Channel Myanmar

Agnieszka Więdłocha

Kill Me If You Dare (2024)
Kill Me If You Dare (2024) Kill me if you dare (2024)ပိတ်ရက်မှာ ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အပန်းဖြေနိုင်ဖို့ ပိုလန်နိုင်ငံက ရိုက်ကူးပြီး Netflix က ဖြန့်ချီထားတဲ့ Romance/ Comedy ရုပ်ရှင်လေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ပိုလန်နိုင်ငံက ရိုက်ကူးတာမို့ မြင်နေကျ Hollywood ရုပ်ရှင်တွေနဲ့ ကွဲထွက်နေပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ပျော့တ်နဲ့ နာတာလီယာတို့ဟာ ရုန်းကန်နေရတဲ့ သာမန်လင်မယားတွေပါ။ ငွေကြေးလည်း မချမ်းသာသလို စားနိုင်ရုံသောက်နိုင်ရုံပါပဲ။ အိမ်ထောင်သက်ကြာပြီဖြစ်တာမို့ ယောကျ်ားက မိန်းမကို ဂရုမစိုက်နိုင်တာ၊ ပိုက်ဆံနှမြောတာ အစရှိသဖြင့် ပြဿနာအသေးအမွှားတွေတော့ ရှိပေမယ့် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုပါပဲ။ နှစ်ပတ်လည်နေ့မို့လို့ ညစာထွက်စားရင်း ခဲခြစ်ကံစမ်းမဲလာရောင်းတဲ့ အဘွားကြီးဆီကနေ ခဲခြစ်ကံစမ်းမဲ ဝယ်ပြီး ကံစမ်းရာကနေ ပိုက်ဆံ ၅ သန်း မဲပေါက်သွားပါတယ်။ ဒီလိုနဲ့ လင်မယား ၂ ယောက်ကြား ငွေကြေးဝင်လာပြီး တစ်ယောက်ကို တစ်ယောက်ကများ သတ်ပစ်ပြီး ပိုက်ဆံတွေ လုမလားဆိုတဲ့ သံသယတွေ ဝင်လာကြလို့ တလွဲတွေဖြစ်တာကို ဟာသတွေနဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားလေးပါ။အညွှန်း နဲ့ ...
movie

Kill Me If You Dare (2024)

2024
Where the Devil Can’t Go, He Sends a Woman 2 (2023) 5.7
Where the Devil Can’t Go, He Sends a Woman 2 (2023)  ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ IMDb 5.7/10 ရရှိထားတဲ့ ပိုလန်စကားပြော Comedy/Crime/Drama ကားလေးပါ။ ဇာတ်လမ်းကတော့ ၁၉၉၀-၂၀၀၀ခုနှစ် ဝန်းကျင်က ပိုလန်နိုင်ငံရဲ့ စီးပွားရေး အားပြိုင်မှုတွေကြားထဲက လူလိမ်တစ်ဖြစ်လည်း ကုန်သည်ဖြစ်သူ ခါဇုမီယက်ဇ်ဘွန်ချက်ဇ်ရဲ့ မျိုးစုံကြိုးခုန်တတ်တဲ့၊ စီးပွားရေးကွက်ကျော်ရိုက်၊ ကလိမ်စေ့ငြမ်းစင်ပုံတွေကို ပုံဖော်ထားတာဖြစ်ပါတယ်။ သူကိုယ်တိုင်ကျ ကွက်ကျော်ရိုက်တတ်ပေမယ့် ကားခိုးမှုတွေများနေတဲ့နိုင်ငံမှာ သူ့ကားအခိုးခံရမှာကြောက်လို့ ကားစတီယာရင်ကို ဘယ်သွားသွားချွတ်ယူသွားတတ်တဲ့ ခါဇုတစ်ယောက် နိုင်ငံပိုင်ကုမ္ပဏီတွေကို ပုဂ္ဂလိပိုင်ဖြစ်အောင် ဘယ်လိုလုပ်ပြီး သန်းပေါင်းများစွာကို ဘယ်လိုအိတ်ထဲထည့်ခဲ့သလဲ၊ သတင်းအချက်အလက်တွေရယူဖို့ ဘယ်လိုလမ်းကြောင်းကနေ ကြိုးစားခဲ့သလဲ၊ ရာဇဝတ်မှုတွေကို ဘယ်လိုကျူးလွန်ခဲ့သလဲဆိုတာကို ရှုစားရမှာပါ။ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့သူ့ကို ဖမ်းဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိကိုရော ဘယ်လိုနှစ်ပေါက်တစ်ပေါက်ရိုက် လှည့်ထွက်ခဲ့သလဲ၊ အဲဒီ ရဲအရာရှိကရော သူ့ကို တကယ်ဖမ်းဆီးနိုင်ပါ့မလား၊ ဂျင်ပေါ်ကထုံးဖြစ်တဲ့ ခါဇုတစ်ယောက် ငွေနဲ့ပတ်သက်လာတဲ့အခါ ယုံကြည်ရတဲ့မိတ်ဆွေတွေကို အရင်အတိုင်း ဆက်ယုံကြည်နိုင်မှာလား၊ ခါဇုကိုရော သူ့ရဲ့မိတ်ဆွေတွေက နောက်ဆုံးအချိန်ထိ ယုံကြည်ပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ...
movie

Where the Devil Can’t Go, He Sends a Woman 2 (2023)

Planet Single (2016) 7.1
Planet Single (2016)   ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ ပိုလန်ဟာသဇာတ်မြူးလေးပါ Tomek ဆိုတဲ့ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ တီဗီအစီစဉ်တင်ဆက်သူက ပါဖက်ဖြစ်တဲ့ဖူးစာရှင်ကို အွန်လိုင်းဝက်ဆိုဒ်ပေါ်မှာရှာဖွေနေတဲ့ အင်္ဂလိပ်စာဆရာမအပျိုကြီး Ania နဲ့ ဆုံတွေ့ခဲ့ပါတယ် မိန်းမတိုင်းကလိုချင်ကြပြီး ယောက်ျားတိုင်းက သူ့လိုဖြစ်ချင်လောက်အောင် ဆွဲဆောင်နိုင်တဲ့ Tomek က သူ့အတွက် Ania ကြွေအောင်လုပ်ဖို့ လွယ်ကူမယ်လို့ထင်ခဲ့ပြီး သူ့ရဲ့နောက်ထပ်ပရိုဂရမ်မှာ Ania ကိုရယ်အောင်လုပ်ဖို့ ရုပ်သေးပွဲတစ်ခုလုပ်ပေးခဲ့ပါတယ် ဒီတော့ Ania ကTomek အပေါ်အထင်ကြီးပြီးကြွေသွားမလား ဒါမှမဟုတ် သူရှာနေတဲ့အွန်လိုင်းကရည်းစားကိုရော ရှာတွေ့ပါ့မလားဆိုတာကို ဟာသဇာတ်ကွက်လေးတွေနဲ့ ခပ်မြူးမြူးလေးရိုက်ပြထားပါတယ် ဟာသချစ်ပရိတ်သတ်တွေ တကယ်အကြိုက်တွေ့မယ့်ဇာတ်ကားလေးဖြစ်လို့ အားပေးကြပါဦး  File Size : (800 MB) and (430MB) Quality : Bluray 720p Running Time : 2hr 15minutes Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hardsub) Encode By ...
movie

Planet Single (2016)

2016