Channel Myanmar

Adelaide Kane

Outrage (2023)
Outrage (2023)  Outrage(2023) ဇာတ်ကားလေးက အခုမှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့action, thriller ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်ကားမှာနာမည်ကျော်ဂျာမန်မင်းသား Clemens Schick ဝါရင့် Hollywood သရုပ်ဆောင်Jay O. Sanders နဲ့ မင်းသမီးချောလေး Adelaide Kane တို့ ပူးပေါင်းပါဝင်သရုပ်ဆောင်ထားတာမို့ ကြည့်ကောင်းတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ကြည့်ချင်အောင် ဇာတ်လမ်းလေးအမြည်းကျွေးရမယ်ဆိုရင်တော့ ဒီဇာတ်ကားကပြင်သစ်နိုင်ငံရဲ့ နိုင်ငံရေးဇာတ်ခုံအကြောင်းက စရပါမယ်။ ပြင်သစ်နိုင်ငံမှာအမျိူးသားရေးလှုပ်ရှားမှုတွေ အားကောင်းလာပြီးတဲ့နောက် လက်ယာစွန်းရောက်သမားတွေက အကြမ်းဖက်မှုတွေ လုပ်လာတာတွေရှိပါတယ်။ အဲ့အချိန်မှာပဲနာမည်ကျော် ရုပ်သံမီဒီယာတစ်ခုက လာမဲ့ရွေးကောက်ပွဲမှာ သမ္မတဖြစ်နိုင်ချေရှိတဲ့အမျိူးသမီးနဲ့ စံအိမ်တစ်ခုမှာ တိတ်တိတ်လေးတွေ့ဆုံစကားပြောဖို့ စီစဥ်ခဲ့ပါတယ်။အဲ့အချိန်မှာ မင်းသမီးဖြစ်တဲ့ Ivy က ရုပ်သံပိုင်ရှင်ရဲ့ တူမဖြစ်ပြီး အဲ့တွေ့ဆုံပွဲမှာဘယ်လို မထင်မှတ်တာတွေ ဖြစ်သွားမလဲ နောက်ကွယ်က အကြောင်းတွေကဘယ်လိုရှိလို့ ဘယ်လိုတွေ ဖြစ်ကြမှာလဲ အဆုံးသတ်မှာရော ဘယ်သူတွေသေပြီးဘယ်သူတွေ ရှင်ကျန်မှာလဲ စတာတွေကို အစကနေ အဆုံး ဒီရုပ်ရှင်အချိန်တိုတိုလေးထဲမှာပျင်းစရာအချိန်မရှိအောင်ကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေး ...
movie

Outrage (2023)

Blood Punch (2014) 6.2
Blood Punch (2014)  ဒီဇာတ်ကားက Time-loop ဇာတ်ကားလို့ ​ပြောရမယ့်ကားမျိုးပါ။​သွေးသဲရဲရဲဇာတ်ဝင်ခန်း​တွေ အ​တော်​လေးပါသလို အ​ပြောအဆိုအ​တော်ကြမ်းတဲ့ကားမို့ မိသားစုနဲ့ကြည့်ဖို့ဆိုရင် သတိပြု​ပေးပါ။ငယ်ငယ်ရွယ်ရွယ်နဲ့ ဉာဏ်ကောင်း​ပေမယ့် ​​ကျောင်းဓါတ်ခွဲခန်းမှာ​ဆေးချက်မိလို့ ​ဆေးဖြတ်စခန်းကိုပို့ခံရတဲ့ မီလ်တန်တစ်​ယောက်မူးယစ်​ဆေးနဲ့ ကံမကုန်ချင်​တော့ အဲဒီစခန်းထိ သူ့ကိုလာကယ်ပြီး ​ဆေးချက်ခိုင်းတဲ့ စကိုင်လာနဲ့ရပ်ဆဲလ် သမီးရည်းစား၂​​​ယောက်နဲ့ကြုံခဲ့ရပါတယ်။ဆေးချက်ရမယ့်​ နေရာ​ရောက်​တော့ ရပ်ဆဲလ်က မီလ်တန်ရဲ့​ဆေး၈၅​ပေါင်ကို တစ်ဦးတည်း​မောင်ပိုင်စီးဖို့ ကြိုးစားရင်း စကိုင်လာနဲ့မီလ်တန်​ပေါင်းပြီး ရပ်ဆဲလ်ကို ရှင်းပစ်လိုက်ကြပါတယ်။ ဒါ​ပေမဲ့အဲဒီ​နေ့အပြီး ​နောက်တစ်​နေ့ မိုးအလင်းမှာ ရပ်ဆဲလ်တစ်​ယောက်အသက်ရှင်​နေ​သေးသလို သူတို့ ကြုံ​တွေ့​နေရတာ​တွေက မ​နေ့ကဖြစ်ခဲ့တဲ့အရာ​တွေအတိုင်း Deja vuလိုဖြစ်​နေတာမျိုး ကြုံလိုက်ရပါတယ်။အဲဒီလိုနဲ့ ရပ်ဆဲလ်ကိုထပ်သတ်ပြီး ​နောက်​နေ့ကူး​သွားလည်း သူကပြန်အသက်ရှင်​နေ​သေးသလို ဖြစ်ပြီးသားကိစ္စ​တွေပဲ ထပ်တလဲလဲပြန်ဖြစ်​နေလို့ မီလ်တန်နဲ့ စကိုင်လာတို့  ၂​ ယောက် သူတို့ရဲ့ စိတ်​ကပဲလှည့်စား​​နေတာလား၊ တကယ်ပဲ အချိန်​သံသရာထဲ ၂​ယောက်လုံး​​ရောက်​နေတာလား အ​ဖြေရှာဖို့ ဖြစ်လာပါ​တော့တယ်။ ​နောက်ဆုံးအဲဒီအချိန်​ကျော့ကွင်းထဲ လွတ်​မြောက်နည်းကို ရှာ​တွေ့သွားမလား၊ဘယ်သူလွတ်​မြောက်သွားမှာလဲဆိုတာ ​ကြည့်ရှုရမှာပါ။  File size…2.07 GB / 787MB Quality…Blu-Ray 1080p ...
movie

Blood Punch (2014)

The Purge (2013) 5.7
The Purge (2013) The Purge (2013)ထွက်ပြီးခဲ့တာ ဆယ်နှစ်တောင်ကြာပြီဖြစ်သလို ဒီကားနောက်ပိုင်း ဖြစ်လာခဲ့တဲ့ The Purge Franchise ကြီးရဲ့ အစဆိုတဲ့အတိုင်း အကောင်းဆုံးဖြစ်သလို ကြည့်ပြီးလည်း​ နောက်တစ်​ခေါက်ပြန်ပြန်ကြည့်ချင်​နေတဲ့ ဇာတ်ကား​တွေထဲကတစ်ကားဖြစ်တဲ့ ပထမဆုံး The Purge ကားအကြောင်းကို ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ပါဘူး။~ ဇာတ်လမ်းအညွှန်း ~အ​မေရိကန်နိုင်ငံ စီးပွား​ရေးကျဆင်းလာတာ​နဲ့အမျှ ဒုစရိုက်မှု​တွေ ဆင်းရဲမွဲ​တေမှု​တွေ မှိုလို​ပေါက်လာတာကို ဘယ်လို​ဖြေရှင်းရမလဲ ​ခေါင်းခဲ​နေကြတုန်း အဲဒီခေတ် အမေရိကန်ရဲ့ အာဏာပိုင်အစိုးရဖြစ်တဲ့ သူတို့ကိုယ်သူတို့ မျိုးဆက်သစ်တည်ထောင်သူဖခင်ကြီးများ လို့ခေါ်တဲ့ NFFA ပါတီက The Purge ဆိုတဲ့ သန့်စင်ပွဲနေ့လုပ်ဖို့ကိုစဥ်းစားမိသွားကြတယ်။ အဲဒီ​နေ့မှာ ဘယ်ဒုစရိုက်မှုလုပ်လုပ် ရဲအဖမ်းမခံရတဲ့​နေ့မျိုး​ပေါ့။ လူချမ်းသာ​တွေက​တော့ ​ငွေနဲ့အကာအကွယ်ယူလို့ရ​​ပေမယ့် ဆင်းရဲတဲ့သူ‌တွေ၊ အသက်ကြီးတဲ့သူ​တွေ၊ ပစ်ပယ်ထားခံရတဲ့သူ​တွေက​တော့ အဲဒီ​နေ့ရဲ့ ပစ်မှတ်​တွေ​ပေါ့။ အဲဒီလို နိုင်ငံနဲ့တဝန်း အကန့်အသတ်မရှိ လူသတ်နိုင်တဲ့ လူမဆန်တဲ့နေ့ကြီးကို လုပ်လိုက်​ပေမယ့် မထင်ထားရ​လောက်​အောင် ဆင်းရဲမှု​တွေ ဒုစရိုက်မှု​တွေနည်းသွားပြီး ...
movie

The Purge (2013)

2013
Cosmic Sin (2021) 3.0
Cosmic Sin (2021) Cosmic Sin (2021)==============ကျွန်တော်တို့ နေထိုင်ကြတဲ့ စကြဝဠာကြီးမှာ ကမ္ဘာဂြိုဟ်က သတ္တဝါတွေအပြင် တခြား မျိုးစိတ်တွေ ရှိနေဦးမယ်လို့ထင်ပါသလား ....ရှိနေရင်ရော ဘယ်လိုပုံစံတွေ ဖြစ်မယ်လို့ထင်လဲ၊ သူတို့ကရော ကမ္ဘာဂြိုဟ်ကလူတွေလို အသိဉာဏ်ရှိကြလား၊ဒါမှမဟုတ် နိမ့်ကျမလား သာလွန်နေမလား၊ ဒါတွေဟာ စဉ်းစားကြည့်မယ်ဆို စိတ်၀င်စားစရာပဲ . . .ပိုပြီး စိတ်၀င်စားဖို့ ကောင်းတာက ဒီလိုမျိုးစိတ်တွေသာ တကယ်ရှိပြီး လူတွေထက် အသိဉာဏ်နဲ့ ဖန်တီးနိုင်မှု စွမ်းအားကလည်း ပိုမြင့်နေမယ်၊ သူတို့က လူတွေကို အန္တရာယ်ပေးလာမယ်ဆိုရင် လူသားတွေအနေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာပါပဲ။ ဒါဆိုရင် လူသားတွေအနေနဲ့ ဒီ ကြမ္မာဆိုးကြီးကို ကျော်ဖြတ်နိုင်ပါ့မလား လူသားတွေသက်တမ်းဟာ အဓွန့်ရှည်ပါ့မလား ......ဆိုတာဟာ စဥ်းစားစရာပါပဲ။ဒီဇာတ်ကားမှာ မင်းသားကြီး Bruce Willis က ဂျိမ်းစ် ဖို့ဒ်အမည်ရှိ အာကာသဆိုင်ရာ မဟာမိတ်ကောင်စီရဲ့ ဗိုလ်ချုပ်ဟောင်းကြီးအဖြစ် ပါ၀င်ထားပြီး Frank Grillo က ...
movie

Cosmic Sin (2021)

2021