Channel Myanmar

Addie Weyrich

[18+] Slashening: The Final Beginning (2021)
[18+] Slashening: The Final Beginning (2021) ဒီရုပ်ရှင်ကတော့ 2015 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Slashening ရဲ့ အဆက်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့လောင်းအိုင်လန်သတ်ဖြတ်မှုကြီးဖြစ်အပြီး ငါးနှစ်အကြာမှာတော့ မက်ဒီဆင်ဟာ ဘရွတ်ကလင်းကိုပြောင်းလာခဲ့ပါတယ်။ ဖခင်ဖြစ်သူကလည်း သူ့ကိုယ်သူသ-တ်သေသွားခဲ့တာမလို့ စိတ်အကြံပေးစကားဝိုင်းကိုသွားတက်ရင်း အစီအစဉ်မှူးက လောင်းအိုင်လန်သတ်ဖြတ်မှုကြီးမှာ ရှင်ကျန်ခဲ့တဲ့ ပတ်ဖြစ်နေပါတယ်။ဒီလိုနဲ့ တစ်နေ့ထပ် တစ်နေ့ဆွေးနွေးပွဲကို လာတဲ့လူတွေနည်းနည်းလာခဲ့ပြီး ကောင်မလေးနှစ်ယောက်လည်း အသတ်ခံလိုက်ရတဲ့အခါ ...Low budget ကားဖြစ်တာမလို့ လိုအပ်ချက်တချို့ရှိပေမဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုဖို့တော့အဆင်ပြေတဲ့ ဟော်ရာကားလေး တစ်ကားဖြစ်ပါတယ်။သွေးထွက်သံယိုပြကွက်တွေ၊ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူးဗျ။File size…(1.5 GB)/(665 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:20:00 Genre...Comedy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT
movie

[18+] Slashening: The Final Beginning (2021)

Mack & Rita (2022) 5
Mack & Rita (2022) Mack & Rita ( 2022 )" ကျောက်တိုင်း အပြစ်ကလေးတော့ ရှိတယ်။ လူတိုင်း ချို့ယွင်းချက်ရှိမယ်။ သဘာဝရဲ့သဘောတရားတစ်ခုပါပဲ။ "စိုင်းခမ်းလိတ် သီချင်းစာသားလေးလိုပဲ လူတိုင်းက ခြောက်ပြစ်ကင်းနေမကြဘူး။ ဒီလိုပဲ နေလာရင်းနဲ့ တစ်ဖက်သားအလိုနဲ့ ကိုယ့်ဖြစ်တည်မှုက လွဲချော်နေတဲ့အခါတွေမှာ ကိုယ့်ဖြစ်တည်မှုကိုယ်စိတ်တိုင်းမကျဖြစ် သိမ်ငယ်ရတဲ့အဖြစ်မျိုးတွေ လူတိုင်းနဲံမကင်းတတ်ပါဘူး။ လူတွေဟာ ဒီလိုပဲလို့ သိထားလည်း လက်တွေ့ကျင့်သုံးဖို့ မလွယ်တတ်တဲ့ အခြင်းအရာပေါ့။ ဒီရုပ်ရှင်က ဒီအခြေအနေနဲ့ကြုံနေရတဲ့ အသက်၃၀ကောင်မလေးတစ်ယောက်အကြောင်းပါပဲ။ သူက အသက်တော့၃၀ ဒါပေမဲ့ အကြိုုက်တွေ နေပုံထိုင်ပုံတွေက အဘွားကြီးဆန်တယ်။ သူ့ဘဝမှာဘာဖြစ်လဲဆို သူ့အဘွားလိုဖြစ်ချင်တယ်ပဲပြောတတ်တယ်။ သို့ပေမဲ့ သူငယ်ချင်းတွေကြား လူပေါင်းဆံ့အောင် သူ့ကိုယ်သူဖုံးကွယ်ထားခဲ့တာပေါ့။ တစ်နေ့ကျ ထူးခြားစွာနဲ့ပဲ သူအဘွားကြီး တကယ်ဖြစ်သွားခဲ့တယ်။ အဲဒီကနေမှ သူတကယ်ဖြစ်ချင်တာက အသက်ကြီးတာလား သူ့ဖြစ်တည်မှုအတိုင်းသူနေချင်တာလားဆိုတာကို သူပြန်အဖြေရှာရတဲ့ ဇာတ်လမ်းပေါ့။မင်းသမီးကတော့ ဝူဒီအယ်လန်ရဲ့ Annie Hallတို့ မန်ဟက်တန်တို့ နောက် ဂေါ့ဖားသားလိုကားမျိုးတွေမှာ သရုပ်ဆောင်ဖူးပြီး အော်စကာပွဲကိန်းပွဲလို ...
movie

Mack & Rita (2022)

Crush (2022) 6.3
Crush (2022) Crush (2022) အညွှန်း ဒီကားလေးကတော့ Hulu က ပြသသွားပြီး ပေ့ါပေ့ါပါးပါး ကြည့်ရမဲ့ ဇာတ်ကားလေးပါ။ လိင်တူ စိတ်ဝင်စားတဲ့ ဆယ်ကျော်သက်လူငယ်လေးတွေ အကြောင်းကို အထက်တန်းကျောင်းလေးတစ်ခုမှာ အမှီပြုပြီး ရိုက်ထားတာဖြစ်ပါတယ်။Crush ဆိုတဲ့ နာမည်လေးအတိုင်း တစ်ဖက်သတ် အချစ်ဇာတ်လမ်းလေးနဲ့ စတင်ခဲ့ပါတယ်။ ပေ့ချ် ဆိုတဲ့ ကောင်မလေးက လိင်တူ စိတ်ဝင်စားတဲ့ Lesbian လေးပါ။ သူ တက်နေတဲ့ ကျောင်းမှာလည်း 60 % လောက်က gay, lesbian, bisexual တွေချည်းပါပဲ။ ပေ့ချ်က ပန်းချီ အနုပညာကို နှစ်သက်ပြီး ကျွမ်းကျင်တဲ့ ကျောင်းသူလေးပေါ့။ သူ့ အိပ်မက် ကျောင်းဖြစ်တဲ့ CalArts မှာ နွေရာသီ ပရိုဂရမ် ဝင်ခွင့်လျှောက်တဲ့အချိန်မှာ ကျောင်းက သူ့ကို "အပျော်ဆုံး အခိုက်အတန့်" နဲ့ပတ်သက်ပြီး ဖန်တီးထားတဲ့ အနုပညာလက်ရာကို တောင်းတယ်။ပေ့ချ်တစ်ယောက် သူ့ဘဝရဲ့ ...
movie

Crush (2022)

2022