Channel Myanmar

Airi Matsui

In Love and Deep Water (2023)
In Love and Deep Water (2023)  Netflix original ရုပ်ရှင်ဖြစ်တဲ့ In Love and Deep Water ဟာဂျပန်စကားပြောရုပ်ရှင်ကားတစ်ကားဖြစ်ပြီး ဇိမ်ခံသင်္ဘောပေါ်မှာဇာတ်အိမ်တည်ထားပါတယ်။တာဝန်သိ သင်္ဘောဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဆုဂုရုဟာသင်္ဘောပေါ်ကို ချိဇုရုဆိုတဲ့ မိန်းကလေးရောက်လာတဲ့အချိန်ကစပြီးသူ့ဘဝဟာလည်းကပြောင်းကပြန် ဖြစ်ကုန်ပါတော့တယ်။ ချိဇုရုဟာဆုဂုရုနဲ့သူ့ရဲ့ရည်းစားတွေအကြောင်း အဖြစ်မှန်ကိုဖွင့်ဟလိုက်တဲ့နောက်မှာတော့ သူတို့နှစ်ဦးစလုံးရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။သင်္ဘောအပေါ်ဆုံးထပ် ရေကူးကန်ထဲမှာ လူသေအလောင်းတစ်လောင်းတွေ့တာကအစပြုလို့ ချိဇုရုနဲ့ ဆုဂုရုတို့နှစ်ဦးသားဟာ တခြားခရီးသည်များနဲ့အတူလျှို့ဝှက်ဆန်းကြယ် လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေများ ဖြစ်လာခဲ့ပါတယ်။လူသေဆုံးရတဲ့အဖြစ်မှန်ကို ရှာဖွေနေတဲ့ ဆုဂုရုနဲ့ ချိဇုရုတို့ဟာလျှို့ဝှက်ဆန်းကြယ်လှတဲ့ အဖြစ်အပျက်တွေအကြား တစ်ဦးနဲ့တစ်ဦးသံယောဇဉ်တွယ်လာခဲ့ပါတယ်။ရေကြောင်းခရီးစဉ်တစ်ခုအတွင်း အချစ်ဇာတ်လမ်းနဲ့ လျှို့ဝှက်ဆန်းကြယ်အမှုအခင်းကိုတစ်လှည့်စီပြသရင်း ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာမို့ ဂျပန်စကားပြောIn Love and Deep Water ဇာတ်ကားလေးကို Channel Myanmar ပရိတ်သတ်ကြီးကြည့်ရှုအားပေးနိုင်စေဖို့ တင်ဆက်လိုက်ရပါတယ်။ဒီဇာတ်ကားမှာ အမျိုးသားဇာတ်ဆောင်အဖြစ်ပါဝင်တဲ့ Ryô Yoshizawa ဟာKamen Rider ဇာတ်ကားများနဲ့ လူသိများတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။အိုင်နာအဖြစ်သရုပ်ဆောင်တဲ့ Kikuchi Yuriko ဟာ မင်းသားကြီး Brad Pittပါဝင်တဲ့ ...
movie

In Love and Deep Water (2023)

My Blood and Bones in a Flowing Galaxy (2020) 6.7
My Blood and Bones in a Flowing Galaxy (2020) My Blood & Bones in a Flowing Galaxy (2020)~ IMDb – 6.7/10, MyDramaList – 7.9/10 ~ဟီးရိုး လူစွမ်းကောင်းဖြစ်ချင်တဲ့စိတ်က လူတော်တော်များများမှာ အဓိပ္ပာယ်သတ်မှတ်ချက် တစ်မျိုးစီနဲ့ ဖြစ်တည်နေလေ့ရှိပါတယ်။ ဒီဇာတ်ကားမှာတော့ ကျောင်းသား ခိရိုဆုမိ ဟမဒ ဂျူနီယာကောင်မလေးအပေါ် ကာကွယ်ပေးချင်တဲ့အကြောင်းကို သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ သူရဲကောင်းဖြစ်လိုစိတ်နဲ့ ချိတ်ဆက်ထားပါတယ်။ခိရိုဆုမိရဲ့ အဖေဖြစ်သူက သူ့ကိုမွေးခါနီးနာရီပိုင်းအလိုမှာပဲ ရေထဲမျောပါပြီး သေဆုံးသွားပါတယ်။ အကြောင်းရင်းကလည်း ရေထဲထိုးကျနေတဲ့ကားထဲက လိုက်ပါစီးနင်းသူတွေကို ဆင်းကယ်ရင်း သူကိုယ်တိုင် နစ်သွားတာကြောင့်ပါ။ခိရိုဆုမိဟာ ငယ်စဉ်ကတည်းက သူ့အဖေရဲ့ လူစွမ်းကောင်းဆန်ပုံတွေ စိတ်ကောင်းရှိပုံတွေကို သူ့အမေဆီကနေ ကြားခဲ့ရပါတယ်။ ဒါကြောင့်မို့ သူလည်း သူ့အဖေလို ဟီးရိုးဖြစ်ရမယ်ဆိုပြီး ခံယူထားတဲ့၊ အမှန်တရားကို လိုလားတဲ့ ဆယ်ကျော်သက်လေးဖြစ်လာခဲ့ပါတယ်။တတိယနှစ်မှာတော့ ကျောင်းအစည်းအဝေးမှာ အနိုင်ကျင့်ခံနေရတဲ့ ဂျူနီယာလေး ခုရမိုတို ဟာရိကို ဝင်ပြီးကာကွယ်ပေးခဲ့ပါတယ်။ ...
movie

My Blood and Bones in a Flowing Galaxy (2020)

2020
Flying Colors (2015) 7.3
Flying Colors (2015) ကဲ .. ဒီတစ်ပတ်တော့ ကျောင်းသူကျောင်းသားများ ဒါမှမဟုတ် စာမေးပွဲတစ်ခုခုဖြေစရာရှိသူများအတွက် ရုပ်ရှင်ကြည့်လိုက်ရုံနဲ့ ကြိုးစားချင်စိတ် motivation တွေ တဖွားဖွားပေါ်လာစေမယ့် ဂျပန်ရုပ်ရှင်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်။ နာမည်ကတော့ Flying Colors (ဂုဏ်ထူး) ပါတဲ့ ။ ဂျပန်ပြည်တွင်းမှာတော့ Biri Gyaru (ဘိတ်ချီးကောင်မလေး) လို့အမည်ရတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၅ခုနှစ်မှာ ဒါရိုက်တာ Doi Nobuhiro ကနေ ကျူရှင်ဆရာတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဝတ္ထုကိုအခြေခံရိုက်ကူးထားတဲ့ ဘဝဟာသဇာတ်ကားတစ်ကား ဖြစ်ပြီး၊ ဂျပန် Box office မှာ နံပါတ်တစ်ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ Gyaru ဆိုတာကတော့ ဂျပန်ဖက်ရှင် ၊ music ပိုင်းနဲ့ ရင်းနှီးသူတွေအတွက် ခဏခဏကြားဖူးနေပါလိမ့်မယ်။ Gal(Girl) ဆိုတာက ဂျပန်အသံထွက်နဲ့ slang ပုံစံသုံးကြရာက တွင်ကျယ်လာတဲ့ ဒီစကားလုံးဟာ သုံးနှုန်းပုံဖွင့်ဆိုချက်တွေ၊ အမျိုးအစားတွေအများကြီးရှိပေမယ့် ဒီမှာနားလည်ရလွယ်အောင်လို့ အလှအပအရမ်းဦးစားပေးပြီး၊ ...
movie

Flying Colors (2015)

Fortuna’s Eye ( 2019 ) 6.6
Fortuna’s Eye ( 2019 ) Zawgyi*******ရှင်းနိုချီရို ကီရာမတစ်ယောက် ငယ်စဉ်တည်းက လေယာဉ်ပျက်ကျရာ ကနေလွတ်မြောက်လာပြီးတဲ့နောက် မိဘမဲ့တစ်ကောင်ကြွက်အဖြစ်ဘဝကိုရပ်တည်လာရင်းနဲ့ သေဘေးကနေလွတ်မြောက်လာရာကနေအစွမ်းတစ်ခုကိုပိုင်ဆိုင်လာခဲ့တယ် အဲ့စွမ်းက သေဆုံးတော့မယ့်လူတွေကိုဖောက်ထွင်းမြင်ရတာပါဘဲ အဲ့အစွမ်းကြောင့်ဘဲ သူချစ်တဲ့အာအိုအီဆိုတဲ့ကောင်မလေးကိုတွေ့ဆုံခဲ့တဲ့အခါ သူတို့၂ယောက်ရဲ့အချစ်ရေးကရော ဖြောင့်ဖြူးသာယာနိုင်ပါ့မလား လောကကြီးမှာဘယ်အရာမှအလကားမရဘူးဆိုတဲ့သဘောအရသူ့ရဲ့အစွမ်းအတွက်ဘာတွေပြန်ပေးဆပ်ရပါမလဲ အချစ်ဆိုတာပေးဆပ်ချင်းတစ်ခုလား ရယူခြင်းလား ဘယ်လိုပုံဖော်ထားလဲဆိုတာဒီကားထဲမှာ သေချာလေးပုံဖော်ထားပါတယ် supernatural ကိုမှdrama ဘက်ကိုသွားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ကြည့်ရှုသူတွေနောင်တမရစေမယ့်ကားဖြစ်တာကြောင့်ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေနော်.... Unicode*******ရှင်းနိုချီရို ကီရာမတစ်ယောက် ငယ်စဉ်တည်းက လေယာဉ်ပျက်ကျရာ ကနေလွတ်မြောက်လာပြီးတဲ့နောက် မိဘမဲ့တစ်ကောင်ကြွက်အဖြစ်ဘဝကိုရပ်တည်လာရင်းနဲ့ သေဘေးကနေလွတ်မြောက်လာရာကနေအစွမ်းတစ်ခုကိုပိုင်ဆိုင်လာခဲ့တယ် အဲ့စွမ်းက သေဆုံးတော့မယ့်လူတွေကိုဖောက်ထွင်းမြင်ရတာပါဘဲ အဲ့အစွမ်းကြောင့်ဘဲ သူချစ်တဲ့အာအိုအီဆိုတဲ့ကောင်မလေးကိုတွေ့ဆုံခဲ့တဲ့အခါ သူတို့၂ယောက်ရဲ့အချစ်ရေးကရော ဖြောင့်ဖြူးသာယာနိုင်ပါ့မလား လောကကြီးမှာဘယ်အရာမှအလကားမရဘူးဆိုတဲ့သဘောအရသူ့ရဲ့အစွမ်းအတွက်ဘာတွေပြန်ပေးဆပ်ရပါမလဲ အချစ်ဆိုတာပေးဆပ်ချင်းတစ်ခုလား ရယူခြင်းလား ဘယ်လိုပုံဖော်ထားလဲဆိုတာဒီကားထဲမှာ သေချာလေးပုံဖော်ထားပါတယ် supernatural ကိုမှdrama ဘက်ကိုသွားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ကြည့်ရှုသူတွေနောင်တမရစေမယ့်ကားဖြစ်တာကြောင့်ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေနော်.... Translated & Review By XiaoEncoded By LK
movie

Fortuna’s Eye ( 2019 )

2019