Channel Myanmar

Adrianna So

As If It’s True (2023) 5
As If It’s True (2023) As If It's True (2023) "တကယ်ဆိုရင်..." IMDb - 5/10"One More Chance"လိုမျိုး သီချင်းအေးအေးလေးတွေ သီဆိုတတ်တဲ့ အဆိုတော်သရုပ်ဆောင် မင်းသားငယ်လေး Khalil Ramosနဲ့ Spirit of the Glass 2: The Hunted (2017)မှာ ချဲလ်ဆီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Ashley Ortegaတိုရဲ့ အချစ်ရိုမန့်စ်ဖိလစ်ပိုင်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျမ်မာစတုန်းဆိုတဲ့ကောင်မလေးရဲ့ သူ့ကို အလုပ်ထုတ်လိုက်တဲ့ သူဌေးဖြစ်သူကို ပေါက်ကွဲပြီး ဆဲဆိုထားတဲ့ တက္ကစီပေါ်ကဗီဒီယိုလေးက လိုင်းပေါ်မှာအတော်လေးဂယက်ထသွားပါတယ်။ အဲဒီကနေစလို့ ဖော်လိုဝါတွေတိုးလာခဲ့တဲ့ ဂျမ်မာတစ်ယောက် လူသိများတဲ့ အင်ဖလူယန်ဆာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဖော်လိုဝါတွေ ဆက်တိုးလာဖို့နဲ့ သူတင်တဲ့ဗီဒီယိုတွေကို ကြည့်ရှုသူအရေအတွက်တိုးလာအောင် သူ့ဘ၀ပါလို့ထင်စေမဲ့ အစစ်အမှန်မဟုတ်တဲ့ဘ၀တစ်ခုကို အမြဲတမ်းတင်ဆက်ပေးနိုင်ဖို့ တစ်နည်းပြောရရင် ဆိုရှယ်မီဒီယာမှာ ဂယက်ထဖို့ ကြိုးစားနေရသူလေးပေါ့။ ဒီလိုကနေ ဂျိမ်းစ်ဆိုတဲ့ ရုန်းကန်နေရဆဲ အဆိုတော်လေးနဲ့ ဆုံတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Drama, Romance Quality…. 1080p | 720p File size…  1.3GB | 559MB Format… ...
movie

As If It’s True (2023)

2024
Ten Little Mistresses (2023) 7.2
Ten Little Mistresses (2023) Ten Little Mistressess (2023)2023မှာ ထွက်ရှိထားတဲ့ Ten Little Mistresses ‌ဆိုတဲ့ Comedy, Mystery ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒွန်ဗယ်လန်တီဆိုတဲ့သူဌေးကြီးတစ်ယောက်ဟာ သူ့မိန်းမ ချာရိုဆုံးပြီး‌နောက်‌ မယားငယ်ဆယ်ယောက်ထားခဲ့ပါတယ်။ တစ်နေ့မှာ သူ့ရဲ့‌မွေးနေ့မှာ သူ့ရဲ့မယားငယ်အားလုံးကို အိမ်တော်ကိုဖိတ်ကြားခဲ့ပြီး လက်ဆောင်တွေပေးခဲ့ပြီး သူ့ဘဝအသစ်ပြန်စတင်ချင်ကြောင်းပြောကြားခဲ့တယ်။ဒါပေမယ့် သူပြောခဲ့သလို မရိုးရှင်းခဲ့ပါဘူး သူ့ရဲ့မွေးနေ့မှာ သူ့ညီ ဒွန်ကွန်စတမ်တင်ကို သတ်ဖို့စီစဉ်ခဲ့ပါတယ်။ မယားငယ်အားလုံးကလည်း သူ့ရဲ့အစီအစဉ်တွေမသိခဲ့ဘဲ လက်ဆောင်တွေကိုပဲ မက်မောနေခဲ့ကြပါတယ်။ နောက်ဆုံးအသတ်ခံရတဲ့သူကတော့ သူ့ညီတင် မကဘဲ သူတို့ညီအစ်ကို နှစ်ယောက်လုံး ဖြစ်နေခဲ့ပါတယ်။ အားလုံးထင်ထားခဲ့သလို ဒွန်ဗယ်လန်တီက သူ့ရဲ့ညီကို သတ်ခဲ့တာ မဟုတ်ဘဲ မယားငယ်တစ်ယောက်က အကုန်သေချာ အကွက်ချစီစဉ်ခဲ့ပြီး နှစ်ယောက်လုံးကိုသတ်ခဲ့တာပါ။ ဘယ်သူ ဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ရှုစားကြည့်ကြပါဦး။ဇာတ်လမ်းက Comedy လည်းပါသလို မြုပ်ကွက်ကလေးလည်းပါတာမို့ ပေါ့ပေါ့ပါးပါးကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့မဲ့ကားလေးမို့ ခံစားကြည့်လိုက်ပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။Genre..... Comedy, Mystery Quality…. 1080p | 720p | ...
movie

Ten Little Mistresses (2023)

Pa-Thirsty (2022)
Pa-Thirsty (2022) Pa-Thirsty (2022)ဒီတစ်ခါမှာ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ ဖိလစ်ပိုင် အချစ်ဟာသဇာတ်ကားလေးပဲ ဖြစ်ပါတယ် ။အားလပ်ရက်မှာ အချစ်ငတ်နေတာကို ဖြေဖျောက်ဖို့ အခင်ဆုံးသူငယ်ချင်း နှစ်ယောက် ဖြစ်တဲ့ Kween Pearl နဲ့ Kween Achilles တို့ ခရီးထွက်လာရာကန ကောင််လေးတစ်ယောက်တည်းကို အတူတူချစ်မိသွားပါတော့တယ် ။အချစ်ကိုရှာဖွေရာကနေ အချစ်အတွက် တိုက်ပွဲဝင်ကြတဲ့ Kween PEARL နဲ့ Kween ACHILLES တို့ သူငယ်ချင်းနှစ်ယောက်ကြား ဘာတွေဆက်ဖြစ်လာဦးမှာလဲ ။LGBT တွေရဲ့ အကြောင်းကို ရိုက်ပြထားတာမလို့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတစ်ချို့ကိုလည်း သိမြင်နိုင်ဦးမှာပါ ။ဒီကားလေးထဲမှာ အချစ်က ဘယ် gender အတွက်ဆိုပြီး ခွဲခြားထားခြင်းမရှိဘဲ လူတိုင်းက တန်းတူ အချစ်ခံထိုက်ကြောင်းကိုလည်း ပြသထားပါတယ် ။***** မသင့်တော်တဲ့ အခန်းတစ်ချို့ရယ် စကားလုံးခပ်ကြမ်းကြမ်းတွေရယ်ကြောင့် 18+ အဖြစ် သတ်မှတ်ထားလို့ လူကြီးတွေနဲ့ အတူတူ မကြည့်မိဖို့ သတိပေးချင်ပါတယ် ။ *****အညွှန်း ...
movie

Pa-Thirsty (2022)

2022