Channel Myanmar

Ahn Suk-hwan

Heartbreak Hotel (2015) 6.8
Heartbreak Hotel (2015) Heartbreak Hotel (2015)အိပ်မက်နဲ့ငွေ ဘယ်အရာက ပိုအရေးကြီးသလဲလို့တွေးရင်း ငွေရှိမှ အိပ်မက်မက်နိုင်မယ့်ဘဝတွေအကြောင်းကို ရိုက်ကူးပြထားတဲ့ Heartbreak Hotel (2015) ကို CM မှာ ကြည့်လို့ရပါပြီနော်။ဇာတ်လမ်းအကျဉ်းကတော့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူကိုလိုက်ရှာရင်း အမေရိကကို တရားမဝင်ရောက်လာခဲ့ကြတဲ့ "ဂျွန်" နဲ့ သူ့သူငယ်ချင်း "ချန်း" တို့ဟာ လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီလူအတွက် အလုပ်လုပ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ ဂျွန်ဟာ အမေရိကကိုရောက်နေတဲ့ ကိုရီးယားသူလေး "ဆာရာ" ကို သဘောကျမိသွားတဲ့အချိန်မှာတော့ အချစ်ရော အိပ်မက်ဟာ ငွေရှိမှဖြစ်နိုင်ကြောင်းကို သဘောပေါက်သွားပါတော့တယ်။ ဒါ့ကြောင့် ဂျွန်နဲ့ဆာရာတို့ဟာ နှစ်ယောက်သား ပေါင်းဖက်ဖို့ကြိုးစားကြရင် ငွေရဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားကြမလဲ၊ ငွေနောက်ကိုလိုက်ရင်း နှစ်ယောက်သားရဲ့အချစ်တွေက ဆက်လက်တည်မြဲနိုင်ပါ့မလား စတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မယ့် Action/Romance ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Win ပဲ ဖြစ်ပါတယ်။Genre..... Action, Romance Quality…. 1080p | 720p File size…  1.3GB | 613MB Format… ...
movie

Heartbreak Hotel (2015)

2015
Shotgun Love(2011) 6.7
Shotgun Love(2011) Shotgun Love(2011)******************(720Pပဲရှိလို့ အကောင်းဆုံးတင်ဆက်ပေးထားပါတယ်..)SEX IS ZEROထဲက ဒီဘဲကြီးပါကတည်းက ရှယ်ခွီရမယ်ဆိုတာကျွန်တော်တို့မပြောလည်းသိကြမှာပါ...သို့ပေမဲ့ သူ့ကားတွေကရယ်ရတာနဲ့မတန်အောင် ဝမ်းနည်းကြေကွဲရအောင်လုပ်တဲ့အပိုင်လေးတွေနဲ့လည်း ဇတ်သိမ်းတတ်ပါသေးတယ်...ဒါ့ကြောင့်လည်း သူ့ကားတွေဟာကျွန်တော်တို့ရင်ထဲမှာကျန်ရှိနေတာလားမပြောတတ်ပေ... ဟုမ်းရှော့ပင်းအစီအစဉ်မှာ ရှိုးမော်ဒယ်အနေနဲ့ အလုပ်လုပ်ကိုင်နေတဲ့ ဆန်းယောဟာ ဆွဲဆောင်မှုမရှိတဲ့ အူတူတူ အတတ ယောကျာ်းတစ်ယောက်ဖြစ်ပါတယ်သူနဲ့ တစ်ရုံးတည်းမှာ အလုပ်အတူလုပ်တဲ့ မိန်းမလှ‌‌လေး ဆိုယွန်းကို ရင်ထဲကနေ နှစ်နှစ်ကာကာ စုံမက်နေခဲ့ပါတယ်အဲ့လိုနဲ့ မိုးညတစ်ညမှာတော့ ဆန်းယောနဲ့ ဆိုယွန်းတို့ဟာ မိုတယ်ကိုရောက်သွားဖို့ အကြောင်းဖန်လာခဲ့ပါတယ်ဆန်းယောတစ်ယောက် သူချစ်ရသူနဲ့ မိုတယ်မှာ တစ်ညတာ အတူရှိနိုင်ခဲ့တာမို့လို့ ရင်ထဲမှာ ပန်းတွေပွင့်တဲ့အထိ ပီတိဖြာနိုင်ခဲ့ပေမဲ့ နောက်တစ်နေ့ မနက်ရောက်တဲ့အခါမှာတော့...ဒီကားလေးက ၂၀၁၁ ခုနှစ်က ထွက်ရှိထားတဲ့ အချစ်ဟာသ ဇာတ်ကားလေး ဖြစ်ပြီး တစ်ကားလုံး သဘာဝကျကျနဲ့ အတော်လေး ရယ်ရတာမို့လို့ စိတ်အပန်းဖြေဖို့အတွက် ဇာတ်ကား တစ်ကားရွေးချယ်နေတယ်ဆိုရင်တော့‌ အကြိုက်နဲ့ ကွက်တိကျနိုင်မှာပါ Comedy Movie ကြိုက် ပရိသတ်ကြီးအတွက် ဒီဇာတ်ကားလေးကို ညွှန်းပေးလိုက်ပါတယ်နော်....  File Size…671MB Quality…WEB-DL 720p Format…mp4 Duration…01:52:00 Genres: ...
movie

Shotgun Love(2011)

26 Years 6.3
26 Years 26 Years (2012)တစ်ခါတုန်းက အပြစ်မဲ့ပြည်သူပေါင်းများစွာကို အစုပြုံလိုက်သတ်ဖြတ်ပြီး နိုင်ငံရဲ့သမ္မတရာထူးကို ရယူခဲ့တဲ့ ရာထူးကြီးပုဂ္ဂိုလ်တစ်ယောက်ရှိခဲ့တယ်- သမီးလေးအတွက် နာမည်ရွေးနေတုန်း Head shot နဲ့ သေဆုံးခဲ့ရတဲ့ မိခင် - ဆန္ဒပြရင်း ပစ်ခတ်မှုတွေဖြစ်လို့ မောင်လေးကို ဘေးကင်းရာပို့ဖို့ပြေးရင်းနဲ့ ဗိုက်ပွင်သွားခဲ့ရတဲ့ ကျောင်းသူလေး - စစ်သားအရာရှိတစ်ယောက်ဖြစ်နေပြီး လူတွေကိုသတ်ရတာ မရှက်ဖူးလားလို့မေးရင်း ပစ်သတ်ခံထိသွားတဲ့ ၈ နှစ်အရွယ်ကလေးရဲ့ဖခင်ဒီလိုအပြစ်မဲ့ပြည်သူပေါင်းများရဲ့ အသက်တွေကိုချနင်းပြီး မတရားအာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်....ဒီဖြစ်ရပ်တွေဟာ ၁၉၈၀ ခုနှစ်တုန်းက ​ကိုရီးယားနိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တာတွေပါGwangju Uprising မှာဖြစ်သွားခဲ့တဲ့ ဒီကိစ္စတွေဟာ ဆယ်စုနှစ်တစ်ခုကြာတဲ့အခါမှာတော့ အာဏာသိမ်းခဲ့တဲ့သူကလည်း ဇိမ်ခံပစ္စည်းတွေနဲ့ပြည့်စုံနေတဲ့ဘဝမှာ ပြည့်စုံစွာနေနေပြီး ​ လူတွေလည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြပြီဗျဒါပေမယ့် ...."Axe forgets but the tree remembers" ဆိုတဲ့စကားလိုပေါ့အချိန်​တွေ ဘယ်လောက်ကြာကြာ ဒီဖြစ်ရပ်ကို ဘယ်တော့မှမေ့မှာမဟုတ်တဲ့သူတွေကတော့ တစ်နေရာစီမှာ ဘဝတစ်ခုစီနဲ့ရှိနေခဲ့ကြတယ်။အားလုံးမှာ ဒဏ်ရာတွေကိုယ်စီရှိနေခဲ့ကြတော့ လူတစ်ယောက်ရဲ့ အကူအညီနဲ့ ဒီဒဏ်ရာတွေကိုချွေးသိပ်ဖို့အတွက် တူညီတဲ့ရည်ရွယ်ချက်ထားပြီး အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ဘုံရန်သူကို ချေမှုန်းဖို့ မစ်ရှင်ပေါ့ဗျာ။ဒီလောက်ဆိုရင်တော့ ဒီကားကိုကြည့်သင့်လားမကြည့်သင့်လား ခင်ဗျားတို့ဆုံးဖြတ်လို့ရနေပါပြီကိုရီးယားအက်ရှင်ကားဆိုတဲ့အတိုင်း ကြည့်ကောင်းမကောင်းကတော့ ညွှန်းစရာကိုမလိုပါဘူးကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဂိုဏ်းကလူမိုက်တွေနဲ့ ရှယ်ကိုချကြမှာနိုင်ငံရေးဖြစ်ရပ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ကားဖြစ်တဲ့အပြင် လူတွေကို ...
movie

26 Years

2012
[18+] The Concubine (2012) 6.1
[18+] The Concubine (2012) ငယ်စဉ်ကအတူကြီးပြင်းလာခဲ့တဲ့ချစ်သူနဲ့ ကိုယ်ဝန်ရခဲ့သော်လည်း ဖခင်အမတ်ကြီး အသတ်ခံရမှာစိုးတဲ့အတွက် မိဖုရားဖြစ်လာခဲ့သူ ဟွယွန်ဟွယွန်ကို ငယ်စဉ်ကတည်းက စိတ်ဝင်စားသော်လည်း လက်လွတ်ခဲ့ရပြီး ဘုရင်ဖြစ်လာမှ မရမကယူချင်နေတဲ့ ဆောင်ဝမ်အမတ်ကြီးသမီးနဲ့ချစ်မိလို့ ယောက်ကျားစစ်စစ်ဘဝဆုံးရှုံးလိုက်ရပြီး လက်စားချေဖို့အတွက် နန်းတွင်းထဲကို ကုန်းကုန်းအဖြစ် ဝင်ရောက်လာသူ ကွမ်ယိုအာဏာမက်မောလွန်းတဲ့အတွက် လက်ရှိဘုရင်ကိုသတ်ပြီး သားဖြစ်သူ ဆောင်ဝမ်ကို ရုပ်သေးဘုရင်အဖြစ် အသုံချပြီး နန်းတော်ကိုချယ်ခြယ်နေတဲ့ မယ်တော်ကြီးအဲဒီ ဇာတ်ကောင်တွေဦးဆောင်တဲ့ဒီဇာတ်ကားဟာ အာဏာ၊ တဏှာ၊ အချစ်၊ မိခင်မေတ္တာနဲ့ လက်စားချေမှုတို့ကို ပြသထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အာဏာဟာ လူတွေကို ဘယ်လောက်စေစားနိုင်လဲ၊ လူတွေကို ဘယ်လိုရူးသွပ်သွားစေနိုင်လဲဆိုတာ တွေ့ရမှာပါ။ ဒါ့အပြင် မိန်းမတွေရဲ့စိတ်ဓါတ်ဟာ ဘယ်လိုရှိတယ်ဆိုတာကို ပြသခဲ့ပါတယ်။ မင်းသမီး Jo Yeo-jeong ကတော့ တီဗွီက ဇာတ်လမ်းတွဲတွေထဲမှာ မြင်ဖူးကြမှပါ။ဒီကားမတိုင်ခင်က Servant(2010) မှာကတည်းက လူတွေစိတ်ဝင်စားခဲ့တဲ့ Jo Yeo-jeong ဟာ ဒီ The Concubine(2012) ထွက်အပြီးမှာတော့ ...
movie

[18+] The Concubine (2012)