Channel Myanmar

Aharon Ipalé

The Mummy Returns (2001) 6.3
The Mummy Returns (2001) IMDb (6.3/10)..Rotten Tomatoes (47%)1999 ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားရဲ့အဆက်အနေနဲ့ရိုက်ကူးထားသလို ရှေ့ဇာတ်ကားက မင်းသားမင်းသမီးတွေပဲ ဆက်လက်ပါဝင်ခဲ့ပြီး ကင်းမြီးကောက်ဘုရင်ကြီး Mathayus အဖြစ် The Rock မှအင်အားဖြည့်ပါဝင်ထားပါတယ်။Action, Adventure, Fantasy အမျိုးအစားဇာတ်ကားတွေထဲမှာတော့ Mummy ဇာတ်ကားတွေက ဖျော်ဖြေမှုအပေးနိုင်ဆုံးပါပဲ။ရှေ့ကထွက်ထားတဲ့ The Mummy (1999) ဇာတ်ကားကိုကြည့်ပြီးမှ အခု The Mummy Returns (2001)ကို ဆက်လက်ကြည့်ရှုသင့်ပါတယ်...ပြန်လည်နှိုးထလာတဲ့ ကျိန်စာသင့် Mummy တို့စုံတွဲနဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့စုံတွဲ ထိပ်တိုက်တွေ့ဆုံရာမှာ ကျိန်စာတွေကို ဘယ်လိုပယ်ဖျက်မလဲဆိုတာ........။ File size…(4.4 GB) /(1.4 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….02:09:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie

The Mummy Returns (2001)

2001
The Mummy (1999) 7.0
The Mummy (1999) IMDb (7/10)....Rotten Tomatoes(56%)ဒီရုပ်ရှင်ဇာတ်ကားဟာ 1932 ခုနှစ်ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားကို Remark ပြန်လုပ်ထားတာဖြစ်ပြီး ခေတ်သစ် Mummy ဇာတ်ကားတွေ နှိုးထလာစေဖို့ အစပျိုးခဲ့တဲ့ ကနဦးဇာတ်ကားလဲဖြစ်ခဲ့ပါတယ်။မင်းသား Brendan Fraser နဲ့ မင်းသမီးချောလေး Rachel Weisz တို့ကို Mummy ဇာတ်ကားတွေနဲ့ တွဲဖက်မှတ်မိစေတဲ့အထိ သူတို့နှစ်ယောက်အတွဲက လိုက်ဖက်လွန်းခဲ့ပါတယ်။လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က ချစ်လျှက်နဲ့ မပေါင်းခဲ့ကြရတဲ့ချစ်သူနှစ်ဦး... အီဂျစ်ဘုရင်တို့ရဲ့ ရှေးဟောင်းကျိန်စာများကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ချစ်သူ နှစ်ဦးအကြောင်းကိုအစပြုလို့..... ဒီဖက်ခေတ် စာကြည့်တိုက်မှူးမိန်းကလေးတစ်ယောက်နဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့ရဲ့ စိတ်ဝင်စားဖွယ်ရာစွန့်စားခန်းများအကြောင်းနဲ့ ရှေးဟောင်းကျိန်စာများနိုးထလာတဲ့အခါ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးများနောက်ဆက်တွဲပါလာပုံတို့ကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတာပါ။ File size…(4.3 GB) /(1.2 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….02:04:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie

The Mummy (1999)

1999
The Promise (2016) 5.9
The Promise (2016) ဒီဇာတ်ကားလေးက ပထမကမ္ဘာစစ်ကာလအတွင်းက ဖြစ်ရပ်မှန်အပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။Batman မင်းသားကြီး Christian Bale ရဲ့ဇာတ်ကားလေးပါ။ပထမကမ္ဘာစစ်မဖြစ်ခင်အချိန်မှာ တူရကီအင်ပါယာက တန်ခိုးအာဏာ ကြီးမားခဲ့တဲ့အချိန်ပါ။တဖြည်းဖြည်းနဲ့ တူရကီအင်ပါယာလည်းပြိုယွင်းလုနီးနီး ဖြစ်နေပါပြီ။အဲဒီအချိန်ကတူရကီမှာ ခရစ်ယာန်ဘာသာဝင် လူနည်းစုဖြစ်တဲ့ အားမေးနီးယန်းမျိုးနွယ်စုတွေကိုအစ္စလာမ်ဘာသာကိုးကွယ်တဲ့ တူရကီလူမျိုးကြီးဝါဒရှင်တွေ  အများစုက  မနှစ်သက်ကြဘူး။ပထမကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာတော့ တူရကီစစ်ခေါင်းဆောင်ပိုင်းတွေကအားမေးနီးယန်းတွေကို တိတ်တဆိတ် စစ်နဲ့အတူရောယောင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။ခုချိန်ထိလည်း တူရကီအာဏာပိုင်တွေက ဒီလူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ဘူးခံပြီး ငြင်းကွယ်နေဆဲပါပဲ။ဒီဖြစ်ရပ်မှန်အကြောင်းကို ဖော်ထုတ်ပေးခဲ့တာကတော့ အမေရိကန်သတင်းထောက်တစ်ဦးပါပဲ။ဒီဇာတ်ကားက စစ်ပွဲကိုအခြေခံထားတဲ့အချစ်ဇာတ်လမ်းပေမယ့်  အဓိကပေးသွားတဲ့ မက်ဆေ့ချ်လေးကတော့သတင်းမီဒီယာသမားရဲကျင့်ဝတ်သိက္ခာနဲ့ အခန်းကဏ္ဍပါပဲ။တကယ့်ကို စစ်မှန်တဲ့ သတင်းထောက် တစ်ယောက်ကြောင့် လူပေါင်းများစွာ လူမျိုးစုတစ်ခုကို ကယ်တင်နိုင်ခဲ့သလိုသတင်းမီဒီယာသမားတစ်ယောက်ဟာ အမှန်တရားကို အသက်နဲ့တောင် အလဲအထပ်လုပ်ရဲတဲ့အထိစိတ်ဓါတ်ခိုင်မာပြတ်သားတယ်။ဒီလိုစိတ်ဓါတ်မျိုးရှိပြီး အမှန်တရားကို ဖော်ထုတ်ရေးသားတတ်သူ သတင်းထောက်မျိုးကိုသာနိုင်ငံတကာက အသိအမှတ်ပြုပြီး သူရဲ့သတင်းက ယုံကြည်စိတ်ချရပြီးအားကိုးရမယ့်သူမျိုးဆိုတာကို ပါးပါးလေးပြသွားပါတယ်။သတင်းထောက်ကောင်းတွေဟာ ဘယ်လောက်တောင်အပြောအဆို လိမ္မာပါးနပ်မှုရှိသလဲဆိုတာကိုလည်း မြင်တွေ့ရမှာပါ။မြန်မာ့မီဒီယာလောကသတင်းထောက်တွေ ဒီလိုမျိုးဖြစ်လာအောင် ကျင့်သုံးအတုယူသင့်ပါတယ်။နောက်ပြီး ဘယ်သူတွေဘယ်လို ရန်ငြိုးနဲ့လူမျိုးရေးမုန်းတီးမှုပဲရှိရှိ သူငယ်ချင်းတွေ ...
movie

The Promise (2016)

2016