Channel Myanmar

Agustina Muñoz

Elena Knows (2023) 5.6
Elena Knows (2023) Elena Knows (2023)ခုလတ်တလောမှ ထွက်ရှိထားတဲ့ အာဂျင်တီးနားဇာတ်ကားလေးပါပဲ။ Drama Mystery အမျိုးအစားဖြစ်ပြီး နာမည်ကြီး Best Seller စာအုပ်တစ်အုပ်ဖြစ်တဲ့ "Elena Knows" ကို Netflix က ဇာတ်ကားအနေနဲ့ အသက်သွင်းထားတဲ့ကားလေးပါ။ လူ့လောက လူ့ဘ၀ရဲ့ကြမ်းတမ်းလှတဲ့ အမှန်တရားကိုချပြသွားတဲ့ကားတစ်ကားလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ပါကင်ဆန်ရောဂါသည် အယ်လီနာကို စောင့်ရှောက်ပေးနေတဲ့သမီးဖြစ်သူ ရီတာက ချာ့ခ်ျကျောင်းမှာ သတ်သေသွားခဲ့ပါတယ်။ အယ်လီနာက ရီတာအသတ်ခံလိုက်ရတယ်လို့ယုံကြည်နေပြီး တရားခံကိုလိုက်ရှာရာကနေ ရောဂါသည်သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ ခရီးရှည်ကြီးကစတင်လာတာပါပဲ။ ဇာတ်လမ်းထဲမှာ အတိတ်နဲ့ပစ္စုပ္ပန်အဖြစ်အပျက်တွေကိုယှဥ်ပြရင်း သားအမိနှစ်ယောက်ကြားက ရှုပ်ထွေးတဲ့ဆက်ဆံရေးကိုလည်း မြင်ရမှာပါ။ရီတာက ကိုယ့်ကိုယ်ကိုယ် တကယ်သတ်သေခဲ့တာလား... အသတ်ခံခဲ့ရတာလား... တကယ်သတ်သေခဲ့တယ်ဆိုရင်လည်း ဘယ်လိုအကြောင်းပြချက်မျိုးကြောင့်လဲ... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမယ့်ကားကောင်းလေးပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.95GB, 780MB Quality - 1080p, 720p IMDb Rating - ...
movie

Elena Knows (2023)

2023
Azor (2021) 6.6
Azor (2021) Azor (2021) ဇာတ်လမ်းအညွှန်းဒီကားလေးကတော့ ရိုးရိုးလေးပါပဲ။ 1980 ခုနှစ်လောက်က အာဂျင်တီးနားနိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ ဘဏ်လုပ်ငန်းရှင် ကီးစ်ဆိုသူဟာ ဘွာနိုးဆိုင်းရက်စ်မြို့ကနေ ရုတ်တရက် ပျောက်သွားခဲ့ပါတယ်။ ကီးစ်ရဲ့အလုပ်တွေကို ဆက်လုပ်ပေးဖို့ သူ့ရဲ့တွဲဖက်ဖြစ်သူ ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင် အီဗန်ဟာ အာဂျင်တီးနားနိုင်ငံကို ဇနီးဖြစ်သူနဲ့အတူ ရောက်လာခဲ့တယ်။ ကီးစ်ရဲ့အလုပ်တွေကို ဆက်လုပ်ပေးမဲ့ အီဗန်ရဲ့ စီးပွားရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို အေးအေးဆေးဆေးလေးပဲ လိုက်ပါခံစားရမှာပါ။ဒီကားထဲမှာဆိုရင် နိုင်ငံရေးစကားဝိုင်းတချို့တွေ့ရမယ်၊ စီးပွားရေးကိစ္စ ပြောဆိုတာတွေ တွေ့ရမယ်၊​ ဇာတ်လမ်းရဲ့ ရည်ရွယ်ချက်ကိုတော့ ကိုယ်တိုင်ပဲ ဇာတ်လမ်းထဲမှာ ရှာရပါလိမ့်မယ်။လှုပ်လှုပ်ရှားရှားနဲ့ အက်ရှင်တွေပါမှ ကြိုက်တတ်တဲ့လူတွေအတွက်တော့ အဆင်မပြေလောက်ပါဘူး။ Rating အနေနဲ့ကတော့ IMDB မှာ 6.6 အထိရရှိထားပြီး Rotten Tomatoes မှာတော့ 100% အပြည့်ရရှိထားပါတယ်။(ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်ကတော့ Jumper Neysman ပါ။) File Size        ...
movie

Azor (2021)

2021