Channel Myanmar

Aine O'Connor

In the Name of the Father (1993) 8.1
In the Name of the Father (1993)   ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာ‌လက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ ...
movie

In the Name of the Father (1993)

The Wind That Shakes the Barley(2006) 7.5
The Wind That Shakes the Barley(2006) The Wind That Shakes the Barley(2006)**************************************အိုင်ယာလန်နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲအကြောင်း၊ပြည်တွင်းစစ်အ‌ကြောင်း ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားခေါင်းစဉ် The wind that shakes the barleyဆိုတာက အိုင်းရစ်ရှ်လူမျိုးသူပုန်လေးရဲ့အကြောင်းသီဆိုထားတဲ့ သီချင်းကနေယူထားတာပါ။ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ ဒီသီချင်းကိုသုံးပြထားပါတယ်။ ဒီဇာတ်ကားထဲမှာနယ်ချဲ့အင်္ဂလိပ်တွေရဲ့ ဖိနှိပ်မှု နှိပ်စက်မှုတွေကို မခံနိုင်တဲ့နောက်မှာတော့အိုင်ယာလန်လူငယ်လေးတွေဟာ ပြန်လည်တိုက်ခိုက်ပုန်ကန်ကြပါတယ်။အချို့ပြည်သူတွေကလည်း အင်္ဂလိပ်တွေကို အကူအညီမပေးတာမျိုး၊ကိုယ့်လူမျိုးတော်လှန်ရေးသမားတွေကို စားစရာ၊နေစရာပေးတာမျိုး စတဲ့အမျိုးသားရေးစိတ်ဓာတ်တွေလည်းတွေ့မြင်ရမှာပါ။ လွတ်လပ်ရေးပေးမယ့်ပေးတော့လည်း နယ်ချဲ့တို့ ထုံးစံအတိုင်း ရွှေရည်စိမ်ပဲပေးပြန်တယ်။ဒီလိုနဲ့ အချင်းချင်း နိုင်ငံရေးသ‌ဘောထားတွေမတူဘဲ ငြင်းကြခုံကြနဲ့ ပြည်တွင်းစစ်ဖြစ်တာတွေကို မြင်တွေ့ရမှာပါ။ကိုယ့်ရဲဘော်ဆိုပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ကိုယ်တိုင်ကွပ်မျက်ရတာမျိုး စတဲ့ရင်နာစရာဇာတ်ကွက်တွေလည်းပါပါသေးတယ်။ ဇာတ်လိုက်ညီအစ်ကိုတွေဟာလည်း အိုင်ယာလန်နိုင်ငံဖွားသရုပ်ဆောင်တွေဖြစ်ကြပြီး peaky blinders မင်းသားကြီး Cillian Murphyရဲ့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုလည်းတွေ့မြင်ရဦးမှာပါ။File Size :(2.2GB)(978 MB) and (380 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:07:00 Genre : War, Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

The Wind That Shakes the Barley(2006)