Channel Myanmar

Afiq Rahem

Wayang Puaka (2023)
Wayang Puaka (2023)  ဒီတစ်ခါမှာတော့ CM ရဲ့ Horror ပရိတ်သတ်ကြီးများအတွက်မလေးရှား သရဲကားကောင်းကောင်းလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်ကားနာမည်က မြန်မာလိုဆိုရင်တော့"သရဲခြောက်တဲ့ရုပ်ရှင်ရုံ" ပါတဲ့။ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် ဟက်တာလို့ခေါ်တဲ့ကောင်လေးနဲ့ သူ့သူငယ်ချင်းတစ်စုက အာနိုမာလီလို့ခေါ်တဲ့Ghost hunting YouTube channel တစ်ခုထောင်ထားကြပါတယ်။မလေးရှားနိုင်ငံအတွင်းက သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့နေရာတွေကိုသွားပြီး သရဲရှာတာမျိုးကို ရိုက်ကူးတင်ဆက်တဲ့Channel မျိုးပေါ့။ အဲ့ channel က နာမည်ရလာခါစအချိန်မှာအာနိုမာလီအဖွဲ့သားတွေက လူငယ်တွေဖြစ်တဲ့အလျှောက်သဘောထားမတိုက်ဆိုင်မှုတွေ ပြဿနာကိစ္စအဝဝတွေကြောင့်အဖွဲ့ပျက်သွားခဲ့ပါတယ်။ အာနိုမာလီအဖွဲ့ကိုစတည်ထောင်တဲ့ဟက်တာတစ်ယောက်တည်းကပဲ ရိုက်ကူးရေးတွေဆက်လုပ်ရင်းတစ်နေ့မှာတော့ ရုတ်တရက်ပျောက်ဆုံးသွားပါတော့တယ်။ အာနိုမာလီအဖွဲ့သားဟောင်းတစ်ဖြစ်လဲ ဟက်တာရဲ့ညီဖြစ်သူ အာဖစ်ကဟက်တာရဲ့ Laptop ထဲကို ဝင်ကြည့်တဲ့အခါမှာ ဟက်တာနောက်ဆုံးသွားခဲ့တဲ့နေရာဟာ သရဲခြောက်တဲ့ရုပ်ရှင်ရုံဆိုတာကိုသိသွားပြီးအာနိုမာလီအဖွဲ့သားဟောင်းတွေနဲ့ အဲ့နေရာကိုသွားရောက်ရိုက်ကူးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ဒီဇာတ်ကားက Found footage horror movie မျိုးဖြစ်တဲ့အတွက်သူတို့ရဲ့ရိုက်ကူးရေးကင်မရာတွေ Cctvကင်မရာတွေ web camတွေစတဲ့ ကင်မရာ footageမြင်ကွင်း တွေကိုတင်ဆက်ထားတာမို့ပိုပြီး သဘာဝကျတဲ့ခံစားမှု‌မျိုးကိုပေးစွမ်းနိုင်မှာပါ။ Horror movieမှာဆိုအဆင့်အတန်းတစ်ခုရှိတဲ့ ‌မလေးရှားသရဲကားဖြစ်တဲ့အတွက် horrorအရသာကိုကောင်းကောင်းပေးနိုင်မယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…2.13 GB / ...
movie

Wayang Puaka (2023)