Channel Myanmar

Adrienne Pearce

American Ninja 3: Blood Hunt (1989)
American Ninja 3: Blood Hunt (1989)  ဒီတစ်ကားမှာတော့ ရှောင်ဒေးဗစ်ဆန်ဆိုတဲ့ကောင်လေးဟာ သူ့အဖေပါဝင်မယ့် နပန်းပွဲကို ကြည့်ဖို့ရောက်နေတာ ဖြစ်ပြီး စိတ်လှုပ်ရှားနေတဲ့အတွက် သူ့အဖေကို စင်နောက်မှာ သွားရှာပါတော့တယ်။ ဒီအချိန်မှာ ကောင်တာကို ဓားပြတိုက်ဖို့ လာတဲ့အဖွဲ့နဲ့တိုးပြီး ရှောင်ကို ဓားစာခံအဖြစ် ချုပ်ထားပါတော့တယ်။ဒီအချိန်မှာပဲ ရှောင်ရဲ့အဖေဖြစ်သူဟာ ရှောင့်ကို ကယ်ဖို့ကြိုးစားရင်း ပစ်သတ်ခံလိုက်ရပါတော့တယ်။ ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့ ရှောင့်ကို ဂျပန်လူမျိုး အီဇူမိုဆိုတဲ့လူကြီးက ပြုစုစောင့်ရှောက်ခဲ့ပြီး နင်ဂျာအတတ်ပညာတွေကို ဆရာစားမချန် သင်ကြားပေးခဲ့တဲ့အတွက် သူဟာ နင်ဂျာတစ်ယောက် ဖြစ်လာခဲ့ပြီး ကရာတေးချန်ပီယံအနေနဲ့ ဘဝကိုဖြတ်သန်းနေပါတော့တယ်။ ဒီလိုနဲ့ ကျွန်းတစ်ကျွန်းမှာ နိုင်ငံတကာ ကရာတေးပြိုင်ပွဲ ကျင်းပပေးတဲ့အတွက် ရှောင်တစ်ယောက် ပြိုင်ဖို့ရောက်လာပါတော့တယ်။ဒီအချိန်မှာ အရင်ဇာတ်ကားမှာပါဝင်ခဲ့တဲ့ ဇာတ်လိုက်ကျော်ကြီး ဂျက်ဆန်လည်း လာရောက်ယှဉ်ပြိုင်ပါတယ်။ တစ်ကယ်တမ်းကျ ကရာတေးပြိုင်ပွဲက အယောင်ပြသာဖြစ်ပြီး ဒီကျွန်းပေါ်မှာ အန္တရာယ်ရှိဗိုင်းရပ်စ်တွေကို စမ်းသပ်နေတာဖြစ်ပါတယ်။ ဒီကိစ္စမှာ ရှောင်နှင့် ဂျက်ဆန်တို့နှစ်ယောက် ဘယ်လိုပါဝင်ပတ်သက်လာပြီး ဘယ်လိုတားဆီးကြမလဲ ရှောင့်အနေနဲ့ သွေးကြွေးဆပ်ဖို့ ဘယ်လိုကြုံကြိုက်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပြီး ...
movie

American Ninja 3: Blood Hunt (1989)

Glasshouse (2022)
Glasshouse (2022)    ဖန်လုံအိမ်အာနိသင် Glass house effectဆိုတာကို ၈တန်း ၉သန်းသိပ္ပံမှာထဲက ကြားဖူးကြမှာပါ ဒီသိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းမှာတော့ အနာဂတ်လွန်ကာလတစ်ခုမှာ ကမ္ဘာကြီးမှာကပ်ရောဂါတစ်ခုဆိုက်ကပ်ခဲ့ပါတယ် အဲ့ဒါကတော့ တခါမှစိတ်‌တောင်မကူးဖူးတဲ့ ကပ်ရောဂါတစ်ခုပါပဲအဲ့ဒါကတော့ရှူရှိုက်လိုက်တာနဲမှတ်ဉာဏ်တွေကိုပျက်စီးပြန့်ကျဲသွားစေတဲ့ The Shredလို့‌ ခေါ်တဲ့အဆိပ်တမျိုးပါ အဆိပ်က လေထုတစ်ခုလုံးမှာ ပြန့်နှံ့နေတာကြောင့် ကမ္ဘာလူအဖွဲ့အစည်းတစ်ခုလုံး ပြိုလဲသွားပါတော့တယ် အဲ့ဒီလိုကပ်ဘေးဆိုက်နေချိန်မှာ အဆိပ်ကလက်ကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကျေးလက်နေမိသားစုလေးတစ်စုရှိပါတယ် ဒီမိသားစုက ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်ကာ လေမဝင်အောင် သူတို့တည်ဆောက်ထားတဲ့ဖန်လုံအိမ်ကြီးမျိုးထဲမှာနေကြပါတယ်သူတို့ရဲ့စခန်းထဲကိုဘယ်သူ့ကိုမှလည်းအဝင်မခံပါဘူးဒါပေမဲ့ငယ်ငယ်တုန်းက သူတို့အိမ်ကနေထွက်သွားတဲ့ လူကာဆိုတဲ့အကိုကြီးကို အမေကြီးနဲ့မောင်နှမတွေကမျှော်နေခဲ့ပါတယ် တနေ့မှာစခန်းနားမှာဒဏ်ရာရလူတစ်ယောက်ကို ဘီး‌‌ ကကယ်တင်ခဲ့ပါတယ် သူတို့‌မမှတ်မိနိုင်တော့တဲ့ သူတို့ထင်မိသလို သူတို့ရဲ့တစ်ချိန်ကထွက်သွားတဲ့အကိုကြီးက တကယ်ပဲအဲ့ဒီလူဖြစ်နေမလား အဲ့ဒီလူရဲ့သရုပ်မှန်ကရော ဘယ်သူလဲ မောင်နှမမေတ္တာ ၅၂၈ နဲ့ အချစ် ၁၅၀၀တို့ရောထွေးမိပုံကို ဖော်ပြထားတာကြောင့် ကြည့်ရှုသင့်တဲ့Dramaကားကောင်းပါ ဒါပေမဲ့ Incest 18+sceneတွေပါတာကြောင့် မိသားစုနဲ့တော့မကြည့်ရှုဖို့အကြံပေးပါရစေ File size…(1.24GB)/(661MB)/(331MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre..Drama / Sci-Fic ...
movie

Glasshouse (2022)

Tremors: A Cold Day in Hell (2018) 5.0
Tremors: A Cold Day in Hell (2018) ဒီကားလေးဟာဆိုရင် ဂရက်ဘွိုက်လို့ခေါ်တဲ့ လူသားစားဧရာမတီကောင်ကြီးတွေကတော့ tremor ဆိုတဲ့ titleလေးအတိုင်းပဲ ကြောက်စရာ ရင်ထိတ်စရာကောင်းပါတယ် အဲ့သတ္တဝါတွေက ပူနွေးတဲ့ရာသီဥတုမျိုးမှာပဲ နေထိုင်ကြတာများပါတယ် ဒါပေမဲ့ အိမ်မက်ဆိုးကြီးတစ်ခုလို ကနေဒါက အေးခဲနေတဲ့အာတိတ်ဝင်ရိုးစွန်းလိုနေရာဘက်ကို အကောင်တွေပြောင်းရွေ့လာကြပါပြီတဲ့ဒီလို ထူးဆန်းတဲ့အကြောင်းတရားတွေကို ဖော်ထုတ်နေတဲ့အချိန်မှာပဲ ဘာ့တ်ဆိုတဲ့သူမှာ ဂရက်ဘွိုက်အကောင်ဆီကနေ သေနိုင်တဲ့ပြင်းထန်တဲ့ အဆိပ်မိထားပါလေရောလူသားစား ဧရာမတီကောင်ကြီးတွေလက်က သူတို့တွေ ဘယ်လိုလွတ်အောင်တိုက်ကြမလဲ ဒီကြားထဲ အကောင်ကြီးကို ဇီဝလက်နက်အဖြစ်နဲ့ အမြတ်ထုတ်မယ့် သူတစ်ချို့ရယ် အဆိပ်မိနေတဲ့ ဘာ့တ်ကရော ဘယ်လိုတွေရှေ့ဆက်ဖြစ်မလဲဆိုတာကတော့ ဒီကားလေးကို ကြည့်ပြီးရင် သိရမှာဖြစ်ပါတယ်Horror ကားအမျိုးအစားလို့ဆိုပေမဲ့ စွန့်စားခန်းတွေ actionတွေနဲ့ ရယ်စရာဟာသလေးတွေပါပါနေတဲ့ ကားတစ်ကားပါTremors: Shrieker Island (2020) ကိုတော့ https://channelmyanmar.org/tremors-shrieker-island-2020/  မှာကြည့်ပါ။ Qty - 720p BlurayGern - Action /Horror/ThrillerDuration - 1hr 55minTranslator - May Phyu KhinEncoder - Kyaw Ye Aung
movie

Tremors: A Cold Day in Hell (2018)