Channel Myanmar

Adrian Derrick-Palmer

Star Wars: Episode VII – The Force Awakens (2015) 7.8
Star Wars: Episode VII – The Force Awakens (2015) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode VII – The Force Awakens (2015)

4K HEVC
Mary Queen of Scots (2018) 6.3
Mary Queen of Scots (2018) Mary Queen of Scots (2018)~ IMDb - 6.3/10, Rotten Tomatoes - 62% ~1500 ပြည့်နှစ်တွေက စကော့တလန်ဘုရင်မ မယ်ရီနဲ့ အင်္ဂလန်ဘုရင်မ အယ်လိဇဘက်တို့အကြောင်းကို ပြန်လည်ပုံဖော်ထားတဲ့ သမိုင်းကားကောင်းတစ်ကားပေါ့။ တိုင်းပြည်နှစ်ခုရဲ့ ကိုးကွယ်တဲ့ဘာသာ အယူအဆတွေ နိုင်ငံရေးရပ်တည်ချက်တွေ ကွဲပြားပုံနဲ့ နှစ်ဖက်ကောင်စီ၀င်၀န်ကြီးတွေရဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကြားက ၀မ်းကွဲတော်စပ်တဲ့ ဘုရင်မ၂ဦးအကြောင်းကို ရိုက်ထားတာပါ။မယ်ရီက ကက်သလစ်ကိုးကွယ်သူဖြစ်ပြီး အယ်လိဇဘက်က ရိုမန်ကက်သလစ်ကိုးကွယ်သူဖြစ်ပါတယ်။ အဲဒီတုန်းက ဘာသာရေးကွဲလွဲချက်တွေပြင်းထန်တဲ့အတွက် ၂နိုင်ငံအမြင်မတူဘဲ စစ်ဖြစ်နိုင်တဲ့အခြေအနေပါ။ ဒါကို မယ်ရီက ၀မ်းကွဲအမ အယ်လိဇဘက်ဆီကနေ ဆက်ခံသူအဖြစ်တောင်းဆိုတဲ့အခါ ဒီအချက်က နိုင်ငံ၂ခုကြားက တင်းမာတဲ့အခြေအနေကို ပိုလှုံ့ဆော်လိုက်တာပါ။မယ်ရီက အသက်၁၅နှစ်မှာ ပြင်သစ်သားနဲ့ အိမ်ထောင်ကျခဲ့ပြီး မုဆိုးမအဖြစ်နဲ့ စကော့တလန်ကိုပြန်လာတာပါ။ အယ်လိဇဘက်က အိမ်ထောင်မရှိ ဆက်ခံသူမရှိတဲ့အတွက် မယ်ရီရဲ့ဖြစ်တည်မှုက အယ်လိဇဘက်ရဲ့အာဏာနဲ့ ထီးနန်းကို ခြိမ်းခြောက်နေခဲ့ပါတယ်။ သံတမန်တွေနဲ့ တွေ့ဆုံပြီး ...
movie

Mary Queen of Scots (2018)

2018