Channel Myanmar

Adoni Maropis

Troy (2004) 7.2
Troy (2004) Troy (2004) ရုပ်ရှင်ခံစားမှုTroy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဖူးနားဝရှိကြပါလိမ့်မည်။ထင်ရှားကျော်ကြားသော စစ်ပွဲတွေအကြောင်း ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေလက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီးဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့၏ ထရွိုင်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြုစိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။စစ်ပွဲဖြစ်ပွားရပုံ ကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ထရွိုင်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ဖြစ်သူကပါ ဦးစီးတိုက်ခိုက်ရသည်။ထိုသို့ ဂရိနှင့်ထရွိုင်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြသော အကြောင်းကို ကဗျာရှည်အဖြစ် မှတ်တမ်းတင်ခဲ့ရာကနေ (အခြားသော ...
movie

Troy (2004)

2004
4K HEVC
Cassandro (2023) 6.4
Cassandro (2023) Cassandro (2023) ============= IMDb Rating - 6.4/10 Biography, Drama, Sportတက္ကဆက်ပြည်နယ်က မိန်းမလျာလက်ဝှေ့သမား Cassandro ခေါ် ဆောလ်ရဲ့ ဘဝဇာတ်ကြောင်း မူဗီတစ်ပုဒ်ဖြစ်ပါတယ်။ Cassandro ဟာ NWA World Welterweight, UWA World Lightweight ချန်ပီ‌ယံဟောင်းကြီးတစ်ယောက်ဖြစ်ပြီး သူ့ကြောင့်ပဲ မိန်းမလျာလက် ဝှေ့သမားတွေဟာ လက်ဝှေ့လောကမှာ နေရာတစ်ခု ရလာခဲ့ခြင်းဖြစ် ပါတယ်။ဒီဇာတ်လမ်းမှာတော့ Cassandro ရဲ့ အပျော်တမ်းမှ တက်သစ်စ၊ တက် သစ်စမှ နာမည်ကြီးလက်ဝှေ့ချန်ပီယံကြီး အဆင့်ဆင့်ဖြစ်သွားခဲ့ပုံတွေ၊ ဒီလောကထဲမှာ သူဘာကြောင့် ခြေချခဲ့လဲဆိုတာတွေ၊ သူ့ရဲ့ ပုဂ္ဂိုလ်ရေး တွေကို သိခွင့်ရမှာဖြစ်ပါတယ်။ လက်ဝှေ့လောကမှာတင်မကဘဲ ဂေး လောက အသိုင်းအဝိုင်းအတွက် Cassandro ဟာ သူ့နည်းသူ့ဟန်နဲ့ စိတ် ခွန်အားတစ်ခု ဖြစ်ကြောင်းတွေ မြင်တွေ့ရပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(2 GB) / (792 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Sport Translator......Act ...
movie

Cassandro (2023)

2023
War of the Worlds: The Attack (2023) 4.0
War of the Worlds: The Attack (2023) War of the Worlds: The Attack (2023) ========================== Genre: Horror, Sci-fi, Thrillerဟတ်ရယ် ဟန်နာရယ် အိုဂီရယ် နက္ခတ္တဗေဒပညာရှင် သူငယ်ချင်း ၃ ယောက် ရှိကြပါတယ်။ တစ်ရက်တော့ ကမ္ဘာမြေပေါ်ကို အာကာ သထဲကနေ အစိမ်းရောင် အလင်းတန်းတွေ ပြုတ်ကျလာပါတယ်။ ဒီမှာ သူငယ်ချင်း ၃ ယောက်သား ဥက္ကာခဲကြွေတယ်ဆိုပြီး လိုက်ပြီး စူးစမ်းလေ့လာဖို့လုပ်တုန်း ဒါတွေဟာ ဥက္ကာခဲမဟုတ်ပဲ အင်္ဂါဂြိုလ် ပေါ်က ဂြိုလ်သားတွေ ရောက်လာတယ်ဆိုတာ သိလိုက်ရပါတယ်။အဲဒီမှာ ရန်သူလား မိတ်ဆွေလားမသိရတုန်း ဂြိုလ်သားတွေက အလျင် အမြန်ပဲ တိုက်ခိုက်ကြတဲ့အခါ အိမ်ကိုထွက်ပြေးလာပါတယ်။ သူတို့ ဘာဆက်လုပ်ရမလဲ စဉ်းစားနေကြတုန်း စစ်တပ်အမြှောက်တပ်ထဲက စစ်သားတစ်ယောက်က သူတို့ဆီ ဂြိုလ်သားတွေလက်ကနေ ထွက်ပြေး ရောက်ရှိလာပါတယ်။ အဲဒီမှာ သူငယ်ချင်း ၃ ယောက်ရယ် စစ်သားကြီးရဲ့ အကူအညီနဲ့ ဒီလို ဂြိုလ်သားခေတ်ပျက်ကြီးမှာ ဘယ်လိုအသက်ရှင်အောင် လုပ်ကြမလဲ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ သိပ္ပံဆန် ဆန် ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ...
movie

War of the Worlds: The Attack (2023)

2023
The Scorpion King (2002) 5.5
The Scorpion King (2002) The Scorpion King(ကင်းမြီးကောက်ဘုရင်ကြီး) ဇာတ်ကားဟာ Dwayne Johnson(The Rock) အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ပထမဦးဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာ The Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီး လက်ကျန်စစ်သည်အနည်းငယ်နဲ့အတူ အာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။ကင်းမြီးကောက်ဘုရင်ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရား အနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမက အနူးဘစ်ရဲ့ စစ်တပ်ကြီးကိုဦးဆောင်ကာ ပိုလို့ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။The Scorpion King ဇာတ်ကားမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးရဲ့ ငယ်ရွယ်နုပျိုစဉ်အချိန်ကာလကို ရိုက်ကူးထားတာပါ။ မားသရပ်စ် အမည်နဲ့ လူငယ်လေးဘဝမှ ...
movie

The Scorpion King (2002)

2002
Hidalgo(2004) 6.7
Hidalgo(2004) Hidalgo(2004)==============ဒီတစ်ခါမှာတော့ Adventure အမျိုးအစားကို ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့ကို ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါဦးမယ်။ ဇာတ်ကားနာမည်ကတော့ Hidalgo လို့ခေါ်ပြီး၂၀၀၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ထူးခြားချက်ကတော့ အမေရိကန် မြင်းစီးသမား Frank Hopkins နဲ့သူ့မြင်း Hodalgo ရဲ့ ဖြစ်ရပ်မှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာပါ။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Frank Hopkins နဲ့သူ့မြင်းက Buffalo Bill ဆိုသူရဲ့ Wild West show မှာ အကြမ်းခံနိုင်ဆုံးမြင်းစီးသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနာမည်ကို အာရပ်လူမျိုး‌တွေ ဖြစ်ကြတဲ့ ရှိတ်မိသားစုက သဘောမကျကြပါဘူး။ဘာလို့လဲဆိုတော့ အတော်ဆုံးမြင်းစီးသမားနဲ့ အကောင်းဆုံးမြင်းကသူတို့ဆီမှာပဲ ရှိတယ်လို့ ယူဆကြလို့ပါ။ ဒါကြောင့်မလို့ ရှိတ်မိသားစုကFrank Hopkins ကို "မီးပင်လယ်"လို့ခေါ်တဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အနိုင်ရရှိသူက ဆုကြေးငွေအနေနဲ့အမေရိကန်ဒေါ်လာ ၁ သိန်း အနိုင်ရမှာပါ။ပိုကောင်းတဲ့အနာဂတ်ကို ရရှိဖို့အတွက် ...
movie

Hidalgo(2004)