Channel Myanmar

Adarsh Gourav

Kho Gaye Hum Kahan (2023) 8.8
Kho Gaye Hum Kahan (2023) Kho Gaye Hum Kahan (2023)"ဘယ်မှာလမ်းတွေပျောက်ခဲ့" ============================================= မင်းသမီးချောလေး အာနန်ယာပန်ဒေး၊ The White Tiger ထဲက မင်းသား ဂေါ်ရပ်ဗ်နဲ့ Gully Boy ထဲက MC Shaah နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ချာတူရ်ဗေဒီတို့ရဲ့ ရုပ်ရှင်သစ်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အဟာနာ၊ အီမာ့ဒ်နဲ့ နီးလ်ဆိုတဲ့ စရိုက်မတူ၊ အလုပ်အကိုင်မတူကြတဲ့ ငယ်သူငယ်ချင်းသုံးယောက်ဟာ မွမ်ဘိုင်းမြို့ကြီးမှာ တိုက်ခန်းတစ်ခုငှားကာ အတူနေကြပါတယ်။ဒီလို နေကြရင်း အသက် ၂၀ ကျော်ဝန်းကျင် လူငယ်တွေဘာသာဘာဝ ရည်ရွယ်ချက်တွေဝိုးတဝါးဖြစ်ကာ အနိမ့်အမြင့်အတက်ကျပေါင်းစုံကို အတူတူဖြတ်ကျော်ကြပုံတွေကို ပေါ့ပေါ့ပါးပါးဖြစ်အောင်တင်ဆက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကားလေးပါပဲ။ဇာတ်လမ်းက ရိုးရှင်းတယ်လို့ထင်ရပေမဲ့ တင်ဆက်ထားပုံလေးက ထူးခြားတဲ့အပြင် cast တွေကလည်း ရှယ်တွေဖြစ်တာကြောင့် အချိန်ပေးရကျိုးနပ်တဲ့ ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ရေးသားသူတွေကတော့ Yunni ~ V ~ ToMo ~ Alex ~ KKKZ နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။)( ...
movie

Kho Gaye Hum Kahan (2023)

2023
My Name Is Khan (2010) 7.9
My Name Is Khan (2010) IMDb Rating (7.9) / Rotten Tomatoes (83%)မင်းသားရှရွတ်ခန်းနဲ့ မင်းသမီးကာဂျိုးတို့တွဲရိုက်လိုက်တိုင်း နာမည်ကြီးနေကျဆိုသလို ဒီဇာတ်ကားကလဲ ကမ္ဘာ့အလည်မှာ နာမည်ရခဲ့တဲ့ Bollywood ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ရှရွတ်ခန်းဟာ ဒီဇာတ်ကားမှာ Asperger's syndrome ရောဂါဝေဒနာရနေတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး သူ့ရဲ့သရုပ်ဆောင်မှုတွေက ပြောစရာမရှိအောင် ပြည့်စုံခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့....Khan ဟာ Asperger's syndrome  လူမှုဆက်ဆံရေးချွတ်ချော်တဲ့ရောဂါလို ဂေါက်တောက်တောက်ပုံစံဖြစ်နေတာမလို့ သူ့ညီဖြစ်သူက သူ့ကိုဆို မကြည်ဖြူပေမယ့် မိဘတွေကတော့ သူ့ကိုအချစ်ပိုကြပါတယ်။ဒီလိုနဲ့သူ့မိဘတွေဆုံးတော့ Khan တစ်ယောက် အိန္ဒိယကနေ သူ့ညီရှိရာ အမေရိကကိုပဲ  လိုက်ပါသွားဖို့ ဖြစ်လာပါတော့တယ်။Spoiler Alert....(ဇာတ်ကားကြည့်မည့်သူများ အောက်ကစာကိုမဖတ်ဘဲ ကြည့်သင့်ပါတယ်။)သူဟာ သူ့ညီကုမ္ပဏီက အလှပြင်ပစ္စည်းတွေ ရောင်းချပေးနေရင်း Mandira နဲ့ တွေ့ဆုံမိပြီး  မြင်မြင်ချင်းသဘောကျသွားပါတော့တယ်။ Mandira ဟာ အလှပြင်ဆိုင်မှာလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့မှာ သားတစ်ယောက်ရှိပါတယ်။ သူ့ယောကျာ်းနဲ့တော့ ကွဲနေပါတယ်။ သူမဟာ မကြာခင် အိမ်ပြောင်းဖို့ရှိနေပြီး ကိုယ်ပိုင်အလှပြင်ဆိုင်လေးတစ်ခုဖွင့်ဖို့ ...
movie

My Name Is Khan (2010)

4K HEVC
The White Tiger 2021 7.2
The White Tiger 2021 Netflix ရဲ့ ရုပ်ရှင်အသစ်လေး ခံစားကြည့်ရအောင်။ မင်းသား မင်းသမီးတွေက နာမည်ကြီးတွေလို့တော့ ပြောကြတယ်ဗျ။ ကျွန်တော်ကတော့ အကြည့်နည်းလို့ သိပ်မသိဘူး။ ဒါပေမယ့် ဇာတ်လမ်းအကြောင်းကိုပဲ ပြောရအောင်။ သိပ်ကောင်းပါတယ်။ အိန္ဒိယရဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်က တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင်နဲ့ တွေ့ခွင့်ရဖို့ သူ့ဘဝဇာတ်ကြောင်းကို အီးမေးလ် ပို့ရာကနေ စတာပေါ့ဗျာ။ အိန္ဒိယနိုင်ငံမှာ ဇာတ်နိမ့်တွေ ဇာတ်မြင့်တွေ အမျိုး ၁၀၀၀ လောက် ရှိခဲ့ပေမယ့် တကယ်တော့ ဇာတ် ၂ မျိုးပဲ ရှိပါတယ်။ ဗိုက်ပူနေတဲ့သူနဲ့ ဗိုက်ပိန်နေတဲ့သူပေါ့။ သခင် နဲ့ အစေခံပေါ့။ အိန္ဒိယနိုင်ငံရဲ့ လူတန်းစား ကွာခြားမှုအမြင်တွေ ရုန်းကန်မှုတွေ အကြောင်း ကောင်းကောင်းကြီး ပုံဖော်ထားတာပါပဲ။ ဇာတ်လိုက်ရဲ့ ဥပမာကတော့ သူတို့လို အစေခံ လူတန်းစားတွေကို ကြက်လှောင်အိမ်ထဲက ကြက်တွေနဲ့ နှိုင်းယှဉ်ပြထားတယ်ဗျာ။ ကြက်လှောင်အိမ်ထဲက ကြက်တွေဟာ သူတို့ရှေ့မှာ ကြက်တွေကို သတ်နေတာတွေ မြင်ရတယ် သွေးနံ့တွေရတယ်။ ဒါပေမယ့် လှောင်အိမ်ထဲက ထွက်ဖို့ မကြိုးစားကြဘူး။ အစေခံတွေအားလုံးဟာလည်း ဒီလိုလူတွေပဲလို့ ဆိုထားတယ်။ ဒီဇာတ်လမ်းကတော့ ကြက်လှောင်အိမ်ထဲကနေ ထွက်ဖို့ ကြိုးစားခဲ့တဲ့ ကြက်တစ်ကောင်အကြောင်းပေါ့ဗျာ။ အားလုံးကြိုက်ကြမှာပါ။ File size…(1.7 GB) and (900 MB) Quality…Blu-Ray ...
movie

The White Tiger 2021