Channel Myanmar

Addy Miller

The Secret Life of Bees (2008) 7.2
The Secret Life of Bees (2008)    လီလီဆိုတဲ့ကောင်မလေးက သူမအရမ်းငယ်သေးတဲ့အချိန်မှာလုပ်မိတဲ့မတော်တဆမှုတစ်ခုကြောင့် အမေဖြစ်သူဆုံးပါးသွားခဲ့ပါတယ်။ အဖေဖြစ်သူနဲ့လည်းမတည့်တဲ့မိန်းမငယ်လေး လီလီဟာ အဖေဖြစ်သူဆီကနေ အမေ့အကြောင်းတွေမေးပေမယ့် အဖေဖြစ်သူကမပြောပြတာမို့ လူမည်းအိမ်အကူအမျိုးသမီးတစ်ယောက်နဲ့အိမ်ကနေထွက်ပြေးလာပြီး အမေ့အကြောင်းရှာပုံတော်ဖွင့်ပါတော့တယ်.....ဒီဇာတ်လမ်းကလေးဟာ 1900 ခုနစ်တွေမှာ လူဖြူလူမည်းလူတန်းစားခွဲခြားမှုတွေ လူမည်းတွေမတရားခံရမှုတွေကို မြင်တွေ့ရပြီး ဘဝရဲ့လောကဓံရိုက်ချက်တွေကို ပြသထားတာမို့ အများကြီးညွှန်းစရာမလိုဘဲ ကြည့်ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲရှင်............ File size…(1.6 GB)/(790 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:54:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie

The Secret Life of Bees (2008)

Dark Places (2015) 6.2
Dark Places (2015) Dark Places (2015)==============IMDb Rating - 6.2/10လျှို့ဝှက်ဆန်းကျယ်မှုခင်း ရုပ်ရှင်သဘောကျတတ်တဲ့ ပရိတ်သတ်တွေအတွက် နာမည်ကြီး Gone Girl (2014) ရဲ့စာရေးဆရာ Gillian Flynn ရဲ့ ရောင်းအားကောင်းတဲ့ ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ Dark Places (2015) ဆိုတဲ့ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ လစ်ဘီဆိုတဲ့ ၈ နှစ်အရွယ်ကောင်မလေးဟာ သူ့မိသားစုသတ်ဖြတ်ခံရရာမှာ မသေဘဲလွတ်မြောက်ခဲ့ပါတယ်။ ကလေးမလေးရဲ့ ပြန်လည်ပြောပြချက်အရ လူသတ်မှုကို ကျူးလွန်သူမှာ သူမရဲ့အစ်ကို ဘန် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။အဲလိုနဲ့ဘန်ဟာ ထောင်ကျသွားပြီး လစ်ဘီကတော့ နာမည်ကြီးလူသတ်မှုမှာ အသက်ရှင်ကျန်ခဲ့တဲ့ ကောင်မလေးအဖြစ် နာမည်ကြီးသွားပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက မပြီးသေးပါဘူး။ နောက်နှစ် ၃၀ ကြာတဲ့အခါ လစ်ဘီဟာ အဲဒီအမှုကို ပြန်စုံစမ်းဖော်ထုတ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ဒီတစ်ခါရော သူကလေးဘဝက ထင်ခဲ့သလိုပဲ သူ့အစ်ကို ဘန် က အပြစ်ရှိတဲ့လူဖြစ်တယ်လို့ ရှာတွေ့မှာလား? ...
movie

Dark Places (2015)

2015
The Three Stooges (2012) 5.1
The Three Stooges (2012) The Three Stooges (2012) IMDb - 5.1/10_____Rotten - 52%  The three stooges ဟာသဇာတ်ကားလေးပါ ၊၊ မိတ်ဆွေ သင်အမှန်တစ်ကယ် ဟာသဇာတ်ကားတွေ ကြိုက်ပါသလား၊၊ ဒီ ဇာတ်ကားကို ကြည့်ပါ၊၊ ဇာတ်လမ်းတစ်ခုလုံး မိုး၊ လယ်ရီ၊ ကယ်လီ ဆိုတဲ့ ဇာတ်ကောင်သုံးယောက်က သင့်ကို ကလိထိုးပေးပါလိမ့်မယ်၊၊  Church တစ်ခုမှာ တစ်ပြိုင်တည်း စွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးသုံးယောက်ဟာ ရောက်ရောက်ချင်းမှာတော့ sister တွေရဲ့ဆုလဒ် နတ်သားလေးသုံးပါးပေါ့၊၊ ဘာမှမသိ ချစ်စဖွယ်ကလေးတွေ၊၊ နောက်ဆယ်နှစ်အကြာမှာတော့ အနီးကပ်ပြုစုတဲ့ sister ကပြောတယ်၊၊ “ဒီသုံးယောက်ဘေးမှာ မနေနိုင်တော့လို့ မတော်တဆ ငါးမန်းကိုက်ခံရနိုင်တဲ့ ငါးဖမ်းသင်္ဘောမှာဘဲ အလုပ် လုပ်တော့မယ်တဲ့ ” အကုန်လုံး လက်လန်သွားရတဲ့ ငမွှေတွေဖြစ်သွားတယ်၊၊  ဒီလို အော်ကြောလန်သုံးယောက်က သူတို့ရဲ့ မတော်တဆအမှားတွေကြောင့် အကြွေးနစ်သွားရတဲ့ ဘုရားကျောင်းလေးကို မဖျက်သိမ်းရအောင် လိုတဲ့ပိုက်ဆံတွေကို ပြန်ရှာပေးဖို့ ကျိုးစားရင်း ကမောက်ကမ အဖြစ်တွေနဲ့ ရယ်ရမဲ့ ပျော်စရာ ဇာတ်ကားကောင်းလေးတစ်ခုပါ ၊၊    (ဇာတ်ကားအညွန်းရေးသူကတော့ ...
movie

The Three Stooges (2012)

2012