Channel Myanmar

Agnieszka Grochowska

Wheel of Love (2023) 5.8
Wheel of Love (2023)  Ro လွန်းလို့မျက်ရည်ပါကျရမယ့် အချစ်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကတော့  IMDb မှာ Rating5.8 အထိရရှိ ထားပါတယ်။ဒီဇာတ်ကားလေးရဲ့ အဓိကဇာတ်ဆောင်ကတော့မက်စ်ဆိုတဲ့အားကစားဖိနပ်ကုမ္ပဏီပိုင်ရှင် မက်စ်ဖြစ်ပြီး သူကတော့အသက် ၄၄ ရှိပြီဖြစ်တဲ့ အချစ်ကိုတစ်ခါမှသေချာမခံစားဖူးပဲ ကောင်မလေးတွေကိုလိုက်ပလေးနေတဲ့စားဘဲကြီးပါ။ဒီနေ့တွေ့မနက်ဖြန်--သဘက်ခါထားသွားမယ်ဆိုတဲ့ စကားကသူ့ရဲ့လက်သုံးစကားဖြစ်ပါတယ်။ဒါပေမယ့် အဲ့ဒီအရာတွေအားလုံးက ဂျူလီယာလို့ခေါ်တဲ့ဝှီးချဲလေးနဲ့ ကောင်မလေးကိုတွေ့လိုက်တဲ့အခါမှာတော့ သူ့အတွက်ပြောင်းလဲသွားပါတော့တယ်။အဲ့ဒီကောင်မလေးနဲ့ ရင်းနှီးခွင့်ရဖို့အတွက် မက်စ်ကိုယ်တိုင်ကဝှီးချဲနဲ့ခြေထောက်မသန်စွမ်းသလို ဟန်ဆောင်ပြီးကြိုးစားပါတော့တယ်။အချိန်တွေကြာလာတာနဲ့အမျှ မက်စ်ကသူ့ဘ၀မှာတစ်ခါမှမခံစားဖူးတဲ့ အချစ်ဆိုတဲ့အရာကြီးရဲ့စစ်မှန်တဲ့ အရသာကိုသိရှိလာတဲ့အခါမှာ သူတို့နှစ်ယောက်ကြားမှာဘယ်လိုအချစ်ဇာတ်လမ်းလေးတွေ ဆက်ဖြစ်ကြမလဲ။လိမ်ညာတာ လှည့်စားတာတွေကိုမကြိုက်တဲ့ ဂျူလီယာနဲ့ လိမ်ညာထားတဲ့မက်စ်တို့နှစ်ယောက် ဘယ်လိုတွေရှေ့ဆက်ကြမလဲဆိုတာကို ကြည့်ရမဲ့ဒရာမာကားလေးပဲဖြစ်ပါတယ်။ File size…2.11GB / 990MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 47m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Wheel of Love (2023)

Mother’s Day (2023) 5.3
Mother’s Day (2023) Mother's Day (2023)ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​တော့ ခပ်ကြမ်းကြမ်း အက်ရှင်ကား​တွေကိုမှ ကြိုက်တဲ့သူ​တွေအတွက် Netflix မှာထွက်ထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ကား​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~​နေတိုးအထူး​အေးဂျင့်​ဟောင်းတစ်ဦးဖြစ်တဲ့ နီနာတစ်​ယောက် နှစ်​ပေါင်းများစွာ တစ်​ယောက်တည်း ဇာတ်မြုပ်​နေရာက​နေ ရုတ်တရက် အ​​မေများ​နေ့မှာ သားဖြစ်သူ မက်စ် တစ်​ယောက် ရန်သူ​တွေရဲ့ အငြိုး​ကြောင့် ပြန်​​ပေးဆွဲခံလိုက်ရတဲ့အခါ သူ့ရဲ့ ​အေးဂျင့်တုန်းက စ​ကေး​တွေကို ဘယ်လိုထုတ်သုံးပြီး ပြန်ကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းများများနဲ့ ခပ်မိုက်မိုက် ကြမ်းကြမ်း​လေး ကြည့်ရမယ့် သည်းထိတ်ရင်ဖိုကား​လေး တစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.3GB, 640MB Quality - 1080p, 720p Format - mp4 Duration - 1H 34Min Genre - Action, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by ...
movie

Mother’s Day (2023)

2023
How I Fell in Love with a Gangster (2022)
How I Fell in Love with a Gangster (2022) ဒီကား‌လေးကတော့ အရင်ခေတ်က နာမည်ကြီးခဲ့တဲ့ပိုလန်လူဆိုးဂိုဏ်းခေါင်းဆောင်ကြီး Niko Skotarczak ရဲဘ၀ဇာတ်ကြောင်းကိုမှီငြမ်းပြီး ရိုက်ပြထားတာပါ။သူကပိုလန်နိုင်ငံမှာ ကွန်မြူနစ်ခေတ်က အရှေ့ဂျာမဏီနဲ့မှောင်ခိုကူးပြီးတော့အရမ်းချမ်းသာလာတာပါ။သူ့ကိုပိုလန်ရဲ့ Pablo Escobar လို့တောင်ခေါ်ကြပြီး သူလည်း Escobar လိုပဲသူ့မြို့‌ကဆင်းရဲသားတွေအတွက်‌ တော့လူကြိုက်များပြီး ဘောလုံးအသင်းတစ်သင်းကိုလည်းငွေကုန်ခံပြီး၀ယ်ခဲ့ပါသေးတယ်။နီကိုရဲ့လူနေမှုစရိုက်ကတော့အဲဒီခေတ်မှာ ထူးဆန်းပြီးတော်တော်လူပြောများခဲ့ပါတယ်။ ဒီကားမှာ‌တော့နီကိုရဲ့ ကလေးဘ၀ကနေစပြီး လူမိုက်ဖြစ်လာပုံ၊ဒုစရိုက်လုပ်ငန်းတွေနဲ့ကြီးပွားလာပုံ၊ပိုလန်ရဲ့နာမည်အကြီးဆုံးဂိုဏ်းစတားဖြစ်လာပုံနဲ့နောက်ပိုင်းမူးယစ်ဆေးဝါးတွေနဲ့ပတ်သက်လာပြီး‌ကျဆုံးသွားပုံတွေကို ရိုက်ပြထားပါတယ်။နီကိုရဲ့ဘ၀တလျှောက် များပြားလှတဲ့ချစ်သူအမျိုးသမီးတွေ၊သူ့မိသားစု၀င်အကြောင်းတွေ၊ဒုစရိုက်လောကရဲ့ လှည့်ဖျားမှုတွေ၊သစ္စာဖောက်မှုတွေ ရက်စက်တာတွေပါကြည့်ရှူရမှာပါ။ ပိုလန်ဘာသာစကားပြောကားလေးဖြစ်ပြီး တင်ဆက်ပုံက Goodfellas ကားတို့လိုပုံစံဖြစ်ပြီးတမူထူးခြားပါတယ်။ဒါရိုက်တာ Maceij Kawulskiကရိုက်ကူးထားပြီး Tomasz Wlosok,Antoni Krolikowski, Agnieszka Grochowska, Magdalena Lamparska တို့ပါ၀င်ထားပါတယ်။ File size…(3 GB)/(1.7 GB)/(650 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….03:05:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

How I Fell in Love with a Gangster (2022)

Child 44 (2015) 6.5
Child 44 (2015) ဒုတိယကမ္ဘာစစ်ရဲ့ စစ်ပြန် ဆိုဗီယက် သူရဲကောင်းလီယိုဒီမီဒေါ့ဟာ စစ်ကြီးအပြီးမှာတော့ နိုင့်ငံရဲ့ လျှိုဝှက်ထောက်လှမ်းရေးအဖွဲ့မှာ ရာထူးကြီးကြီးနဲ့ထမ်းဆောင်နေပြီး ဇနီးလှလှလေးရိုင်စာနဲ့ တိုက်ခန်းကောင်းကြီးမှာတူတူနေနေပါတယ်။စစ်အေးခေတ်ကြီးရဲ့မတည်ငြိမ်တဲ့အချိန်နဲ့ ဆိုဗီယက် ကွန်မြူနစ်စနစ် ရဲ့ဖိနှိပ်မှုတွေရှိနေတဲ့ကြားက လီယိုတယောက် ကလေးငယ်တွေကိုပဲ လိုက်သတ်နေတဲ့ စိတ္တဇ လူသတ်သမားကိုဖော်ထုတ်အရေးယူဖို့ဖြစ်လာရပါတယ်။ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့မနာလို၀န်တိုမှုတွေရှိနေတဲ့အပြင် ဇနီးသည်နဲ့ဆက်ဆံရေးကလည်းထင်သလိုရိုးရှင်းမှုမရှိပါဘူး။လီယိုအနေနဲ့ ဒီလိုအခက်အခဲတွေကြားက ဘယ်လိုရုန်းထွက်သွားမလဲ။နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Tom Hardy နဲ့ Noomi Rapace တို့ကခေါင်းဆောင်နေရာကပါ၀င်ပြီး ဇာတ်ပို့‌နေရာမှာလည်း Joel Kinnama n,Paddy Considine တို့အပြင် ဝါရင့်မင်းသားကြီး Gary Oldman တို့ပါ အားဖြည့်ထားပါတယ်။စုံထောက်ဇာတ်လမ်းတွေကြိုက်တဲ့အပြင် စစ်အေးခေတ်နိုင်ငံရေးကိုစိတ်၀င်စားသူ‌တွေအတွက် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ File size…(2.6 GB) / (1.3 Gb) / (600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:17:00 Genre...Crime, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sett ...
movie

Child 44 (2015)

American Dream (2021) 5.0
American Dream (2021) American Dream (2021)==================IMDb Rating - 5.0/10 Rating က ထွက်ခါစကနေ တဖြေးဖြေးလည်း တတ်လာနေပါတယ်။ 2021 မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ Crime, Thriller  ဇာတ်ကားလေးပါ။Terminators 3 တို့ Sin city တို့လို ဇာတ်ကားကောင်းတွေထဲမှာ ပါဝင်ခဲ့ဖူးတဲ့ရရှားသရုပ်ဆောင် Nick Stahl ပြန်ပွဲဦးထွက်လာတဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။နစ်ကီနဲ့ စကော့တို့သူငယ်ချင်းနှစ်ယောက်က အမေရိကားကိုပြောင်းလာကြတဲ့ ရရှားနွယ်ဝင် Immigrants တွေပေါ့။သူတို့ရဲ့အိပ်မက်က လော့အိန်ဂျလိစ်မှာ  တိုက်တန်းလျားတစ်ခုဆောက်ပြီး ငှားစားဖို့ပါပဲ အဲဒီအိပ်မက်ကိုလည်းအကောင်အထည်ဖော်နေကြတာပေါ့။ ဒါပေမဲ့ ကံဆိုးစွာပဲ သူတို့ဆောက်လက်စတိုက်အတွက် ရန်ပုံငွေပြတ်ပြီးအပြီးမသတ်နိုင်ဖြစ်နေပါတယ်။ ဘဏ်တွေဆီကလိုက်ချေးငွေထုတ်ခဲ့ပေမယ့် အပေါင်ပစ္စည်းမပေးနိုင်တာမို့လို့ဘယ်ဘဏ်မှ ထုတ်မချေးကြပါဘူး။ ဒီလိုနဲ့ စကော့နဲ့ မင်္ဂလာပွဲတစ်ခုမှာ ခင်မင်ခဲ့တဲ့ ရရှားလူမျိုးယူရီဆိုတဲ့သူကသူတို့ကိုကူညီပေးနိုင်မယ့်သူရှိတယ်လို့ ကမ်းလှမ်းလာပါတယ်။ အဲဒီသူဆီက ချေးငွေထုတ်ပြီးကာမှ ဘဏ်တစ်ခုကတရားဝင်ထုတ်ချေးလာတာကြောင့် ပြန်ပေးခဲ့ပေမယ့် ယူရီက လက်မခံပဲ ငွေညှစ်ရာမှ တဖြေးဖြေးနဲ့ အသက်ကိုပါရန်ရှာလာတဲ့အခါမှာတော့ သူတို့ဘယ်လိုကြံကြဖန်ကြမလဲဆိုတာ စိတဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီဇာတ်ကားက မင်းသား ၃ ...
movie

American Dream (2021)

2021