Channel Myanmar

Adlin Aman Ramlie

War On Terror: KL Anarchy (2023) 6.7
War On Terror: KL Anarchy (2023) War on Terror : KL Anarchy (2023)နိုင်ငံတကာက ရိုက်ကူးထားတဲ့ ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ မီးသတ်တပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဂုဏ်ပြုဇာတ်ကားတွေရဲ့အားနည်းချက်က အရမ်းအမွှန်းတင်လွန်းတာပါပဲ။ ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ် ပေါ်လစီတွေများနေတာကိုး။ ဒါပေမဲ့လဲ နိုင်ငံတိုင်းကလဲ သူတို့နိုင်ငံမှာရှိတဲ့ တပ်ဖွဲ့အသီးသီးကို အမွန်းတင်ပြီး ဂုဏ်ပြုဇာတ်ကားတွေ ရိုက်ပေးနေကြတုန်းပါပဲ။ ဒီလိုရိုက်ပေးတာကိုက သူတို့ရဲ့စိတ်ဓာတ်ကို မြင့်တင်ပေးတဲ့သဘောပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူတွေက ပေါ်လစီတွေ အမွှန်းတင်တာတွေကို ကြည့်ရပါများလာတော့ သိပ်မကြိုက်ကြတော့လို့ လက်တွေ့နဲ့နီးစပ်လာတာတွေကို ပြောင်းရိုက်လာကြပါတယ်။ ဒါပေမဲ့ အနည်းကျဉ်းတော့ ပါနေကြတုန်းပါပဲ။ အဲ့လို ပေါ်လစီတွေ အမွှန်းတင်တာတွေလဲ မများဘဲ အရင်ခေတ်က ရဲအက်ရှင်ကားတွေလိုမျိုး အက်ရှင်ကြမ်းကြမ်းနဲ့ ဗီလိန်ကလည်း စောင်ငနုမဟုတ်တဲ့ အက်ရှင်ခပ်ကြမ်းကြမ်းကိုမှ ကြည့်ချင်သူတွေအတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကမှ ထွက်ရှိထားတဲ့ မလေးရှားရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ... ကာလစ်ဆိုတဲ့ ရဲဝန်ထမ်းတစ်ယောက်ဟာ မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူပါ။ အလုပ်မှာတော်တဲ့ရဲတစ်ယောက်ဖြစ်သလို သူစိတ်ထင်ရာကိုလုပ်တတ်တဲ့သူမို့လဲ အဖွဲ့ခေါင်းကကြည့်မရတဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့ခန့်မှန်းချက်တွေက အမြဲမှန်နေတတ်လို့ တပ်ဖွဲ့ကနေလဲ စွန့်လွှတ်လို့မရတဲ့သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့မလေးရှားနိုင်ငံက လက်နက်ကုမ္ပဏီတစ်ခုရဲ့ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေကို တင်ပို့လာတဲ့ရထားကို ဓားပြတိုက်သွားပြီး လက်နက်ပစ္စည်းတွေအများပြားပျောက်ဆုံးပြီး ရထားပေါ်မှခရီးသည်တွေသေကြေထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ပျောက်ဆုံးသွားတဲ့ ...
movie

War On Terror: KL Anarchy (2023)

2023
Malbatt: Misi Bakara (2023) 6.8
Malbatt: Misi Bakara (2023)  ဒီဇာတ်ကားလေးကတော့ မလေးရှားရဲ့ ၁၉ ခုမြောက် တပ်ရင်း Battalion Malay Regiment အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဒီတပ်ရင်းကို ၁၉၉၃ ခုနှစ်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့အတွက် စစ်ကူအနေနဲ့ အသုံးပြုခဲ့တဲ့ ဇာတ်ကြောင်းလေးပါ။ထိုတပ်ရင်းရဲ့ တာဝန်ကတော့ Black Hawk Down တိုက်ပွဲမှာ ပိတ်မိနေတဲ့ အမေရိကန် စစ်သားတွေကို သွားရောက် ကယ်ဆယ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်လို့ စစ်ကားနှစ်သက်သူများအတွက် ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre...Drama, Action, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vio La
movie

Malbatt: Misi Bakara (2023)

Dukun (2018) 6.6
Dukun (2018) Dukun (2018)2018 ခုနှစ်မှာ မလေးရှားဆိုရှယ်မီဒီယာမှာ ဗီဒီယိုတစ်ခုပျံ့နှံ့လာခဲ့ပါတယ်။ မလေးရှားရိုးရာဝတ်စုံအနီဝမ်းဆက်နဲ့အမျိုးသမီးတစ်ဦး ညအချိန်တွေလမ်းပေါ်မှာတွေ့တွေ့နေရတာပါ။ ဒါဟာသရဲလား လူတွေဖန်တီးထားတဲ့ဗီဒီယိုပဲလား အငြင်းပွားမှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒီဝတ်စုံနီနဲ့အမျိုးသမီးက Dukun ရုပ်ရှင်ကားအတွက် မားကတ်တင်းနည်းလမ်းတစ်ခုပါ။ တကယ်တမ်းတော့ Dukun ကအဲ့လိုကြေငြာစရာမလိုလောက်အောင် ရုံပြည့်ရုံလျှံမယ့်ကားပါပဲ။ ဘာလို့လဲဆိုရင် Dukun ကို ၂၀၀၇ ခုနှစ်မှာရိုက်ကူးခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာအပြီး ၂၀၁၈ မှပြသခွင့်ရခဲ့တာပါ။ ပြသခွင့်ရတာကလဲ ဇာတ်လမ်းက အင်တာနက်ပေါ်မှာ leaked ဖြစ်လာတဲ့အတွက် မထူးတော့ဘူးဆိုပြီး ပြသခွင့်ပေးလိုက်တာပါ။ ပိတ်ပင်ခံရတဲ့အကြောင်းအရင်းကတော့ မလေးရှားမှာအရက်စက်ဆုံးလူသတ်သမားဖြစ်တဲ့ အဆိုတော်မိုနာဖန်ဒီအကြောင်းကို မှီငြိမ်းရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်နေတာကြောင့်ပါပဲ။ဒီရုပ်ရှင်အစမှာ ဤရုပ်ရှင်က မည်သည့်လူ မည်သည့်အကြောင်းအရာပေါ်မှာမှ မှီငြမ်းထားခြင်းမရှိကြောင်းပြောထားပေမယ့် အဲ့ဒါကအလိမ်အညာလို့ပဲပြောချင်ပါတယ်။ ဒီဇာတ်လမ်းဟာ မိုနာဖန်ဒီအပေါ်မှီငြမ်းထားတယ်ဆိုတာဖော်ပြနေတဲ့ အချက်အလက်တွေကသိသာလွန်းပါတယ်။ မိုနာဖန်ဒီကတော့ မလေးရှားပေါ့ပ်အဆိုတော်တစ်ဦးဖြစ်ပြီး အောင်မြင်မှုတော့မရခဲ့ပါဘူး။ အဲ့နောက်ပိုင်းမှာတော့ သူကပယောဂဆရာမအဖြစ်လမ်းကြောင်းပြောင်းသွားပါတယ်။ သူနဲ့သူ့ခင်ပွန်းက နာမည်ကြီးနိုင်ငံရေးသမားတွေစီးပွားရေးသမားတွေအတွက် အစီအရင်မန္တန်တွေလုပ်ပေးပြီး နေ့ချင်းညချင်းလဲချမ်းသာသွားပါတယ်။ တစ်နေ့တော့ မိုနာရယ်သူ့ယောကျ်ားရယ် သူတို့လက်ထောက်ရယ်က နိုင်ငံရေးသမားတစ်ယောက်ကိုအစီအရင်လုပ်ပေးရင်း သတ်လိုက်ပါတယ်။ ဒီနိုင်ငံရေးသမားကို ၁၈ ပိုင်းခုတ်ပိုင်းပြီး မြှပ်ခဲ့ကြပါတယ်။ မတွေ့တဲ့အစိတ်အပိုင်းတွေလဲရှိပြီး အဲ့ဒါတွေကို မိုနာတို့က စားခဲ့ကြတယ်ဆိုတဲ့သတင်းတွေလဲထွက်ခဲ့ပါတယ်။ မိုနာဖန်ဒီကတော့ အမှုစစ်ခံရချိန်တစ်လျှောက်လုံးလဲ ကျောချမ်းလောက်အောင်ပြုံးနေခဲ့ပြီး ၂၀၀၁ ခုနှစ်မှာကြိုးပေးခံရခါနီးမှာလဲ နောက်ဆုံးစကားအဖြစ် "ငါဘယ်တော့မှမသေဘူး" လို့ပြောသွားပါသေးတယ်။ ဒီဇာတ်လမ်းမှာတော့ ပယောဂဆရာမတစ်ဦးက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကိုသတ်ခဲ့တာပါ။ တကယ့်ဖြစ်ရပ်မှန်မှာ ဘယ်လိုမှမသိနိုင်အဖြေမရှာနိုင်တော့တဲ့အကြောင်းအရာတွေကို ဖန်တီးဖြည့်စွက်ပြီး ...
movie

Dukun (2018)

2018
Coast Guard Malaysia: Ops Helang(2023) 7.4
Coast Guard Malaysia: Ops Helang(2023) Coast Guard Malaysia: Ops Helang(2023)**************************************မလေးရှားကမ်းခြေစောင့်တပ်ရဲ့ အထူးတပ်ဖွဲ့ဝင် ဗိုလ်တစ်ဦးဖြစ်သူဟဖစ်ဟာ မှုခင်းတိုက်ဖျက်စစ်ဆင်ရေးတွေပြုလုပ်အပြီးမှာတော့ ဇနီးလောင်းလေးနဲ့ ဘဝအသစ်စမယ်ဆိုပြီး ကျွန်းလေးတစ်ကျွန်းမှာ စေ့စပ်ပွဲလေးကျင်းပလက်ထပ်ကြတယ်ပေါ့။ ကံဆိုးချင်တော့ အဲ့နေ့ညမှာပဲ ပင်လယ်ဓားပြတွေက ကျွန်းကိုဝင်စီး ဟဖစ်တို့ ဇနီးမောင်နှံအပါအဝင်မိသားစုနဲ့ ပွဲလာသူတွေကို လူတွေကိုဖမ်းဆီး ဓားစာခံလုပ်ကာဖမ်းခေါ်သွားပါတယ်။ ဒါပေမယ့် ဟဖစ်ကတော့ ဒဏ်ရာရကာ ကံကောင်းပြီးဓားပြတွေလက်ထဲမှလွတ်မြောက်လာခဲ့ပြီးဇနီးဖြစ်သူနဲ့မိသားစုကိုပြန်ကယ်ဖို့ကြိးပမ်းပါတော့တယ်။ ဒီဓားပြမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဥ်မဟုတ်ဘဲ တခြားအကြောင်းအရာများစွာ နောက်ကွယ်မှာရှိနေသေးကြောင်းသိလိုက်ရတဲ့အခါ.... ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားနိုင်ပါပြီ။File Size :(1.4GB) and (654MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Action, Adventure, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Coast Guard Malaysia: Ops Helang(2023)