Channel Myanmar

Akshay Kapoor

Mrs. Undercover(2023) 7.1
Mrs. Undercover(2023) Mrs. Undercover 2023အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြောအက်ရှင်၊ ဒရမ်မာ၊ ဟာသကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 7.1 အထိရရှိထားပြီး Pad man, Andhadhun စတဲ့ကားတွေမှာ နာမည်ကြီးမင်းသားတွေနဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ မင်းသမီး Radhika Apteဖြစ်ပါတယ်။ ဒီကားမှာတော့သူက အိမ်ထောင်ရှင်မမိခင်တစ်ဖြစ်လဲ လျှို့ဝှက်စုံစမ်းရေးအေးဂျင့်အဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း Strong ဖြစ်ပြီး independent ဖြစ်တဲ့အမျိုးသမီးကိုမှ ရွေးပြီးသတ်တဲ့လူသတ်သမားတစ်ယောက်ရှိပါတယ်။ အထူးအေးဂျင့်တပ်ဖွဲ့မှာ ဒီလူသတ်သမားကိုစုံစမ်းဖို့ အေးဂျင့်တစ်ယောက်ပြီးတစ်ယောက် လွှတ်ရာမှာ မအောင်မြင်ဘဲ နောက်ဆုံးမစ်ရှင်လွှတ်စရာ အေးဂျင့်မရှိအောင်ဖြစ်သွားတော့တယ်။ဒီလိုနဲ့ အိမ်ထောင်ရှင်မဖြစ်တဲ့ဒူရ်ဂါဟာ လူသတ်သမားကိုစုံစမ်းဖို့မစ်ရှင်မှာ ဘယ်အစိတ်အပိုင်းကနေ၀င်ပါသွားမလဲ၊ အိမ်ထောင်ရှင်မနောက်ကွယ်မှာ သူ့ဘ၀ဟာဘယ်လို‌တွေဖုံးကွယ်ထားတယ်ဆိုတာ ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File size…1.8GB / 836MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nyein Aye ~ BpL~Yunni
movie

Mrs. Undercover(2023)

2023
Sherdil: The Pilibhit Saga (2022) 7.5
Sherdil: The Pilibhit Saga (2022) Sherdil: The Pilibhit Saga (2022)အခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ Mirzapur ထဲက သဘာဝမင်းသားကြီး ပန်ကခ်ျထရီပတီဦးဆောင်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်...ဟိုးဝေးလံခေါင်သီတဲ့ဒေသတစ်ခုမှာ ဂျန်ဒိုဆိုတဲ့ရွာလေးတစ်ရွာရှိတယ် မီးမရှိ ဆေးရုံမရှိ စာသင်ကျောင်းမရှိတဲ့ရွာလေးပေါ့ တောနီးချုပ်စပ်ရွာဖြစ်လို့ တောရိုင်းကောင်ကြီးတွေရောက်ရောက်လာတတ်ပြီး ရွာသူရွာသားတွေရဲ့စိုက်ခင်းတွေကို ဖျက်ဆီးသွားတတ်တယ်အဲ့ဒီရွာရဲ့သူကြီးကိုတော့ ဂန်ဂါရာမ်(ပန်ကခ်ျထရီပတီ)လို့ခေါ်တယ် သူဟာ ရိုးသားတဲ့တောသားဖြစ်ပေမယ့် ရပ်ရွာအကျိုးအတွက်ဆို ရှေ့တန်းက ဦးဆောင်မယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ပေါ့...ရွာမှာတောကောင်တွေ သောင်းကျန်းလို့ အစိုးရရုံးတွေဆီတက်တိုင်တော့လည်း အစိုးရရုံးတွေရဲ့ထုံးစံအတိုင်း ဟိုဌာနကဟိုစာတောင်းလာခဲ့ ဒီဌာနကဒီစာတောင်းလာခဲ့နဲ့ ဟိုလွှတ်ဒီလွှတ်ပေါ့..ဒီလိုနဲ့ သူဟာ အစိုးရရုံးတစ်ရုံးမှာ ကပ်ထားတဲ့ကြေညာစာမှာ တောကောင်အကိုက်ခံရတဲ့သူကို အစိုးရက ရူပီ၁၀သိန်းနစ်နာကြေးပေးမယ်ဆိုတာကို မြင်သွားတယ်...ဒီနစ်နာကြေးကို အရယူပြီး ရွာသားတွေရဲ့ပြဿနာတွေကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဖြေရှင်းပေးဖို့ သူကိုယ်တိုင်တောကောင်အစားခံဖို့ တောထဲထွက်လာတဲ့အခါမှာတော့ ဆက်လက်ပြီး ဘယ်လိုတွေ စိတ်လှုပ်ရှားစရာကောင်းမလဲဆိုတာကို ဆက်လက်ရှုစားပေးကြပါ...ဒီဇာတ်ကားလေးမှာတော့ နုံချာဆင်းရဲပြီး ရိုးသားတဲ့တောသားပင်ဖြစ်လင့်ကစား ခေါင်းဆောင်ကောင်းတစ်ယောက်တို့မည်သည် ဘယ်လိုအရည်အချင်းတွေနဲ့ ပြည့်စုံအပ်သလဲဆိုတာကို ဖော်ကျူးရိုက်ကူးပေးထားလို့ ကျေနပ်အားရစေမှာအမှန်ပါပဲ File size…1.67GB / 782MB Quality…1080p HQ HD AAC5.1CH / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & BpL & Honeyey
movie

Sherdil: The Pilibhit Saga (2022)

2022