိတစ်ယောက်ဖြစ်ပါတယ်။ဟိုလင်ဂျာရဲ့ အရည်အချင်းအစစ်အမှန်တွေကို အရာရှိကြီးတွေ့ပြီးနောက်မှာတော့ လွတ်မြောက်သွားတဲ့အေဘယ်ဆိုတဲ့ ၀ရမ်းပြေးကိုလိုက်လံဖမ်းဆီးဖို့ယုံယုံကြည်ကြည်တာဝန်ပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ ဟိုလင်ဂျာတစ်ယောက်အေဘယ်ကိုဘယ်လိုလိုက်ဖမ်းမလဲ လမ်းမှာရောဘယ်လို အခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ နောက်ဆုံးမှာရောဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…1.30 GB / 618 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 31m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

A Tale of Two Guns (2022)