Channel Myanmar

Adam Scott

The Disaster Artist (2017) 7.4
The Disaster Artist (2017) The Disaster Artist (2017) IMDb - 7.4/10_____Rotten - 91% နိုင်ငံတိုင်းမှာ ရုပ်ရှင်လောကတိုင်းမှာ ပေါကားဆိုတာရှိစမြဲပါ။ပေါတဲ့ခံယူချက်ကတော့ တူကြမှာမဟုတ်ပါဘူး။သရုပ်ဆောင်မကောင်းလို့၊ ဇာတ်အိမ်မကောင်းလို့၊ ကိုယ့်အနုပညာကို ပရိသတ်မြင်လာအောင်မချပြနိုင်လို့ပေါကားဖြစ်သွားကြတာတွေရှိသလို သူများနဲ့မတူအောင် ရိုက်ရာကနေ ပေါသွားတာမျိုး၊ ပိုက်ဆံရရင်ပြီးရော ပရိသတ်ကိုနားလည်ပါးရိုက်လုပ်နေတဲ့ ပေါကားတွေလဲ ဒုနဲ့ဒေးပါပဲ။ဒီ Disaster Artist ဆိုတဲ့ရုပ်ရှင်ကားကတော့၂၀၀၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်၊ အပေါဆုံးရုပ်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်တွေရယူထားနိုင်တဲ့ The Room ဇာတ်ကားရဲ့ပဲ့ကိုင်ရှင် Tommy Wiseau အကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ဘယ်ကလာတယ်၊ အသက်ဘယ်နှနှစ်လဲ၊ ဘယ်မှာမွေးတာလဲ၊ ပိုက်ဆံတွေဘယ်လိုရလာသလဲဆိုတဲ့ နောက်ကြောင်းရာဇဝင် ဘာဆိုဘာမှမသိရတဲ့ Tommy Wiseau နဲ့ သရုပ်ဆောင်ဖြစ်ရရင်၊ အောင်မြင်ရရင် ကျေနပ်ပါပြီဆိုတဲ့ Greg။သူတို့နှစ်ယောက် လော့အိန်ဂျလိစ်ရဲ့လမ်းမထက်မှာ အိပ်မက်ကိုယ်စီမက်ခဲ့ကြတယ်။တစ်ယောက်ကိုတစ်ယောက် အားပေးဖို့၊ ကိုယ့်အိပ်မက်ကို ဘယ်တော့မှလက်မလျှော့ဖို့ ကတိပေးခဲ့ကြတယ်။ဟောလိဝုဒ်မှာ နေရာတစ်နေရာရလာဖို့ အမျိုးစုံကြိုးစားခဲ့ပေမယ့် ဟောလိဝုဒ်က သူတို့ကိုငြင်းပယ်လာတဲ့အခါ.....သူတို့နှစ်ယောက်မှာ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်တစ်ကားဖြစ်လာဖို့ ကမ္ဘာ့အကောင်းဆုံးအကြံတစ်ခုထွက်လာကြပါတယ်။အဲ့ဒါကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ...
movie

The Disaster Artist (2017)

2017
Krampus: The Reckoning (2015) 2.4
Krampus: The Reckoning (2015) Krampus: The Reckoning (2015)_____IMDb - 2.4/10   Krampus ရဲ့ အကြောင်းပြောရမယ်ဆိုရင်တော့ အများစုကယုံကြည်ကြတဲ့ krampus ဟာ ရှေးဟောင်းမိစ္ဆာတစ်ကောင်ဖြစ်ပြီး ခရစ်စမတ်ချိန်ခါမှာ ပွဲတော်ကျင်းပလိုစိတ်မရှိတဲ့ လူ သို့မဟုတ် မိသားစုတွေကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ စိတ်ဝမ်းကွဲကာအချင်းချင်းသတ်ဖြတ်ချင်စိတ်ပေါ်အောင်သွေးထိုးပေးသူလည်းဖြစ်တယ်ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ဇိုဝီဆိုတဲ့ ထူးဆန်းတဲ့ကလေးမလေးမှာ krampus ဆိုတဲ့စိတ်ကူးယဉ်မိတ်ဆွေတစ်ယောက်ရှိတယ် Krampus ဆိုတာကြင်နာတတ်တဲ့ st nicholas ရဲ့  အမှောင်ခြမ်းသို့မဟုတ် မိစ္ဆာစိတ်ဖြစ်တယ် ခရစ်စမတ်အချိန်ခါမှာ krampus ဟာလွတ်မြောက်လာပြီးတော့  မြို့ငယ်လေးထဲမှာရှိတဲ့ရိုင်းစိုင်းသူအချို့ကိုပြစ်ဒဏ်ပေးလေ့ရှိတယ် Krampus ရဲ့ပြစ်ဒဏ်ပေးမှုကနေဘယ်သူမှမလွတ်မြောက်နိုင်တဲ့အပြင်သူ့ရဲ့  နှိပ်စက်မှုကိုလည်းခံရပြီး ငရဲရဲ့အနက်ရှိုင်းဆုံးနေရာကိုပါခေါ်ဆောင်သွားခြင်းကိုခံကြရတယ် ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကို ဇာတ်ကား ဆက်လက်ကြည့်ရှုကြပါအုံး  ဇာတ်လမ်းအညွှန်းရေးသူကတော့ "Moe Oo Mann" ပဲဖြစ်ပါတယ်     File Size : 700 MB Quality : HD 720P Format : mp4 Subtitle : Myanmar Subtitle(Hardsub) Duration : 01:30:00 Encoder ...
movie

Krampus: The Reckoning (2015)

2015