Channel Myanmar

Aju Makita

In Love and Deep Water (2023)
In Love and Deep Water (2023)  Netflix original ရုပ်ရှင်ဖြစ်တဲ့ In Love and Deep Water ဟာဂျပန်စကားပြောရုပ်ရှင်ကားတစ်ကားဖြစ်ပြီး ဇိမ်ခံသင်္ဘောပေါ်မှာဇာတ်အိမ်တည်ထားပါတယ်။တာဝန်သိ သင်္ဘောဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဆုဂုရုဟာသင်္ဘောပေါ်ကို ချိဇုရုဆိုတဲ့ မိန်းကလေးရောက်လာတဲ့အချိန်ကစပြီးသူ့ဘဝဟာလည်းကပြောင်းကပြန် ဖြစ်ကုန်ပါတော့တယ်။ ချိဇုရုဟာဆုဂုရုနဲ့သူ့ရဲ့ရည်းစားတွေအကြောင်း အဖြစ်မှန်ကိုဖွင့်ဟလိုက်တဲ့နောက်မှာတော့ သူတို့နှစ်ဦးစလုံးရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။သင်္ဘောအပေါ်ဆုံးထပ် ရေကူးကန်ထဲမှာ လူသေအလောင်းတစ်လောင်းတွေ့တာကအစပြုလို့ ချိဇုရုနဲ့ ဆုဂုရုတို့နှစ်ဦးသားဟာ တခြားခရီးသည်များနဲ့အတူလျှို့ဝှက်ဆန်းကြယ် လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေများ ဖြစ်လာခဲ့ပါတယ်။လူသေဆုံးရတဲ့အဖြစ်မှန်ကို ရှာဖွေနေတဲ့ ဆုဂုရုနဲ့ ချိဇုရုတို့ဟာလျှို့ဝှက်ဆန်းကြယ်လှတဲ့ အဖြစ်အပျက်တွေအကြား တစ်ဦးနဲ့တစ်ဦးသံယောဇဉ်တွယ်လာခဲ့ပါတယ်။ရေကြောင်းခရီးစဉ်တစ်ခုအတွင်း အချစ်ဇာတ်လမ်းနဲ့ လျှို့ဝှက်ဆန်းကြယ်အမှုအခင်းကိုတစ်လှည့်စီပြသရင်း ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာမို့ ဂျပန်စကားပြောIn Love and Deep Water ဇာတ်ကားလေးကို Channel Myanmar ပရိတ်သတ်ကြီးကြည့်ရှုအားပေးနိုင်စေဖို့ တင်ဆက်လိုက်ရပါတယ်။ဒီဇာတ်ကားမှာ အမျိုးသားဇာတ်ဆောင်အဖြစ်ပါဝင်တဲ့ Ryô Yoshizawa ဟာKamen Rider ဇာတ်ကားများနဲ့ လူသိများတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။အိုင်နာအဖြစ်သရုပ်ဆောင်တဲ့ Kikuchi Yuriko ဟာ မင်းသားကြီး Brad Pittပါဝင်တဲ့ ...
movie

In Love and Deep Water (2023)

After the Storm (2016) 7.4
After the Storm (2016) After the Storm ( 2016 ) ------------------------ Directed by Hirokazu KoreedaEven After the Worst Storms , The Sun Will Shine Again.Koreedaကားတွေထဲ အကြိုက်ဆုံး၂ကားကို ရွေးထုတ်ရမယ်ဆိုရင် Still Walking နဲ့ After the Storm ကို ရွေးထုတ်ရမှာပဲ။ ဒီ၂ကားထဲက တစ်ကားပြန်ရွေးဖို့ဆိုရင်ကျ နည်းနည်းတော့ပြဿနာရှိတယ်။ အတတ်ပညာပိုင်းအရဆိုရင်တော့ ပုဂ္ဂလိကအမြင်အရ After The Stormဟာ Still Walking ထက် နည်းနည်းလေးလျော့နေတယ်လို့ ပြောရမှာပဲ။ ဒါပေမဲ့ After The Storm ကတော့ ရင်ထဲပိုရောက်တယ်။ ပြောသာပြောရတာ ဒီ၂ကားက တစ်ဆက်တည်းပါပဲ။ တူလားဆိုရင်တော့ မတူဘူး။ ဒါပေမဲ့ တစ်ဆက်တည်းပဲ။၂ကားလုံးက Koreeda သူ့အမေအိမ်ကို သွားလည်ပြီးတဲ့နောက် အိုင်ဒီယာပေါ်လာတဲ့ကားတွေပဲ။ သူ့ဘဝသူ အခြေတည်ပြီး ရိုက်ထားတဲ့ကားတွေပဲ။ ၂ကားလုံး မင်းသားလည်းတူတယ်။ ...
movie

After the Storm (2016)

2016
99.9 Criminal Lawyer: The Movie (2021) 6.3
99.9 Criminal Lawyer: The Movie (2021) 99.9 Criminal Lawyer: The Movie (2021) ============================= IMDb Rating - 6.3/10"ဂျပန်နိုင်ငံက ရာဇဝတ်မှုတွေရဲ့ ၉၉.၉%ဟာ အပြစ်ရှိကြောင်း စီရင်ချက်ချခံရတယ်"၊ "တရားစွဲခံရပြီဆိုတာနဲ့ အပြစ်ဒဏ်ချခံရမှာ သေချာသလောက်ပဲ"၊"ဒီဇာတ်ကားဟာ ကျန်တဲ့(၀.၁%) နောက်ကွယ်ကဖုံးကွယ်နေတဲ့ အမှန်တရားဆီအရောက်သွားဖို့ ဘာမဆိုလုပ်မယ့် ရှေ့နေတွေအ ကြောင်းဖြစ်ပါတယ်"။ဤကား ဇာတ်ကားမိတ်ဆက်။99.9 Criminal Lawyer ဟာ စီးရီးသပ်သပ်ရှိပါတယ်။ ဒါကမူဗီပါ။ စီးရီးနဲ့ ဒီမူဗီရဲ့ အမှုတွေက ဆက်စပ်မနေတာမို့ စီးရီးမကြည့်ဖူးလည်း ဒီမူဗီကိုတန်းကြည့်လို့ရပါတယ်။ဟီရိုတိုမိယာမဆိုတဲ့ လူငယ်ရှေ့နေ့တစ်ယောက်ဟာ မာဒရာမဲဥပေဒေ ရုံးမှာ အလုပ်လုပ်ပါတယ်။ သူက အခင်းဖြစ်ပွားတဲ့ပုံစံကို ပြန်လည်သ ရုပ်ဖော်ပြီး ထင်မထားတဲ့နေရာက သဲလွန်စတွေနဲ့ အမှန်တရားကိုရှာဖွေ တတ်သူပါ။  ဒီကားထဲမှာတော့ လွန်ခဲ့တဲ့၁၅နှစ်က ဝိုင်အဆိပ်သင့်မှုကို မိယာမနဲ့သူ့အဖွဲ့သားတွေ ရှာဖွေစုံစမ်းပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှူရ မှာပါ။ တစ်ကားလုံး တရားခံဘယ်သူလဲ စဉ်းစားလာခဲ့ပြီးမှ နောက်ဆုံးမှာ "ဟာ!" ဆိုပြီး ပါးစပ်အဟောင်းသားဖြစ်ရမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.9 GB) / (828 MB) / (495 MB) Quality............WEB-RIP ...
movie

99.9 Criminal Lawyer: The Movie (2021)

2021