Channel Myanmar

Adolfo Celi

[James Bond] Thunderball (1965) 7.0
[James Bond] Thunderball (1965) ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++မင်းသားကြီးရှောင်ကွန်နရီရဲ့ ၄ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်။သိကြတဲ့အတိုင်း ရှောင်ကွန်နရီဆိုရင် ဂျိမ်းစ်ဘွန်းနဲ့ပဲ တွဲမြင်တဲ့အထိ သက်ဝင်အားကောင်းခဲ့ပါတယ်။သူ့ရဲ့ဘွန်းကားတွေဟာ စမတ်ကျတဲ့အပြင် ရယ်စရာ ထေ့လုံး လှောင်လုံးတွေအများဆုံးပါဝင်တာကြောင့်ဘွန်းအဆန်ဆုံးကားတွေလို့ ပြောလို့ရပါတယ်။Action သီးသန့်မဟုတ်ဘဲ ဘက်ပေါင်းစုံက တင်ဆက်ထားနိုင်ပြီးသူ့ခေတ်မှာ အတော်ကို အံ့ဩရတဲ့ ဖန်တီးမှုတချို့ပါတင်ဆက်နိုင်ခဲ့ပါတယ်။ဒီဇာတ်ကားကတော့ IMDb Rating (7/10) ရရှိထားပါတယ်။ File size…(2.5 GB) Quality….BluRay HEVC 1080p Format…mkv Duration….02:10:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Zuel Khant Thwin
movie

[James Bond] Thunderball (1965)

HEVC 1080p
Danger: Diabolik (1968) 6.5
Danger: Diabolik (1968) [Unicode]CM Fan တွေအနေနဲ့ တော်တော်များများသော သူခိုးဇာတ်ကားတွေကို ကြည့်ဖူးကြမှာပါ ဒါပေမယ့်် အကောင်းဆုံးဆိုတာတွေကို ခဏဘေးဖယ်ထားလိုက်ပါဦး ကျွန်တော်အခုညွှန်းမှာ Diabolik ဗျ ။၁၉၆၈ မေလမှာ စပြီးရုံတင်ခဲ့ပြီး ခေတ်နဲ့မလိုက်အောင်ကို ရိုက်ပြသွားတဲ့ကား... ကောင်းတာလည်းမပြောနဲ့ ရိုက်တဲ့ဒါရိုက်တာက Mario Bava ကိုးဗျ ဟာကျူလီဇာတ်ကားကို စရိုက်ခဲ့တဲ့သူ...Hercules (1958)ငွေပုံပေါ်မှာအိပ်တဲ့သူ... ရဲတစ်ဖွဲ့တစ်ခုလုံးကို တစ်ကိုယ်တော် အရူးလုပ် လှည့်စားနိုင်သူ... မိန်းမချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး လိုချင်တာဆို မရရအောင် ခိုးယူနိုင်သူ... ဒါဟာ နှစ်ယောက်မရှိတဲ့ Diabolik ပါပဲ ။ဇာတ်လမ်းမှာဆိုရင် Diabolik ဘယ်လိုဖြစ်လာတယ်ဆိုပြီး ငယ်ဘဝကို ပေရှည်ပြီးရိုက်ပြထားခြင်းမျိုးမဟုတ်ဘဲ... ဇာတ်လမ်းအစမှာတည်းက ဘဏ်တစ်ခုနဲ့တစ်ခု ငွေအပြောင်းအရွှေ့ကို ဘယ်လို အကွက်ကျကျ ရဲတွေကို အရူးလုပ်ပြီး ခိုးယူသွားလဲဆိုတာနေ ရိုက်ပြထားပါတယ် ။ တစ်နေ့ သူ့ကောင်မလေးက မွေးနေ့အတွက် မွေးနေ့လက်ဆောင်ကို ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး မစ္စတာဟာရိုးကလက်ရဲ့ဇနီးဆွဲထားတဲ့ ကမ္ဘာပေါ်မှာ စံထားအရဆုံး အဖိုးတန်မြ ၁၁ခုနဲ့စီချယ် ပြုလုပ်ထားတဲ့ လည်ဆွဲကို လိုချင်တယ်လို့ ပြောလိုက်တဲ့အခါမှာတော့... အဲ့လည်ဆွဲကို ...
movie

Danger: Diabolik (1968)