Channel Myanmar

Adam Shaw

The Last Voyage of the Demeter (2023) 6.4
The Last Voyage of the Demeter (2023) The Last Voyage of the Demeter (2023) ============================= IMDb Rating - 6.4/10ရှေးခေတ် ဟော်ရာရုပ်ရှင်ကောင်းကောင်းတစ်ခုလာပါပြီ။ တကယ်တော့ ဒရက်ကူလာ ဇာတ်ကြောင်းတွေကို စိတ်ဝင်စားတဲ့သူဆိုရင်နာမည်ကြားတာနဲ့ မှတ်မိမှာပါပဲ။ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကြီးထဲမှာပါတဲ့ ဒမီတာဆိုတဲ့ လှေပါပဲ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒမီတာရဲ့ နောက်ဆုံးပင်လယ်ခရီးရှည် အကြောင်းပါပဲ။ ဒါရိုက်တာကတော့ André Øvredal ပါ။ သူက လူကြိုက် များခဲ့တဲ့ The Autopsy of Jane Doe နဲ့ Troll Hunter ကို ရိုက်ခဲ့တဲ့သူပါ။အခုလည်း The Autopsy of Jane Doe စတိုင်ပဲ ဘယ်ကိုမှ ပြေးလို့လွှားလို့ မရတဲ့ အလုံပိတ်နေရာတစ်ခုထဲက မိစ္ဆာတစ်ကောင်ကို ဇာတ်လမ်းတည်ပြီး ရိုက်ကူးထားတာပါ။ မာလိမ်မှူး အဲလိယက်အဖြစ် Game of Thrones ထဲက ဆာဒါးဗို့စ်ဖြစ်တဲ့ Liam Cunningham က သရုပ်ဆောင်ထားပြီး၊ အန်နာအဖြစ် Game of Thrones ...
movie

The Last Voyage of the Demeter (2023)

2023
4K HEVC
The Death of Stalin(2017) 7.2
The Death of Stalin(2017) The Death of Stalin(2017)IMDb....7.2,,,Rotten......96%စစ်အာဏာရှင်ဆိုပြီး စတာလင်ကို မသိတဲ့သူ ခပ်ရှားရှားပါပဲ...သူ့ရဲ့ အကြောင်းတွေဟာ   သမိုင်းစာမျက်နှာရဲ့ဆိုးယုတ်မှုဆိုတဲ့ခေါငး်စဉ်အောက်မှာ အမြဲနေရာယူထားလေ့ရှိတယ်...လူသန်းပေါင်း (၂၀)ခန့်ကို သတ်ခဲ့တဲ့သူ..သတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကလည်းသူ့အတ္တနဲ့ သူ့မာနတွေကြောင့်က ခပ်များများ.....ဒီလို အာဏာရှင်ကို လူတိုင်းက သေချင်နေကြနေကြတယ်....ဒီဇာတ်ကားကတော့ စတာလင်ရုတ်တရက်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေကရောဘယ်လိုတွေတုန့်ပြန်ကြလဲ...ဘယ်လိုတွေရှေ့ဆက်ကြလဲ....ဒါတွေအားလုံးကို ဟာသလေးနှောပြီး ပြောင်မြောက်စွာပုံဖော်ထားတယ်...ဟာသနှောတယ်ဆိုပြီး ဒီကားကရဲ့ ပုံစံကိုတစ်မျိုးမထင်လိုက်နဲ့ဦး...အကုန်လုံးက ပညာသားပါပါနဲ့ လှလှပပလေးထိုးနှက်သွားတာ..မူရင်းပုံစံတွေနဲ့ အနှစ်သာရလည်းမပျောက်ပျက်အောင်သမိုင်းကြောင်းကိုလည်း သွေဖီမသွားအောင် အားလုံးကိုအပြောင်မြောက်ဆုံးတင်ဆက်ထားတယ်...ဒါကြောင့်လည်း  ဆုပေါင်း(၁၈)ဆု အခြားဆုများအတွက် ဆန်ကာတင်(၃၂)ဆုရွေးချယ်ခံရသလိုRating တွေအနေနဲ့လည်းအမြင့်ဆုံးကိုရရှိထားတယ်...ကိုင်း နိုင်ငံရေးကိုလည်း လေ့လာဖြစ် ဟာသလေးတွေလည်း သဘောကျတဲ့အဖြစ်ကိုရောက်ရှိစေမယ့် ကားဆိုတော့ကြည့်လိုက်ကြပါဦးဗျို့....File Size : (992 MB) and (396 MB) Quality : Blu-Ray 720p Format…mp4 Duration…01:47:00 Genre :  Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie

The Death of Stalin(2017)

2017
RED 2 (2013) 6.6
RED 2 (2013) RED 2 (2013) IMDb - 6.6/10_____Rotten - 44%    ဒီတစ်ခါတော့ RED 1 ရဲ့အဆက် RED 2 ဆိုတဲ့အက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ပထမဇာတ်ကားထဲမှာလိုပဲ အချစ်နဲ့ အက်ရှင်ကိုခပ်မြူးမြူးလေး ပေါင်းစပ်ရိုက်ကူးထားတာပါ ပထမကားကိုကြည့်ထားပြီးတဲ့ပရိသတ်တွေကိုအေးဂျင့်ဟောင်းကြီးဖရန့်ခ်နဲ့ ဆာရာတို့ရဲ့ အချစ်ဇာတ်လမ်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးဖို့မလိုတော့ဘူးထင်ပါတယ် ဖရန့်ခ်ကသူ့ကောင်မလေးကို အရမ်းချစ်ပြီး ဘာမှမဖြစ်စေရအောင်သူပဲ ကာကွယ်ပေးချင်နေပါတယ် ဆာရာကလဲ အဲလိုကာကွယ်ခံရတဲ့ဘဝကိုငြီးငွေ့နေပြီး သူ့ချစ်သူအရိပ်အောက်ကလွတ်ဖိ မာဗင်ရဲ့အကူအညီယူပြီး ကြိုးစားပါတော့တယ် အေးဂျင့်တွေရဲ့ အလုပ်ကိုဘာမှသေချာနားမလည်တဲ့ ဆာရာတစ်ယောက် ဘယ်လိုအလွဲတွေလုပ်မလဲဆိုတာ ဟာသရှုထောင့်ကနေ ထင်သာမြင်သာရိုက်ပြထားပါတယ် ဒါ့အပြင် ဒီကားထဲမှာ ထပ်ထူးခြားတာကတော့နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုရီးယားမင်းသား လီဗြောင်ဟွန်း ပါဝင်သရုပ်ဆောင်ထားပါတယ် ထုံးစံအတိုင်း သူ့ရဲ့ အလန်းစားတိုက်ကွက်တွေကိုဖရန့်ခ်တို့ RED အုပ်စုရဲ့ ပစ်ခန်းခတ်ခန်းအက်ရှင်ပြကွက်တွေနဲ့အတူပေါင်းစပ်လိုက်တဲ့အခါ တကယ့်ကိုစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတစ်ခုဖြစ်လာတာပါ ဖရန့်ခ်တို့ ဘာပြသနာတွေရင်ဆိုင်ရမလဲ ဘယ်လိုတွေဖြေရှင်းကြလဲ အောင်မြင်ပါ့မလား ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဇိမ်ပြေနပြေနဲ့ ကြည့်ရှုခံစားကြပါဦးလို. ဇာတ်လမ်းဇာတ်အိမ်ရော ရိုက်ကွက်တွေရောရိုးမသွားစေရဘဲ ပထမဇာတ်ကားနဲ့ အပြတ်အသတ်ယှဉ်နိုင်တဲ့ဇာတ်ကားဆိုတာ ကြည့်လိုက်တာနဲ့ ပြောစရာမလိုအောင်သိနိုင်တယ်ဆိုတာ အာမခံပါတယ်ဗျာ အက်ရှင်ကြိုက်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ တကယ့်ကို ပြောင်မြောက်တဲ့အက်ရှင်ကားတစ်ကားဆိုတာလဲ ညွှန်းပေးပါရစေနော်   (ဘာသာပြန်သူ ကတော့ မေသရဖီလွင် ပါ )    File Size : (850 MB) Quality : ...
movie

RED 2 (2013)

2013