Channel Myanmar

Aewia Huillet

Dorian Gray (2009) 6.2
Dorian Gray (2009) ဒီဇာတ်ကားက Oscar Wilde ရဲ့ ဂန္တဝင်ဝထ္ထုကိုလိုက်လျောညီထွေနဲ့စွဲမက်ဖွယ်ကောင်းလောက်အောင်ပြန်လည်ပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။လူတွေရဲ့အတ္တနဲ့သေခြင်းတရားအပေါ်ကြောက်ရွံ့မှုတို့ကိုနက်ရှိုင်းတဲ့သဘောနဲ့ပုံဖော်ပြထားပါတယ်။စွဲမက်လောက်စရာရုပ်သွင်ရှိတဲ့ Ben Barners က Dorian Gray ဇာတ်ကောင်နေရာမှာသရုပ်ဆောင်ပေးထားတာကဇာတ်လမ်းနဲ့တကယ့်ကိုလိုက်ဖက်ညီလွန်းပါတယ်။ဇာတ်လမ်းသဘောကတော့သူ့ရဲ့ဝိညဥ်ကိုနတ်ဆိုးနဲ့မမျှော်လင့်ပဲအပေးအယူလုပ်မိသွားတဲ့ကောင်ချောလေးတစ်ယောက်အကြောင်းပါ။ရိုးသားဖြူစင်တဲ့ကောင်ချောလေးဒိုရီယန်ဟာအဖိုးသေဆုံးသွားပြီးအမွေဆက်ခံဖို့အတွက်တောကနေလန်ဒန်မြို့ကြီးကိုရောက်လာခဲ့ပါတယ်။မအူမလည်ဖိုးသခွားလေးဟာ လူရှုပ်လူပွေကြီး Lord Henry နဲ့ပေါင်းမိပြီးတဲ့နောက်မှာကောင်ချောလေးကနေကောင်ဇိုးလေးဖြစ်လာခဲ့ပါတယ်။ဆရာထက်တပည့်လက်စောင်းထက်လာတဲ့ဒိုရီယန်ဟာသူ့ဝိညဥ်ကိုမမျော်လင့်ဘဲ နတ်ဆိုးနဲ့အလဲအလှယ်လုပ်မိသွားတဲ့နောက်မှာမအိုမင်းနိုင်တဲ့ခန္တာကိုပိုင်ဆိုင်သွားပြီးမြင်းကိုဂျိုတပ်ပေးလိုက်သလိုတွေဖြစ်သွားတဲ့အခါ....သူ့နုပျိုမှုကထာဝရခံပါ့မလား အဲ့ဒီအလဲအလှယ်အတွက်သူဘာတွေပေးဆပ်လိုက်ရမလဲဆိုတာဇာတ်ကားထဲမှာဆက်ပြီးစောင့်ကြည့်ပေးကြပါဦး....Ben Bernes က Dorian Gray ရဲ့ ဇာတ်ကောင်ကိုအပြစ်ကင်းစင်တဲ့လူငယ်လေးတစ်ယောက်ရဲ့ဘဝကနေပြီးတော့စိတ်ဝိညဥ်မရှိတော့တဲ့အထိကိုယ့်ကျင့်တရားဖောက်ပြန်စိတ်ဓာတ်ပျက်ပြားတဲ့လူတစ်ယောက်အဖြစ်ကူးပြောင်းလာပုံကို ကျွမ်းကျွမ်းကျင်ကျင်ပဲပုံဖော်ပြသွားပါတယ်။Horry and Mystery vibes မျိုးကိုသေချာခံစားချင်ပြီးတကယ်စိတ်ဝင်စားစရာကောင်းပြီးကြည့်ရတာတန်တဲ့ဇာတ်လမ်းမျိုးကိုရှာနေရင်ဒီဇာတ်ကားလေးကသင်တို့အတွက်ပါပဲလို့...( PS. တစ်ချို့ဇာတ်ဝင်ခန်းတွေက မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်တဲ့အတွက်ကြောင့်ညမှောင်မှောင်မှာ တစ်ယောက်တည်း or သူငယ်ချင်းတွေနဲ့စုကြည့်ကြဖို့ပြောချင်ပါတယ်။)  File size…  1.74 GB /  800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre .....  Drama, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai ...
movie

Dorian Gray (2009)

2009
The Da Vinci Code (2006) 6.6
The Da Vinci Code (2006) The Da Vinci Code (2006) ဒီရုပ်ရှင်အကြောင်းပြောဖို့ရာဆိုရင် Dan Brown ကနေစရမှာဘဲ။ သူ့ရဲ့ စာအုပ်တွဲ ကြီးအကြောင်းပေါ့။ အစဉ်လိုက်ပြောရမယ်ဆိုရင် Angels and Demons ကနေစပြီး Deception Point ထိတိုင်း ခြောက်အုပ်တိတိထွက်ရှိခဲ့တယ်။ သူ့ရဲ့ ဒီစိတ်ကူးယဉ်ဝတ္ထုဟာ ကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့တဲ့အထိကို အားပြင်းခဲ့တယ်။ သမိုင်းအစစ်အမှန်တွေကို အခြေခံပြီးမှ စိတ်ကူးယဉ်ထားလို့ သာမန်လူတွေသာမက သမိုင်းပညာရှင်တွေကိုပါ တွေဝေစေခဲ့တဲ့အထိပါဘဲ။ ဒါပေမယ့် Dan က သူ့ရဲ့ စာအုပ်တွေတိုင်းရဲ့မျက်နှာဖုံးမှာ A Novel ဆိုပြီး စာလုံးကြီးကြီးနဲ့ကြေငြာထားတယ်။ သူ့ရဲ့စိတ်ကူးယဉ် အတွေးစလေးတွေကနေဖြစ်လာတဲ့ အတွေးပေါင်းချုပ်ကြီးသက်သက်မျှသာပေါ့။ ဒီစာအုပ်တွဲကြီးမှာမှ ၂၀၀၃ မှာထွက်ရှိခဲ့တဲ့ ဒုတိယမြောက်စာအုပ်ဖြစ်တဲ့ The Davinci Code ဟာ စာဖတ်သူတို့သမိုင်းမှာ စံချိန်မျိုးစုံတင်နိုင်ခဲ့တယ်။ စာအုပ်အနေနဲ့သာမက ရုပ်ရှင်အဖြစ်ရိုက်တော့လည်း လူကြိုက်များတယ်။ မြန်မာဘာသာပြန်ကိုတောင် ၂၀၁၇ အစောပိုင်းမှာ ထွက်လာပါသေးတယ်။ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အဓိကပြတိုက်ကြီးဖြစ်တဲ့ လူးဝ်ပြတိုက်မှာ ညကြီးသန်းခေါင် ပြတိုက်မှူးကြီး အသတ်ခံရသတဲ့။ ပြတိုက်မှူးကြီးဟာ သူမသေခင်မှာ ...
movie

The Da Vinci Code (2006)

2006
1080p HEVC