Channel Myanmar

Adebowale Adedayo

Jagun Jagun: The Warrior (2023)
Jagun Jagun: The Warrior (2023) နိုင်ဂျီးရီးယားရုပ်ရှင်ဇတ်လမ်းကောင်းလေးပါ။အရင်ကနိုင်ဂျီးရီးယားရုပ်ရှင်ကားတွေမကြည့်ဖူးသူတွေအတွက်တော့ အတွေ့အကြုံအသစ်တခုပေးနိုင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မန္တာန်စွမ်းအားတွေပိုင်ဆိုင်တဲ့စစ်ဘုရင်ကြီးတစ်ယောက်က သူရဲကောင်းသင်တန်းကျောင်းတစ်ခုကိုတည်ထောင်တားပါတယ်။သူဟာတစ်ဖက်မှာလည်းလေးစားစရာကောင်းတဲ့စွမ်းအားမန္တာန်တွေပိုင်ဆိုင်ထားပေမယ့် သူဟာသူ့ကိုထောက်ပံ့တဲ့သူတွေအတွက် စစ်တိုက်ပေးပြီးဘုရင်နေရာကိုနန်းလုပေးသူပါ။အဓိကဇာတ်ဆောင်ကတော့ ငယ်ငယ်လေးတုန်းက သူတို့ရွာကိုဓားပြတွေကဝင်သတ်ဖြတ်သွားလို့ ကြီးလာတော့ တိုက်ခိုက်ရေးပညာသင်ဖို့ရည်မှန်းချက်ချခဲ့သူပါ။ သူတို့မျိုးနွယ်ဟာသစ်တောသစ်ပင်တွေကို စကားပြောနိုင်စွမ်း၊ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။သူက စစ်ဘုရင်ကြီးရဲ့သင်တန်းကျောင်းကိုလာခဲ့ပြီးတော့ စစ်ဘုရင်ကြီးရဲ့သမီးနဲ့ချစ်ကြိုက်ခဲ့ပါတယ်၊ယ။တစ်ဖက်မှာလည်းအကြောင်းတစ်ခုကြောင့်ဘုရင်ကြီးရဲ့မုန်းတီးမှုကိုခံခဲ့ရပါတယ်။ဘာဆက်ဖြစ်မလဲဆိုတာတော့ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(2.8 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:15:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Aung Kyaw Maw 
movie

Jagun Jagun: The Warrior (2023)

Gangs of Lagos (2023) 6.3
Gangs of Lagos (2023) Gangs of Lagos [ RT 86% / IMDB 6.3]ဂိုဏ်းဂဏတွေ ဂန်းစတားတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတွေဟာ ပေါချင်းသောချင်းပါပဲ...ကျွန်တော်တို့ဟာ ဟောလီးဝုဒ်နဲ့ အရှေ့တိုင်းက ဂန်းစတားတွေကို ထပ်ဖန်တလဲလဲ ပုံစံအမျိုးမျိုးနဲ့ မြင်တွေ့ခဲ့ကြပြီးပါပြီ...ဒီဇာတ်ကားလေးမှာတော့ အာဖရိကတိုက် နိုင်ဂျီးရီးယားနိုင်ငံ လေးဂို့စ်မြို့က ဂိုဏ်းတွေအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်...သူတို့လောကရဲ့ စည်းမျဉ်းစည်းကမ်းတွေ... ဘယ်လိုလည်ပတ်ကြလဲ... လူမိုက်ဆိုတာဘာလဲ.... ယုံကြည်ကိုးကွယ်မှုက ဘယ်အတိုင်းအတာထိ လွှမ်းမိုးထားသလဲ... ဒီဂိုဏ်းဂဏတွေက နိုင်ငံရေး ရွေးကောက်ပွဲတွေမှာ ဘယ်လိုပါဝင် ပက်သက်လဲ... တစ်သက်လုံး လူဆိုးလူမိုက်တွေ အဖြစ်ပဲ နေသွား သေသွားကြလားဆိုတာကို ကြည့်ရှုရမှာပါ...ဇာတ်လမ်းကတော့ ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ဖအေ ဂန်းစတားကြီး နီနိုကို သတ်သွားတဲ့ ရန်သူတော်တွေကို လက်စားချေဖို့ ဘယ်လိုတွေ လှုပ်ရှားဆောင်ရွက်ကြသလဲဆိုတာကို ပုံဖော်ထားတာပဲဖြစ်ပါတယ်... ဂန်းစတားကားတွေ ကြည့်ချင်ရင်တော့ ဖီလင်အသစ်ကို ပေးမေယ့် အာဖရိက ဂိုဏ်းကားလေးကို ကြည့်ဖို့ အကြံပြုလိုက်ပါတယ်... Rating ...
movie

Gangs of Lagos (2023)

Brotherhood (2022) 5.0
Brotherhood (2022) ငယ်ငယ်က ကြားဖူးတဲ့ ကျေးညီနောင်ပုံပြင်လေးကို မှတ်မိကြသေးရဲ့လား.. မုန်တိုင်းကြောင့် အသိုက်ကနေလွင့်ပြီး တစ်နေရာစီ ရောက်သွားကြတဲ့ ကျေးညီနောင်လေးဟာ တစ်ကောင်ကအဖြူဘက် တစ်ကောင်က အမည်းဘက် ဒုစရိုက်ခြမ်းနဲ့ သုစရိုက်ခြမ်း တစ်ကွဲတစ်ပြားစီ ရောက်သွားခဲ့ကြရတာလေ...ဒီ IMDB 8.1/10 ရရှိထားတဲ့ နိုင်ဂျီးရီးယား crime-action thrillerကားလေး Brotherhood (2022)ကလည်း အလားတူ အခြေအနေမျိုးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်.."ဇာတ်လမ်းအကျဉ်း" ငယ်စဉ်က နှစ်သစ်ကူးညမှာ ဓားပြတိုက်ခံခဲ့ပြီး မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့တာကြောင့် ဝါလေ နဲ့ အာကင်းတို့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ နေ့ချင်းညချင်း မိဘမဲ့အဖြစ်ကိုရောက်ရှိသွားခဲ့ရပါတယ်.. မိဘမဲ့ဂေဟာရောက်သွားတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာတော့ လီဂိုပြည်နယ်ရဲ့ လမ်းမများပေါ်မှာ အသက်ရှင်ရပ်တည်ဖို့ကြိုးစားရင်း အရွယ်ကြီးရင့်လာတဲ့အခါမှာတော့ တစ်ယောက်တစ်လမ်းစီ လျှောက်ဖြစ်ခဲ့ကြပါတော့တယ်.. အဖြူ အမည်း လားလားကြီးကို ဆန့်ကျင်နေတဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်စွာ ဝါလေက ရဲအရာရှိဖြစ်၊ အာကင်းက ထောင်ကို အိမ်ဦးနဲ့ ကြမ်းပြင်လိုကူးနေတဲ့ ဒုစရိုက်သမားဖြစ်ခဲ့တာကြောင့် တဇောင်းစေးနဲ့ မျက်ချေးလို တစ်ယောက်နဲ့တစ်ယောက်ကြည့်မရ ဖြစ်နေကြတော့တာပေါ့.. ဒီလိုနဲ့ တစ်နေ့မှာတော့ ဝါလေလိုက်နေတဲ့ ရာဇဝတ်မှုထဲ အာကင်းက တရားခံတွေထဲကတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့... အလုပ်နဲ့ ညီအစ်ကိုသံယောဇဉ်ကြား ဝါလေတစ်ယောက် ဘယ်အရာကိုရွေးချယ်မှာလဲ.. အာကင်းကရော ဘယ်လိုဖြစ်ပြီး အဲဒီရာဇဝတ်မှုကြီးထဲ ပါသွားခဲ့တာလဲ.. နှစ်ယောက်သား ထိပ်တိုက်တွေ့ကြတဲ့အခါ ခါတိုင်းလို အသေအလဲ ...
movie

Brotherhood (2022)