Channel Myanmar

Akio Suyama

Gurren Lagann the Movie: Childhood’s End (2008) 7.7
Gurren Lagann the Movie: Childhood’s End (2008) Gurren Lagann the Movie: Childhood's End (2008) ====================================2008 ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-fi Anime လေးပဲဖြစ်ပါတယ်။ Action mecha anime ဖြစ်တဲ့အပြင်ကိုမှ Art style နဲ့ Animation quality အရမ်းကောင်းပြီး Screen transition တွေ Smooth ဖြစ်တဲ့အချက်နဲ့ပါ နာမည်ကြီးခဲ့တဲ့ Anime movie တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်အိမ်ကောင်းမွန်မှုကြောင့် Netflix ရဲ့ Second Best Anime လည်း ဖြစ်ခဲ့ပါသေးတယ်။" ကောင်းကင်ဘုံကိုဖောက်မယ့်လွန်သွား " ဆိုတာကတော့ ..... Giha ရွာက အညတရ မိဘမဲ့လေး Simon ကို ညီအစ်ကိုလိုနေလာတဲ့ ဘဝတူချဉ်ဖတ် Kamina အားပေးနေကျစကား။ လူသားတွေအားလုံး မြေပြင်ပေါ်ကနေ အပြီးအပိုင်နှင်ထုတ်ခံလိုက်ရပြီး မြေအောက်မှာပဲ တွင်းတွေတူး၊ ရွာလေး တွေတည်ပြီးနေနေကြရတဲ့ အကြောင်းအရင်းကို ဘယ်သူမှသေချာမသိကြ ပါဘူး။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ " မြေပေါ်ကို တက်လို့မဖြစ်ဘူး " ဆိုတဲ့ ...
movie

Gurren Lagann the Movie: Childhood’s End (2008)

2008
Doraemon: Nobita’s Treasure Island (2018) 6.5
Doraemon: Nobita’s Treasure Island (2018) Doraemon: Nobita's Treasure Island (2018) ------------------------------------------------------------------- အခုတစ်ခေါက်မှာတော့ 2018 ခုနှစ်မှာ ထွက်ခဲ့တဲ့ ၃၈ကားမြောက် ဒိုရေမွန်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးက ၁၈၈၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Treasure Island ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး Your Name Anime ရဲ့ ထုတ်လုပ်သူ Genki Kawamura ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ ပင်လယ်ဓားပြပုံပြင်တွေဖတ်ပြီး ရတနာကျွန်းရှာဖို့ရူးသွပ်နေတဲ့ နိုဘီတတစ်ယောက် သတင်းမီဒီယာကနေ အမည်မသိကျွန်းတစ်ခုပေါ်လာကြောင်း ကြေညာချိန်မှာတော့ ရတနာသွားရှာချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတော့တယ်။ဒါကို သူငယ်ချင်းတွေက ဝိုင်းလှောင်ကြတော့ စိတ်တိုတိုနဲ့ကျွန်းကို တွေ့အောင်ရှာမယ်လို့အလောင်းအစားပြုလုပ်ပြီး ထုံးစံအတိုင်း ဒိုရေမွန်ကိုအကူညီတောင်းပါတယ်။ ဥပေက္ခာမပြုနိုင်တဲ့ ဒိုရေမွန်ကလည်း နိုဘီတအလိုကျအတိုင်း အဲဒီကျွန်းကို သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ပင်လယ်ဓားပြတွေနဲ့ ဘယ်လိုစခန်းသွားရမလဲ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုခံစားပေးကြပါဦးနော်။ File size…1.7GB / 894MB Quality…1080p BluRay / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Doraemon: Nobita’s Treasure Island (2018)

2018
Perfect Blue (1997) 8
Perfect Blue (1997) ℙ𝕖𝕣𝕗𝕖𝕔𝕥 𝔹𝕝𝕦𝕖 (𝟙𝟡𝟡𝟟) ===========IMDb Rating- 8/10 Rotten Tomatoes- 80% MyAnimeList- 8.5/10တစ်ခါ‌တလေများ ရေသောက်နေရင်းဖြစ်ဖြစ် ထိုင်နေရင်းဖြစ်ဖြစ် ဆေးလိပ်သောက်နေရင်းဖြစ်ဖြစ် တစ်ချိန်ချိန်မှာ အတွေးဟာ အပြင်ကိုမရောက်ဘဲ အတွင်းထဲကို ရောက်သွားတဲ့ အခိုက်အတန့်တစ်ခုကို လူအတော်များများ ကြုံဖူးကြမယ်ထင်တာပဲ။ ကျွန်တော်တော့ ရံဖန်ရံခါဆိုသလိုဖြစ်တတ်တယ်။ အဲ့ဒီအခိုက်အတန့်ကလေးမှာ အတွေးဟာ ပြင်ပ အကြောင်းအဖြစ်တွေဆီ ရောက်မသွားဘဲ "ငါ"ဆိုတဲ့ အတွင်းကအ‌ရာဆီပြန်ရောက်သွားတယ်။ အဲ့ဒီအခိုက်အတန့်ဟာ တကယ့်ကိုခဏလေး ဒါပေမဲ့အတော်ကြာသလိုလည်းခံစားရတယ်။ အတိအကျတော့မပြောတတ်တော့ပေမဲ့ သေချာတာကတော့ အဲ့ဒီအချိန်မှာဖြစ်တဲ့ ခံစားမှုဟာ "ငါ"ဆိုတာရဲ့လုံး၀ကိုအဓိပ္ပာယ်မဲ့နေမှုကြီး။ ‌ဒီခန္ဓာဒီနာမည်နဲ့လူဟာ ငါဟုတ်ရဲ့လားတောင် တွေးမိတဲ့အထိပဲ။ ကိုယ်ရှင်နေတဲ့ ဘ၀ကြီးကို အရှိတရားရောဟုတ်ရဲ့လားလို့ သံသယ၀င်မိတဲ့ အခိုက်အတန့်တစ်ခုလို့ဆိုရမယ်။အဲ့ဒီလိုအခိုက်အတန့်ကို ခံစားဖူးတဲ့လူတိုင်း ဒီAnimeထဲက ဇာတ်‌ကောင်ရဲ့ ဘ၀ကို နားလည်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီထဲကဇာတ်ကောင်ကို နားလည်သွားရင် ဒီ Anime ဟာ ခင်ဗျားအတွက် တကယ့် Masterpiece တစ်ခုဖြစ်သွားမှာတော့ သေချာတယ်။သတိထားမိသလောက်ဆိုရင် တစ်ချို့ဒါရိုက်တာတွေဟာ လူ့ဘ၀လို့ ကျွန်တော်တို့အားလုံး ခေါ်ကြတဲ့အရာဟာ အရှိတရားဟုတ်ရဲ့လား? အိပ်မက်တစ်ခုများလား? ဆိုတဲ့ တူညီတဲ့ သံသယတစ်ခု သူတို့ခေါင်းထဲရှိနေတာ သူတို့ရုပ်ရှင်တွေမှာ အတော်တွေ့ရတယ်။Satoshi Kon ဟာလည်း အဲ့ဒီလို အရှိတရားကို သံသယ၀င်တဲ့သူတွေထဲက တစ်ယောက်ပဲလို့ ကျွန်တော်တော့ယုံတယ်။ Perfect Blue မှာ အရှိတရားကို ဝေခွဲဖို့ အတော်ခက်တယ်။‌ လက်တွေ့မှာ အရှိတရားကိုယ်တိုင်ကလည်း ဝေခွဲဖို့ခက်တဲ့အတွက် အရှိတရားကို ဝေခွဲရခက်တဲ့ရုပ်ရှင်တွေဟာ ကျွန်တော်တို့ စိတ်တွေကို တစ်နည်းတစ်ဖုံနဲ့ ဖမ်းစားထားနိုင်ခဲ့တယ်။Black ...
movie

Perfect Blue (1997)

1997