Channel Myanmar

Adam Hampton

Out of Exile (2023)
Out of Exile (2023) သင်ဟာ ရာဇဝတ်သားတစ်ယောက်ဖြစ်ပြီး ‘ဒီအလုပ်က နောက်ဆုံးပဲကွာ.. ဒါပြီးရင် တရားမဝင်အလုပ်တွေ မလုပ်တော့ဘူး’လို့ တွေးမိရင် ချက်ချင်း ခေါက်ထားလိုက်ပါတော့.. ဘယ်လောက်ကြိုးစားကြိုးစား အရာထင်မှာမဟုတ်ပါဘူး.. အပူပိုင်းဒေသကမ်းခြေလေးတစ်ခုမှာ ကော့တေးလေးသောက်ရင်း ဇိမ်ကျကျနေနိုင်မှာမဟုတ်ဘူး.. သက်တမ်းကြာနေပြီဖြစ်တဲ့ အကြွေးတွေကို ရှင်းနိုင်မှာမဟုတ်ဘူး.. သင်မျှော်လင့်ထားတဲ့ သက်တောင့်သက်သာ အိမ်မက်တွေလဲ ဖြစ်လာမှာမဟုတ်ဘူး.. နောက်ဆုံးတစ်ခါပါပဲဆိုပြီး သင်ကြိုးစားလဲ သင်နဲ့ သင်တန်ဖိုးထားရတဲ့ အရာတွေတွေအတွက် အဆိုးဆုံးအခြေအနေနဲ့သာ အဆုံးသတ်သွားနိုင်ပါတယ်.. ဒါကို နားမလည်သေးဘူးဆိုရင်.. Ouf of Exile က သင့်အတွက်ရှိနေပါတယ်.. ထောင်ဒဏ်၁၆နှစ် ကျခံရပြီးတော့ ခံဝန်နဲ့ လွတ်လာတဲ့ ရက်ဆဲဟာ သူ့ကို စိမ်းကားနေတဲ့ သမီးဖြစ်သူနဲ့အတူ အေးအေးဆေးဆေးနေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဘဏ်ငွေသယ်တဲ့ကားကို ဓားပြတိုက်ဖို့ လုပ်ပါတယ်.. ဒါပေမယ့် ကိစ္စက ထင်သလို မချောမွေ့ပဲ ဘဏ်အစောင့်ကို သတ်မိလိုက်တဲ့အတွက် FBIက ဓားပြတွေကို စုံစမ်းရှာဖွေဖို့ကြိုးစားလာတယ်.. ရက်ဆဲရဲ့ အလုပ်ရှင်ဖြစ်တဲ့ ...
movie

Out of Exile (2023)

The Jurassic Games 3.8
The Jurassic Games Dead Race ဆိုတဲ့ထောင်ထဲမှာတသက်တစ်ကျွန်းကျခံထားရတဲ့ထောင်သားတွေတစ်ယောက်ကိုတစ်ယောက်သတ်ပြီးတော့ ကားပြိုင်ရတဲ့ရုပ်ရှင်တွေကိုလူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ...နောက်ဆုံးနိုင်တဲ့လူတစ်ယောက်တည်းကသာလွတ်ငြိမ်းချမ်းသာခွင့်ကိုရရှိစေတဲ့အခွင့်ရေးပါ...အခုမိတ်ဆက်ပေးမယ့်ကားကလည်း ဒီလိုပါပဲ.....သေဒဏ်ကျခံထားရတဲ့အကျဉ်းသား ၁၀ ယောက်ကိုဂိမ်းတစ်ခုကစားစေပြီး နောက်ဆုံးကျန်ခဲ့တစ်ယောက်ကသာလွတ်ငြိမ်းချမ်းသာခွင့်ရရှိစေမှာပါ....သူတို့ဟာ အမြင်အာရုံနဲ့သာမြင်ရတဲ့ ကိရိယာတွေတပ်ဆင်ပြီးဂိမ်းကစားရမှာဖြစ်ပါတယ်....ဒါကြောင့် သူတို့ခန္ဓာကိုယ်တွေက အပြင်လက်ရှိမှာအိပ်ပျော်နေမှာဖြစ်ပြီးတော့သူတို့ရဲ့ တခြားကိုယ်ခန္ဓာတွေကတော့ ဂိမ်းထဲမှာရှိနေမှာဖြစ်ပါတယ်...ဂိမ်းထဲမှာသေသွားရင်တော့ အပြင်မှာလည်းတကယ်သေသွားပါတယ်...ဒါကလည်း ဒီဂိမ်းအပေါ်တီထွင်ထားတဲ့ ကိရိယာတွေရဲ့ထူးခြားချက်ပါ...နောက်ပြီး ဂိမ်းထဲကနေထွက်ပြေးလို့မရပါဘူး...Dead Race မှာထွက်ပြေးရင်နောက်က အပူချိန်ကိုခြေရာခံပြီးလိုက်သတ်တဲ့ဒုံးကျည်တွေရှိသလို ဒီဂိမ်းမှာလည်းထွက်ပြေးတဲ့လူ မပြိုင်ချင်တော့တဲ့လူရှိရင်သူတို့လည်ပင်းမှာတပ်ထားတဲ့ လည်ပတ်တွေကတဆင့်သူတို့ခေါင်းကိုကြေမွအောင်ဖောက်ခွဲဖြစ်သွားမှာဖြစ်ပါတယ်...ပြိုင်ပွဲကို အဆင့်လေးဆင့်နဲ့ကန့်သတ်ထားပါတယ်...နောက်ဆုံးအဆင့်ကိုရောက်တဲ့လူတစ်ယောက်တည်းကသာလွတ်ငြိမ်းချမ်းသာခွင့်ကိုရရှိမှာဖြစ်ပါတယ်...ဒီကစားပွဲမှာ ဘာကိုမှမကန့်သတ်ထားပါဘူး....ဆိုလိုချင်တာက အချင်းချင်းလည်း ပြန်သတ်လို့ရပါတယ်...နောက်ပြီး Dead Race နဲ့မတူတော့တဲ့အချက်ကတော့ဒီဂိမ်းဟာ ဒိုင်နိုဆောတွေကိုအခြေခံပြီးလုပ်ထားတဲ့ ဂိမ်းဖြစ်တာကြောင့်သေချာပေါက် ဒိုင်နိုဆောတွေနဲ့တခြားလူသားစားသားရဲကြီးတွေရဲ့ရန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်....ဒီတော့လွတ်လမ်းရှိပါ့မလား.....တစ်ယောက်တည်းကျန်ခဲ့မယ်ဆိုတာကော ဖြစ်နိုင်ပါ့မလား...ဒါပေမယ့် ဒီတိုင်းနေလည်း ဆေးထိုးသတ်ခံရမယ့် ဒီအကျဉ်းသား ၄ ယောက်ကတော့ဒီဂိမ်းရဲ့စိန်ခေါ်သံတွေကို တစ်ကမ္ဘာလုံးတိုက်ရိုက်ကြည့်ရှု့နေတဲ့ထုတ်လွှင့်မှု့ကနေ ဒီဂိမ်းကိုကစားတော့မှာပါ...ကဲ သင်တို့လည်း ဒီဂိမ်းကိုကြည့်ဖို့အဆင်သင့်ဖြစ်ပြီလား......File Size : (843 MB) and (338MB) Quality : WEB-DL 1080p Running Time : 1hr 26min Format : Mp4 Genre : Sci-Fi , Thriller Subtitle : ...
movie

The Jurassic Games

2018