Channel Myanmar

Ahn Ji-hye

Badland Hunters (2024)
Badland Hunters (2024) Badland Hunters (2024)အားလုံးစောင့်မျှော်နေတာကြာပြီဖြစ်တဲ့ Concrete Utopia Universe ရဲ့အဆက်ဖြစ်တဲ့ Badland Huntersထွက်ရှိလို့လာပါပြီ။ ဇာတ်လိုက်ကျော်ကြီး မာဒုံဆော့ပါဝင်အားဖြည့်ထားတာဖြစ်လို့ ဘဲကြီးရဲ့actionတွေကို မျှော်နေသူတွေလည်း ဒီညအတွက်ကြည့်စရာရပြီပေါ့။Concrete Utopia မှာတုန်းက ဆိုးလ်မြို့ငလျင်အကြီးအကျယ်လှုပ်ခတ်ပြီး စည်ကားတိုးတက်တဲ့ဆိုးလ်မြို့ နေချင်စဖွယ်‌ဆိုးလ်မြို့လေးကနေ နေ့ချင်းညချင်း ဖုန်းဆိုးမြေဖြစ်သွားပါတော့တယ်။ Post apocalyptic survival ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူနည်းစုပဲကျန်တဲ့ ပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်တွေ မိုးခေါင်ရေရှား အစာရေစာရှားတဲ့ဘေးကနေ ခက်ခက်ခဲခဲရှင်သန်ဖို့ ကြိုးစားရပါတော့တာပေါ့။Badland huntersကတော့ ဒီအဖြစ်ဆိုးကြီးအပြီး ၃-နှစ်တာကာလကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ၃ နှစ်တာအခက်အခဲကို ဖြတ်သန်းပြီးတဲ့နောက် သင်ခန်းစာတွေ အတွေ့အကြုံ‌တွေ လောကဓံအထုအထောင်းတွေလည်း အတော်လေးကြုံရပြီးပြီဖြစ်တဲ့ ပြည်သူတစ်စုကတော့ ဘတ်စ်ကားဝင်းလေးထဲမှာစုပြီး ရွာငယ်လေးတစ်ခုလို သိုက်သိုက်ဝန်းဝန်းနေထိုင်ကြတာပေါ့။ ဒီဖုန်းဆိုးမြေကြီးလို စားစရာသောက်စရာမရှိတဲ့နေရာမှာ လူတွေအားကိုးအားထားပြုနေရတာကတော့ ဇာတ်လိုက်ကျော်မုဆိုးကြီး နမ်ဆန်းကိုပါပဲ။ ဘယ်လိုအန္တရာယ်ကိုမှမမှုတဲ့ တုံးဆိုတိုက် ကျားဆိုကိုက်မယ့် လူကြမ်းကြီးနမ်ဆန်းရဲ့ ရင်နှစ်သည်းချာလေးကတော့ ငယ်စဉ်က သူကိုယ်တိုင်ကယ်ထားတဲ့ ယန်ဂီဆုဆိုတဲ့ကလေးမလေးရယ် သူ့ရဲ့လက်ထောက်ဂျီဝမ်နဲ့ ဘတ်စ်ကားဝင်းထဲကပြည်သူတွေပါပဲ။နေစရာစားစရာတောင်မရှိတဲ့ကာလမှာ ဥပဒေဆိုတာ စေ့စေ့တွေးလို့ ရေးရေးတောင်မပေါ်နိုင်တဲ့အရာဖြစ်နေပြီဆိုတော့ သ‌ဘာဝဘေးကတစ်ဖက် လောဘသား လူမိုက်တွေကတစ်ဖက် ဒီကြားထဲက သူအလေးထားတဲ့အရာတွေကို နမ်ဆန်းတစ်ယောက် ကာကွယ်သွားနိုင်မလားဆိုတာ ...
movie

Badland Hunters (2024)

2024
Project Wolf Hunting (2022) 6.6
Project Wolf Hunting (2022) Project Wolf Hunting (2022)စကားများတာမကြိုက်ဘူး Action ဆိုဖိုက်မှကြိုက်တယ်ဆိုတဲ့သူတွေအတွက် ရူးသွားစေလောက်တဲ့ ရုပ်ရှင်တစ်ကားထွက်လာပြန်ပါပြီ Action ဆိုတာထက် survival လို့ပြောလို့လည်း ရပါသေးတယ်ဇာတ်လမ်းအကျဉ်းကတော့ ထောင်သားတွေကို ဖိလစ်ပိုင်ကနေ တောင်ကိုရီးယားကို ရွှေ့ပြောင်းတဲ့ သင်္ဘောပေါ်မှာ ထောင်ဖောက်မယ့် လူမိုက်တွေနဲ့ သူတို့မသိလိုက်ဘဲ သင်္ဘောပေါ်မှာပါလာတဲ့ မကောင်းဆိုးဝါးနဲ့ အကြိတ်အနယ်တွေ အသက်လုရမှာဖြစ်ပါတယ်နောက်ဆုံးအချိန်ထိ ပင်လယ်ရဲ့အလယ်ခေါင်မှာ ရပ်နေတဲ့ သင်္ဘောပေါ်ကလူတွေ လွတ်မြောက်နိုင်မလား အသက်ရှင်ကျန်တဲ့သူရှိမလားကိုတော့ ကြည့်လိုက်ကြပါဦးAction, Crime အမျိုးအစားဖြစ်ပြီးတော့ Seo In Guk, Jang Dong Yoon နဲ့ မူဒေါ့တဖြစ်လဲ Jung So Min တို့က အဓိကပါဝင်ထားပါတယ်သွေးထွက်သံယိုခန်းတွေအလွန်အကျွံသုံးထားသလို ဇာတ်ဝင်ခန်းတွေက အင်မတိအင်မတန်ကို ကြမ်းတမ်းပါတယ် တချို့အခန်းတွေမှာ မနှစ်မြို့စရာတွေပါတာကိုတော့ သတိပေးထားချင်ပါတယ်*** မွေးရာပါ နှလုံးရောဂါ ရှိသူများ၊ အသည်းငယ်တတ်သူများနှင့် ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါဘူး ***အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, ...
movie

Project Wolf Hunting (2022)

2022
Slate ( 2020 ) 5.6
Slate ( 2020 ) ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်လမ်းရဲ့အကြောင်းအရာလေးကတော့.... ယွန်းဟီးဆိုတဲ့ ကောင်မလေးဟာ မိဘမဲ့ တစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကတည်းကအဓိကဇာတ်ကောင် ဖြစ်ချင်စိတ်ပြင်းပြတဲ့လူတစ်ယောက်ပါဒါပေမဲ့လည်း သူဟာ အဓိက ဇာတ်ဆောင်ဖြစ်ဖို့ကံ​တော့ပါမလာဘဲဇာတ်ကားတစ်ကားရဲ့ အက်ရှင်အစားထိုးစတန့်သမားလုပ်ဖို့ကမ်းလှမ်းခံရကာ ရိုက်ကွင်းကိုသွားတဲ့အချိန်မှာ မထင်မှတ်ထားဘဲနဲ့အပြိုင်ကမ္ဘာကိုရောက်ရှိသွားပါတော့တယ် အဲ့ဒီကမ္ဘာမှာယွန်းဟီးကို ရွာသားတွေက ရွာကိုကာကွယ်ပေးမဲ့ ဝိညာဉ်သတ်ဖြတ်သူသူရဲကောင်းလို့ထင်မှတ်ပြီး တစ်ရွာလုံးက သူ့ကိုပစားထားကြပါတယ်ဒီလိုနဲ့ အဓိက ဇာတ်ကောင်ဖြစ်ချင်တဲ့ ယွန်းဟီးတစ်ယောက်အဓိကဇာတ်ကောင်ဖြစ်ဖို့အကြောင်းဖန်လာတဲ့အခါမှာတော့အခွင့်အရေးကို လက်လွှတ်မခံဘဲ ဘယ်လိုအလွဲတွေနဲ့ရွာကိုကယ်တင်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော် Quality : Bluray 720pFormat : mp4During : 1h 40minGenres : ActionSubtitle : Myanmar Sub ( Hardsub )Translator : Yamin EiEncoded By LK
movie

Slate ( 2020 )

Our Body (2019) 5.9
Our Body (2019) [Unicode]Korea နိုင်ငံမှာရှိတဲ့ တက္ကသိုလ်ပြီး ပြီးသား အသက်လတ်ပိုင်းအရွယ် independent woman တစ်ယောက်ရဲ့ နေထိုင်မှုကို လက်တွေ့ဆန်ဆန် အပါအဝင် ရိုက်ကူးပြသထားတဲ့ ကားလေးဖြစ်ပါတယ် ။တက္ကသိုလ်ပြီး ပြီးသား အစိုးရဝန်ထမ်း ဝင်ခွင့်စာမေးပွဲကို ဖြေဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် အခါခါ ကျဆုံးနေတဲ့ ယွန်းဂျာယောင်းဟာ နောက်ဆုံးမှာ ရည်မှန်းချက်ပါ ပျောက်ဆုံးသွားခဲ့ပါတယ်တစ်နေ့ အွန်လိုင်းပေါ်မှာ မရပ်မနား ပြေးကြတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ လေ့ကျင့်ခန်းဟာ တစ်ခါတရံမှာ လူတွေရဲ့ စိတ်ခွန်အားနဲ့ အင်အားတွေကို ပေးတယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည်ပြီး အဖွဲ့ကို ဝင်ဖြစ်ခဲ့တော့ ဟွန်းဂျူ ဆိုတဲ့ အပြေးသမား ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ဒီလိုနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ရရှိလာတဲ့ မိတ်ဆွေတွေကြောင့် စိတ်ဓာတ်ခွန်အားတွေ ပြန်ရလာပြီး သူမ လုပ်ချင်တဲ့အရာကို ပြန်လည်ရှာဖွေခဲ့ပါတယ်။အထူးသဖြင့် ဟွန်းဂျူ ဆီကပေါ့။အချိန်ပိုင်းတစ်ခု လုပ်ရင်း မကောင်းပြောတဲ့လူတွေရဲ့စကားတွေကို ဥပက္ခာပြုပြီး ဘဝကို လက်တွေ့ကျကျပြန်လည် ရှင်သန်ဖို့ကြိုးစားခဲ့တော့တယ်။လက်မထပ်ရသေးတဲ့ ...
movie

Our Body (2019)