Channel Myanmar

Aisling Franciosi

Stopmotion (2023) 5.6
Stopmotion (2023)  ဒီနှစ်ထဲမှာ ဟော်ရာ ကားကောင်းကောင်းရှားနေပေမဲ့ ဒီကားကတော့ ကောင်းပါတယ်။ ABCs of Death ရဲ့ ဒါရိုက်တာ Robert Morgan ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဟော်ရာ၊ ဆိုက်ကို အမျိုးအစားပါပဲ။ဇာတ်လမ်းကတော့စတော့မိုးရှင်းခေါ်တဲ့ အရုပ်လေးတွေကို ဖရိမ်တစ်ခုချင်းလှုပ်ရှားမှုဖမ်းရိုက်ပြီး ကာတွန်းရုပ်ရှင်ဖန်တီးတဲ့ သားအမိနှစ်ယောက်အကြောင်းပါပဲ။ အမေဖြစ်သူက နာမည်ကျော် စတော့မိုးရှင်းဒါရိုက်တာကြီးဖြစ်ပေမဲ့ အဆစ်ယောင်ရောဂါကြောင့် လက်တွေမကောင်းတော့လို့ သမီးကို အသေးစိတ်ပြောပြီး ကူညီပေးခိုင်းနေတာပါ။ ဒါပေမဲ့ တစ်နေ့မှာ ကိုမာ ဝင်သွားပြီး သမီးဖြစ်သူတစ်ယောက်တည်း ရုပ်ရှင်ကို ပြီးအောင်ဖန်တီးဖို့ ဖြစ်လာပါတယ်။ စတော့မိုးရှင်းကာတွန်းရုပ်ရှင်ကိုဖန်တီးဖို့ အာရုံနှစ်ထားရင်း တဖြည်းဖြည်း စိတ်ကူးတွေရော အမြင်တွေရော အစွန်းရောက်လာပြီး ကြောက်စရာတွေ ဖြစ်လာပါတော့တယ်။ File size…(1.2 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoded and Translated by ….Mr. Anderson
movie

Stopmotion (2023)

The Last Voyage of the Demeter (2023) 6.4
The Last Voyage of the Demeter (2023) The Last Voyage of the Demeter (2023) ============================= IMDb Rating - 6.4/10ရှေးခေတ် ဟော်ရာရုပ်ရှင်ကောင်းကောင်းတစ်ခုလာပါပြီ။ တကယ်တော့ ဒရက်ကူလာ ဇာတ်ကြောင်းတွေကို စိတ်ဝင်စားတဲ့သူဆိုရင်နာမည်ကြားတာနဲ့ မှတ်မိမှာပါပဲ။ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကြီးထဲမှာပါတဲ့ ဒမီတာဆိုတဲ့ လှေပါပဲ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒမီတာရဲ့ နောက်ဆုံးပင်လယ်ခရီးရှည် အကြောင်းပါပဲ။ ဒါရိုက်တာကတော့ André Øvredal ပါ။ သူက လူကြိုက် များခဲ့တဲ့ The Autopsy of Jane Doe နဲ့ Troll Hunter ကို ရိုက်ခဲ့တဲ့သူပါ။အခုလည်း The Autopsy of Jane Doe စတိုင်ပဲ ဘယ်ကိုမှ ပြေးလို့လွှားလို့ မရတဲ့ အလုံပိတ်နေရာတစ်ခုထဲက မိစ္ဆာတစ်ကောင်ကို ဇာတ်လမ်းတည်ပြီး ရိုက်ကူးထားတာပါ။ မာလိမ်မှူး အဲလိယက်အဖြစ် Game of Thrones ထဲက ဆာဒါးဗို့စ်ဖြစ်တဲ့ Liam Cunningham က သရုပ်ဆောင်ထားပြီး၊ အန်နာအဖြစ် Game of Thrones ...
movie

The Last Voyage of the Demeter (2023)

2023
4K HEVC
God’s Creatures (2022)
God’s Creatures (2022) IMDb - 5.8, RT - 92%Game Of Throneထဲက မင်းသမီး ချောလေး Aisling Franciosiနဲ့ Corpse Bride နဲ့ Chernobylတို့မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ မင်းသမီးကြီးEmily Watsonတို့ရဲ့ဇာတ်ကားကောင်းလေးလာပါပြီ။အေးလင်ရဲ့သားဖြစ်သူ ဘရိုင်ယန်ဟာ မိခင်ရှိရာဆီကို နှစ်အတော်ကြာမှပြန်ရောက်လာခဲ့ပါတယ်။ သားအမိ၂ယောက်အလွမ်းသည်လို့မှ မဆုံးသေး ဘရိုင်ယန်တစ်ယောက် လက်အငြိမ်မနေ ခြေမငြိမ်နေမှုကြောင့် ဆာရာဆိုတဲ့ကောင်မလေးကို မုဒိန်းကျင့်ပါတယ်ဆိုပြီး တရားစွဲခံရပါတော့တယ်။ သူတကယ်ပဲ ဆာရာကို မုဒိန်းကျင့်ခဲ့သလား၊ သူဒီအမှုကနေရော လွတ်မြောက်သွားပါ့မလား၊ သားအမိ၂ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးရင်းတွေးရင် ကြည့်ရှု့ရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။File size…(1.28GB)  / (665.65MB) / (303.28MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
movie

God’s Creatures (2022)

The Unforgivable (2021) 7.2
The Unforgivable (2021) The Unforgivable (2021)IMDb - 7.2/10အမှားမကျူးလွန်ဖူးတဲ့ ပုထုဇဉ်လူသားဆိုတာ လက်​​တွေ့ဆန်ဆန်​ ပြောရရင် မရှိနိုင်ပါဘူး။ လူတိုင်းအနည်းနဲ့အများ​​တော့ မှားခဲ့ဖူးတဲ့ အခိုက်အတံ့​တွေရှိမှာပါ၊ အဲဒီအမှားက ကြီးလား ​သေးငယ်လား၊ ခွင့်လွှတ်လို့ရလား မရဘူးလားဆိုတာက​တော့ ကိုယ့်အမှား​ကြောင့် နစ်နာသွားတဲ့ တစ်ဖက်လူရဲ့ Perspective​ပေါ်မှာပဲ မူတည်​နေမှာပါဒီရုပ်ရှင်ဟာ Netflixက အသစ်ထွက်ရှိထားတဲ့ Drama, Thriller ကားစစ်စစ်ဖြစ်ပြီး ဝါရင့်မင်းသမီးကြီး Sandra Bullockကိုယ်တိုင် ​ခေါင်း​ဆောင် ပါဝင်ထားပါတယ်။ 2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ စီးရီးတို The Unforgiven ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်Ruth Slater ဟာ ငယ်စဉ်ကကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခု​ကြောင့် နှစ်ရှည်​ထောင်ဒဏ် ချမှတ်ခံခဲ့ရသလို ညီမ​ဖြစ်သူ Katherineနဲ့ ​ဝေးခဲ့ရပါတယ်။ ထောင်ကလွတ်လာတဲ့အချိန်မှာ​တော့ ညီမဖြစ်သူကို ရှာ​ဖွေဖို့နဲ့ လူ့အသိုင်းအဝိုင်းထဲကို ပြန်ဝင်ဆံ့ဖို့ Ruthတစ်​ယောက် ကြိုးစားရပါ​တော့တယ်။ ဒါ​ပေမဲ့Ruthလွတ်လာတာကို မ​​ကျေနပ်တဲ့ Ruthရဲ့ အမှားကို ခွင့်လွှတ်နိုင်စွမ်းမရှိ​သေးတဲ့ နစ်နာသူမိသားစုက ကလဲ့စား​ချေဖို့ အပြင်းအထန်ကြိုးစားလာခဲ့တဲ့အခါ....Ruth ကျူးလွန်ခဲ့တဲ့အမှားက ...
movie

The Unforgivable (2021)

2021
The Nightingale (2019) 7.2
The Nightingale (2019) ဒီတစ်ခါတော့ Channel Myanmar ပရိသတ်သတ်ကြီးအတွက်Imdb Rating 7.2/10, Rotten Tomatoes 86% တောင်ရရှိထားတဲ့ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။အားလုံးချစ်တဲ့ Me before you ဇာတ်ကားထဲကမင်းသားချော Sam Claflin ကိုပုံစံအသစ်တစ်မျိုးနဲ့တွေ့မြင်ရမှာပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲဖော်ပြလိုပါသေးတယ်။လောကဓံနဲ့ရင်ဆိုင်ခဲ့ရတဲ့ တေးသီငှက်လေးအကြောင်းပါပဲ။ကလဲရာဆိုတဲ့ အိုင်ယာလန်သူလေးဟာဗြိတိသျှ စစ်တပ်တွေကို တေးသီချင်းဆိုပြရတဲ့ တေးသီငှက်လေးပေါ့။သူ့မှာ ချစ်ရတဲ့ခင်ပွန်းနဲ့ ချစ်ရတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။သူမအလုပ်အကြွေးပြုနေရတဲ့ ဗြိတိသျှ တပ်ဖွဲ့ငယ်လေးရဲ့လက်ဖတင်နင်ကတော့ သူမကိုထိပါးစော်ကားပြီး ချုပ်ကိုင်ထားတဲ့သူပါ။တစ်နေ့မှာတော့ သူမရဲ့ဘဝထဲကိုကြံကြမ္မာဆိုးတစ်ခုဝင်ရောက်လာပါတော့တယ်။သူမဘယ်လိုဆက်ဖြစ်မယ်?ဘာတွေရင်ဆိုင်ရမယ်ဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့်ကားလေးပါ။လူမျိုးရေးရာခွဲခြားမှုတွေရယ်၊ချစ်ခြင်းမေတ္တာရယ်၊ရိုးသားဖြူစင်မှုတွေရယ် ရောထွေးတင်ဆက်ထားတဲ့ဒီကားလေးနာမည်ကတော့ The Nightingale (2019)ပါ File Size : ( 1 GB , 296 MB )Quality :  WEB-DL 720pRunning Time : 2 hr 16 minFormat ...
movie

The Nightingale (2019)

2018