Channel Myanmar

Adelfa Calvo

Marshland (2014) 7.2
Marshland (2014)  MDB -7.2 Rotten Tomatoes - 92% အထိရထားတဲ့စပိန်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်...ဇာတ်လမ်းအကျဉ်းက ပတ်ဒရိုဆွာရက်ဇ် ရဲတစ်ယောက်ဖြစ်ပြီးကအစိုးရကိုဝေဖန်တဲ့စာတစ်စောင်ရေးခဲ့တဲ့အတွက် မက်ဒရစ်မြို့ကနေ နယ်မြို့ကိုပြောင်းရွှေ့ခံလိုက်ရတယ်သူရောက်သွားတဲ့မြို့မှာ ကျောင်းသူအရွယ်မိန်းကလေးနှစ်ယောက်ပျောက်သွားတယ်ဆိုတဲ့အမှုက တိုင်ကြားချက်ရောက်လာတဲ့အတွက်ပက်ဒရိုနဲ့ သူရဲ့တွဲဖက်ဖြစ်တဲ့ ဟွမ်ရော့ဘ်လက်စ် တို့ကစုံစမ်းမှုကိုစတင်ကြပါတော့တယ်။ အရင်က ဒီလိုအလားတူအမှုမျိုးတွေရှိဆိုပေမယ့် ခံရသူတွေကသူတို့ရဲ့ဂုဏ်သိက္ခာထိခိုက်တယ်လို့ယူဆတဲ့အတွက် အမှုတွေပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။ပျောက်သွားတဲ့မိန်းကလေးတွေရဲ့ ဖခင်ကနေ တဖြည်းဖြည်းလိုက်စုံစမ်းပေမယ့်လုံလောက်တဲ့သဲလွန်စတွေမရခဲ့ပါဘူး။ပျောက်ဆုံးပြီးသုံးရက်အကြာမှာ မိန်းကလေးတွေရဲ့ အလောင်းကိုမြစ်ထဲမှာစတင်တွေ့ရှိပြီးနောက်မှာတော့......  File size…1.68GB / 761MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 45m Genre ….. Action , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Marshland (2014)

On the Fringe (2022) 6.7
On the Fringe (2022) On the Fringe (2022)~ IMDb - 6.7/10, Rotten Tomatoes - 80% ~စပိန်မင်းသား Juan Diego Botto ဒါရိုက်တာလုပ်ပြီး ပွဲဦးထွက်အနေနဲ့ရိုက်တဲ့ စပိန်ရုပ်ရှင်ပါ။ သူကိုယ်တိုင်ရော နာမည်အကြီးဆုံး စပိန်မင်းသမီး Penélope Cruz ရော သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ စပိန်ရဲ့မျက်မှောက်ခေတ်မှာ ကြုံနေရတဲ့ လူမှုဘဝပြဿနာတွေရောကိုပြထားပြီး အဲဒီထဲက အကြီးဆုံးပြဿနာဖြစ်တဲ့ ဘဏ်ကြွေးကြောင့် နေအိမ်က နှင်ထုတ်ခံရတဲ့ မိသားစုတွေအကြောင်းကိုရော ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတယ်။စပိန်ပြည်သူတွေကို အရင်အစိုးရက ဘဏ်တိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးပေးမယ်လို့ ကြေညာခဲ့တဲ့အတွက် ပြည်သူတွေဟာ အိမ်အပေါင်စာချုပ်တွေနဲ့ ငွေချေးတာတွေ၊ သားသမီးအိမ်၀ယ်ဖို့ မိဘက အာမခံပေးတာတွေ လုပ်ခဲ့ကြတယ်။ အစိုးရသစ် ဘဏ်စနစ်အသစ်မှာ အတိုးတွေဟာ မိုးထိထိုးတက်ကုန်ကြပါတယ်။ ဒီနောက်မှာ ဘဏ်တွေဟာ အတိုးကို အကြောင်းပြုလို့ အိမ်တွေကို သိမ်းလာတဲ့အခါ စပိန်မှာ အိုးမဲ့အိမ်မဲ့တွေ များပြားလာခဲ့တယ်။ ...
movie

On the Fringe (2022)

2022
God’s Crooked Lines (2022) 7
God’s Crooked Lines (2022) God's Crooked Lines (2022)အဲလေ့စ် ဂူးတ်ဆိုတဲ့ အလွတ်တန်းစုံထောက်အမျိုးသမီးတစ်ယောက်ဟာ စိတ်ကျန်းမာရေးဆေးရုံမှာ အမှုတစ်ခုကိုစုံစမ်းဖို့ ယောင်္ကျားဖြစ်သူကို အဆိတ်ခတ်သတ်ဖို့ကြိုးစားတဲ့ သံသယလွန်ကဲမှုစိတ်ရောဂါရှင်လူနာအနေနဲ့ ရောက်လာခဲ့ပါတယ်။ဆေးရုံထဲမှာ အမှုကိုစုံစမ်းနေတုန်းမှာပဲ သူ့ကိုအပြင်လူဆိုတာသိနေရမယ့် ဆေးရုံရဲ့ဒါရိုက်တာကိုယ်တိုင်က သူ့ကိုစိတ်မနှံ့တဲ့လူလို ဆက်ဆံလာတဲ့အခါ အဲလေစ့်တစ်ယောက် သူအရူးမဟုတ်ဘူးဆိုတဲ့အကြောင်းကိုရှင်းပြရင်း ပြဿနာတွေ ပိုကြီးမားလာခဲ့ပါတယ်။အဲလေ့စ်နဲ့အတူ ဆေးရုံကိုရောက်လာတဲ့ ဆရာဝန်ညွှန်ကြားချက်စာထဲမှာတော့ အဲလေ့စ်ဟာ ဟာကွက်မရှိလိမ်နိုင်သူ၊ ဉာဏ်ထက်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူနဲ့ဆန့်ကျင်တဲ့လူမှန်သမျှကို အကြောင်းအမျိုးမျိုးနဲ့ ယုံလာအောင် လှည့်စားတတ်လို့ သူပြောသမျှ ဘာတစ်ခုမှမယုံဖို့ပြောထားပါတယ်။ဒါပေမယ့် အဲလေ့စ်ကတော့ သူဟာပုံမှန်လူတစ်ယောက်ဖြစ်ပြီး ဒီကိုရောက်နေရတဲ့တစ်ခုတည်းသောအကြောင်းအရင်းက အမှုစုံစမ်းဖို့အတွက်ပဲဖြစ်တယ်ဆိုပြီး အခိုင်အမာပြောလာခဲ့ပါတယ်။အဲလေ့စ်ဟာ စိတ်ကျန်းမာရေးချို့တဲ့ပြီး ကယောင်ကတန်းတွေမြင်နေတဲ့သူလား?ဒါမှမဟုတ် အမှန်တကယ် အမှုစုံစမ်းဖို့ရောက်လာတဲ့ အလွတ်တန်းစုံထောက်တစ်ယောက်လားဆိုတာကို ပဟေဠိဆန်စွာကြည့်ရှုမှာပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Han Thar ပါ။)File Size          : 2.1GB, 828MB, 414MB Quality          ...
movie

God’s Crooked Lines (2022)

2022