Channel Myanmar

Ahmed Malek

The Swimmers (2022) 7.5
The Swimmers (2022) The Swimmers (2022) ================= IMDb Rating - 7.5/10ဒီတစ်ခေါက်တော့ကိုယ်တွေ့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ Netflix ကအသစ်ထွက်ရှိလိုက်တဲ့ The Swimmers ဇာတ်ကားက Rio De Jeneiro မှာ ကျင်းပတဲ့ 2016 Olympics Champion တစ်ဦး ဖြစ်ခဲ့တဲ့ ဆီးရီးယားလူမျိုး ရေကူးချန်ပီယံ Yusra Mardini ရဲ့ ဂရိ ပင်လယ်ထဲကနေ ကုန်းမြေအထိလက်ပစ်ကူးပြီး လူတွေကိုကယ်တင် ပေးခဲ့တဲ့ခက်ခဲကြမ်းတမ်းလှတဲ့ဘဝဇာတ်ကြောင်းကိုပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ရူစရာတို့ညီအစ်မတွေတစ်ဘက်မှာပျော်ရွှင်နေကြပေမဲ့ နိုင်ငံတွင်းမှာဗုံးကြဲခံနေရတာကိုမြင်တွေ့ရမှာပါ။ သူတို့သူငယ်ချင်းတွေ ဗုံးဒဏ်ကြောင့်သေဆုံးခဲ့ရပြီး သူတို့ ရေကူးလေ့ကျင့်တဲ့ကန်အထိပါ ဗုံးကြဲ ခံရပီးနောက် သူ့ကို အိုလံပစ်ချန်ပီယံအမြဲဖြစ်စေချင်ခဲ့တဲ့ နည်းပြဖြစ်သူ အဖေကိုယ်တိုင်က သမီး၂ယောက်ကို ဂျာမနီကိုပို့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။စိတ်ကူးအတိုင်းမဟုတ်ပဲခက်ခဲလှတဲ့လက်တွေ့ဘဝရဲ့ဒုက္ခအခက်အခဲပေါင်းစုံကို လမ်းခရီးမှာ စတင်တွေ့ကြုံရပါတော့တယ်။ ပိုက်ဆံအမြောက်အမြားတောင်းပြီး တာဝန်ယူမှုမရှိတဲ့ လူကုန်ကူးသူတွေက လှေအစုတ်တစ်စီးနဲ့လူအများကြီးကို ပင်လယ်ထဲဖြတ်သန်းခိုင်းရာကနေ စလိုက်တဲ့ ဒုက္ခဆင်းရဲပေါင်းများစွာကို ကြံ့ကြံ့ခံဖြတ်ကျော်ရင်း ဖခင်အရမ်းဖြစ်စေချင်တဲ့ အိုလံပစ်ချန်ပီယံဆုကို ဘယ်လို ဆွတ်ခူးနိုင်သွားလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့အပြင် နိုင်ငံရေးမငြိမ် သက်မှုတွေကြောင့် ဒုက္ခရောက်ရတဲ့ ပြည်သူတွေရဲ့ဘဝကိုကိုယ်ချင်းစာကရုဏာ သက်စေနိုင်မဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို  Nyein Lai မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ Nyein Lai, Khant Sett ...
movie

The Swimmers (2022)

2022
Clash (2016) 7.9
Clash (2016)  ဒီကား​လေးက​တော့ အီဂျစ်​မှာ ဖြစ်​ခဲ့တဲ့ဘာသာ​ရေးဆူပူအုံကြွမှုအ​ကြောင်းရိုက်​ထားတဲ့ 2016 ထွက်​ဇာတ်​ကား​လေးပါဇာတ်​လမ်းအကျဉ်းကို​ပြောရမယ်​ဆိုရင်​​တော့..2011 ခုနှစ်​မှာသမ္မတသက်​တမ်းအနှစ်​၃၀အထိရှိခဲ့တဲ့ အီဂျစ်​​တော်​လှန်​ပုံကန်​မှုကြီးပြီးဆုံးခဲ့ပါတယ်​အဲ့ဒါနဲ့2012 ခုနှစ်​ထဲမှာပဲသမ္မတအသစ်​တင်​​မြောက်​ခဲ့ပါတယ်​ဖြစ်​ချင်​​တော့ သမ္မတက အစ္စလာမ်​ဘာသာဝင်​ပါတီကဖြစ်​​နေပါတယ်​ အဲ့​ဒီ​တော့2013ခုနှစ်​ထဲ​ရောက်​​တော့အီဂျစ်​မှာရှိတဲ့လူ​သန်း​ပေါင်းများစွာကဆန္ဒပြကြ​တော့တာ​ပေါ့သုံးရက်​အကြာမှာပဲ စစ်​တပ်​ကသမ္မတကိုဖယ်​ရှားနိုင်​ခဲ့ပါတယ်​အဲ့မှာစ​တွေ့​တော့တာပဲ ...အီဂျစ်​ပြည်​သူ​တွေကလဲဆန္ဒပြ စစ်​တပ်​ကလဲ​ဖမ်းဆီး​ရေးလုပ်​ ရှိသမျှမွတ်​စလင်​မ်​မှန်​သမျှကလဲ စစ်​တပ်​ကိုတိုက်​ခိုက်​​ပေါ့ .......ဂျာနယ်​လစ်​၂​ယောက်​က​နေစလိုက်​တဲ့ဇာတ်​လမ်းကဘယ်​လို​တွေဆက်​ဖြစ်​မယ်​ဘယ်​လိုရသ​တွေခံစားရမယ်​ဘာသာ​ရေးအစွန်း​ရောက်​တဲ့သူ​တွေ​ကြောင့်ကြားထဲကအပြစ်မဲ့လူသား​တွေပါ​ဘယ်​လို​တောင်​မြေစာပင်​ဖြစ်​ကြရမလဲဆိုတာက​တော့.......  (ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ)  File Size : (700 MB) and (400 MB) Quality : 720pBluray Running Time : 1hr 37minutes Format : Mp4 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Xeinn Sett Encode by Thanhtike Zaw
movie

Clash (2016)

2016