Channel Myanmar

Akshay Kumar

Cuttputlli (2022) 5.2
Cuttputlli (2022) ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၁၈ တုန်းက လူကြိုက်များခဲ့တဲ့ ‘Ratsasan’ ဆိုတဲ့ ဇာတ်ကားကို Disney+ Hotstar က ၂၀၂၂ မှာ ဆန်းသစ်တဲ့ ရိုက်ချက်တွေနဲ့ ပြန်လည်ရိုက်ကူးထားပြီး မင်းသားကြီးအာရှေးကူးမားပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။အာဂျန်ဆိုတဲ့ ဘွဲ့ရပညာတတ်တစ်ယောက်ဟာ ကွင်းဆက်လူသတ်မားတွေရဲ့ စိတ်ပညာကို စိတ်ဝင်စားသဖြင့် မှုခင်းစိတ်ပညာတွေကိုလဲလေ့လာခဲ့ပါတယ်။ သူရဲ့ရည်ရွယ်ချက်ကတော့ ကောင်းမွန်တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားကို ရိုက်ကူးချင်ခဲ့တာဖြစ်ပါတယ်။မှုခင်းဖြစ်ရာ ဖြစ်စဉ်တွေကို သူ့ဘဝရဲ့ ခုနစ်နှစ်တိုင်ကြိုစားအားထုတ်လေ့လာပြီး ရလာတဲ့ ဇာတ်ညွှန်းလေးဟာ ရိုက်ကူးခံရဖို့အတွက် သဘောကျနှစ်ခြိုက်တဲ့ ထုတ်ဝေသူမတွေ့ခဲ့ရပါဘူး။ သူခုနစ်နှစ်တိုင်လေ့လာထားတဲ့ မှုခင်းပညာတွေ မှုခင်းနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို အလကားမဖြစ်သွားအောင် ရဲအဖြစ် တာဝန်ထမ်းဖို့အတွက် ရွေးချယ်ခဲ့ပါတော့တယ်။ သူရဲထဲဝင်ပြီးမကြာခင်မှာမှာ ပေါက်ပေါက်လာတဲ့ ဆယ်ကျောက်သက် ကျောင်းသူအရွယ်လေးတွေ ပျောက်ဆုံးနေတဲ့ အမှုဟာ လူပျောက်မှုလေးကနေ ကွင်းဆက်လူသတ်မှုအထိ ကြီးမားလာတဲ့ အခါ အာဂျန်တစ်ယောက် သူ့ရဲ့ လက်တွေ့အသုံးမချရသေးတဲ့ မှုခင်းပညာတွေကို ဘယ်လိုအသုံးချမလဲ။ အတွေ့အကြုံမရှိတဲ့ ရဲတစ်ယောက်ဖြစ်ပေမယ့် မှုခင်းပညာတွေကို အပြင်မှာလေ့လာခဲ့တဲ့ အာဂျန်တစ်ယောက် အထက်ကလူတွေနဲ့ရော အဆင်ပြေနိုင်ပါ့မလား ဆိုတာတွေကို Cuttputlli ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလိုက်ပါ။ File size…4.5GB / 2.09GB / 1.1GB Quality…4k HEVC ...
movie

Cuttputlli (2022)

2022
4K HEVC Web-DL
Samrat Prithviraj (2022) 7.4
Samrat Prithviraj (2022) Samrat Prithviraj 2022==================Samrat Prithviraj 2022IMDb 7.4ရရှိထားတဲ့ မင်းသားကြီးအာရှေးကူမားရဲ့ ရုံတင်ဇာတ်ကားကြည်တောက်ရှင်းထွက်ရှိလာပါပြီ... ဒီဇာတ်ကားကတော့ ရှေးခေတ်အိန္ဒိယနိုင်ငံ‌ရဲ့ကျော်ကြားတဲ့စစ်သူကြီးSamrat Prithviraj Chauhan အကြောင်းကို အခြေခံရိုက်ကူးထားတာပါ။IMDb 7.4ရရှိထားပြီး မင်းသားကြီးအာရှေးကူမားပါဝင်သရုပ်ဆောင်ထားတဲ့ဒီရာဇဝင်ကားသစ်ဟာဆိုရင်..ကြောက်လန့်ခြင်းမရှိ ရန်အပေါင်းကိုအောင်နိုင်တဲ့ ပရစ်ထဗီရာဂ်ျဆိုတာအခက်အခဲတိုင်းကိုရင်ဆိုင်နိုင်သူပါ တစ်နေ့မှာကန်နူးဂ်ျတိုင်းပြည်ရဲ့ဘုရင်ကပရစ်ထ‌ဗီရာဂ်ျ့တို့နေတဲ့ဒေလီမြို့ကို ပူဇော်ပွဲတက်ရောက်ဖို့ဖိတ်ကြားလွှာပို့ခဲ့ပါတယ် အဲ့ဒီဖိတ်ကြားလွှဲကဘယ်လိုမျိုးလဲ ရဲရင့်တဲ့ သူရဲကောင်းSamratဘယ်လိုဘယ်ပုံဖြေရှင်းရမလဲဆိုတာကို မင်းသားကြီးအာရှေးကူမားရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုနဲ့ဆွဲဆောင်မှုမှုရှိရှိကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းတပုဒ်ဖြစ်ပါတယ် File size…7.64GB / 2.58GB / 1.2GB Quality…4k HEVC AMZ WBE DL / 1080p TRUE WBE DL AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Yunni & Honeyey & Guu Guu Reviewed by : Yunni
movie

Samrat Prithviraj (2022)

2022
4K HEVC Web-DL
Bhool Bhulaiyaa (2007) 7.3
Bhool Bhulaiyaa (2007) ကဲဗျာအညွန်းမလာခင် မင်းသားမင်းသမီးအရင်ပြောမယ်�Bollywood မှာလိုင်းစုံရတဲ့မင်းသား Ashay Kumar ကဟာသမင်းသားပေါ့� မင်းသမီးကတော့ Kaho Naa Pyar Hai(လက်ပွားမင်းသား ခေါင်းဆောင်မင်းသားလုပ်ခဲ့တဲ့ ပထမဦးဆုံးကား) ထဲက မင်းသမီးချောလေး Ameesha Petal လေးပေါ့…သူကတော့ဒီကားထဲမှာ အိန္ဒြေရှင်လေး.. ချစ်ဖို့စွန်းကောင်းတယ် �ဇာတ်လမ်းအကျဉ်း…နည်းနည်းပဲပြောပြမယ်… အကုန်ပြောပြရင် ကြည့်ရတာ feel မလာတော့ဘူး… ဇာတ်လမ်းလေးက ဘာသာတရားနဲ့စိတ်ပညာကိုအခြေခံထားတာပါ စိတ်ပညာဆိုအရူးလို့ထင်မှာပေါ့… ထင်နေရင်မှားမယ်…တန်ဖိုးရှိတဲ့အသိပညာဗဟုသုတတွေရမှာပါ… သရဲခြောက်တဲ့နန်းတော်ထဲမှာ စိတ်ရောဂါဝေဒနာရှင်လေးအပြင် သရဲကိုပါ ဆရာဝန်ကဘယ်လိုပညာသားပါပါ ဘာသာရေးအကူအညီလေးနဲ့ကုသွားမယ်ဆိုတာ သိချင်စိတ်တပြင်းပြင်းနဲ့ကြည့်ရှုရမှာပါ… အစပိုင်းမှာလည်းဟာသလေးတွေနဲ့ပါ… ဇာတ်လမ်းတစ်ဝက်ဆို သိတဲ့အတိုင်း climax ရောက်ပြီ… �Ashay Kumar ရဲ့ပညာသားပါပါဟာသနှောပြီးရိုက်ထားတာ ဘယ်လောက်ကောင်းလဲတွေ့ရမှာပါ. သီချင်းကောင်းလေးတွေကိုလည်း ဘာသာပြန်ပေးထားပါတယ် …လုံးဝဂန္တဝင်ပါပဲ.. �ဟာသကြိုက်တဲ့သူ အသည်းနုတဲ့သူ(ကြည့်နေရင်းသရဲကိုသနားလို့ငိုပါငိုစေရမယ်) စိတ်ပညာကိုအထင်သေးတဲ့သူတွေအတွက်ကတော့ Must See ပါ.. ဒီလောက်ပါပဲ…ကျန်တာကိုတော့ဇာတ်လမ်းထဲမှာခံစားပါ (ဘာသာပြန်သူကတော့ Khant Shwe Thaik ပါ)File Size : 0.99 GB Quality : Bluray 720p Running Time : 2hr 39minutes Format : Mp4 Genre : Comedy, Horror, Mystery Translator : Khant Shwe Thaik Encoder :Thanhtike Zaw
movie

Bhool Bhulaiyaa (2007)

Talaash: The Hunt Begins (2003) 4.3
Talaash: The Hunt Begins (2003) အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့အက်ရှေးကူမားရဲ့အက်ရှင်ကားလေးပဲဖြစ်ပါတယ်...မင်းသမီးအနေနဲ့ ကရီနားကပူးက ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းကတော့...အရ်ဂျွန်ရဲ့ဖခင်ဟာ မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းနဲ့ပတ်သတ်မိရာကနေ အသတ်အဖြတ်ခံရပြီးသမီးဖြစ်သူကပါ ရောင်းစားခံရဖို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတယ်...ခင်ပွန်းအသတ်ခံရတဲ့အပြင် သမီးပါဖမ်းခေါ်သွားခံခဲ့ရတဲ့အဖြစ်ကို မျက်စိရှေ့မှာတင်မြင်လိုက်ရတော့ ယူကြုံးမရဖြစ်ပြီး အရ်ဂျွန်ရဲ့အမေဟာ အရူးတစ်ပိုင်းဖြစ်လို့သွားပါတော့တယ်.... အဖေသေ အမေကအရူးဖြစ် ညီမကိုပါ ဖမ်းခေါ်သွားကြတော့ ငယ်ငယ်ပဲ ရှိသေးတဲ့အရ်ဂျွန်ခမျာ အခြေအနေတွေကို မထိန်းနိုင်ခဲ့ဘူး....သို့ပေမယ့်လည်း မလျှော့သော ဇွဲနဲ့ ရဲထဲဝင်ပြီး ဒုစရိုက်ဂိုဏ်းမှန်သမျှကိုဖြိုခွင်းရင်း ညီမဖြစ်သူကို လိုက်ရှာပါတော့တယ်....ဒီလိုနဲ့....အရ်ဂျွန်ရဲ့ ရှာပုံတော်ဇာတ်လမ်းမှာ ဘယ်လိုစိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေမလဲဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးကြပါဦးရှင့်....  File size…2.8GB / 1.4GB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Taylor  
movie

Talaash: The Hunt Begins (2003)

Bachchhan Paandey(2022) 7.8
Bachchhan Paandey(2022) Bachchhan Paandey(2022) အညွှန်း*******************************IMDb...7.4အားလုံးစောင့်မျှော်နေတဲ့ အက်ရှေးကူးမားကြီးရဲ့  ဇာတ်ကားသစ်ကြီးလာပါပြီဗျား...မာယာ(Kriti Sanon)က ကြိုးစားနေဆဲလက်ထောက်ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်ဒါရိုက်တာအဖြစ် လက်စွမ်းပြနိုင်ဖို့ ဇာတ်လမ်းရှာနေသူပါ။အတွေးသစ်အမြင်သစ်လူငယ်တစ်ယောက်အဖို့ရှေးရိုးစွဲနေတဲ့ ဒီအသိုင်းအဝန်းမှာထိုးဖောက်ဖို့မလွယ်ဘူး.. ထုပ်လုပ်သူက မင်းရိုက်ချင်တယ်ဆိုရင်အမြတ်ရဖို့သေချာတဲ့ ဒီအခေတ်အကြိုက် ဂန်းစတားအကြောင်းရိုက်ဖို့ကြိုးစားပြီးဇာတ်ညွှန်းယူလာခဲ့လို့ဆိုတယ်.. ဒီတော့မာယာက ဒိတ်ဒိတ်ကျဲ ဂန်းစတားတွေအကြောင်းစုံစမ်းတယ်...အဲ့ဒီမှာ  အထူးခြားဆုံးဂန်းစတားက ဘချမ်းပန်ဒေးပဲ...သူ့ကြောင့်ရဲတစ်ချို့တောင်နှုတ်ထွက်စာတင်ကြသလိုတစ်ချို့ဂန်းစတားတွေကအပြင်မှာထက်ထောင်ထဲမှာနေတာ ပိုလုံခြုံတယ်ဆိုပြီး ထောင်ထဲကမထွက်ဖို့တောင်တောင်းဆိုးကြတဲ့ ခေတ်ပြိုင် လူမိုက်တွေရှိသတဲ့...ဒီလို ဂန်းစတားကြီ:အကြောင်းကို မာယာတစ်ယောက်ရုပ်ရှင်ရိုက်ကူးဖို့ကြိုးစားလာတဲ့အခါမှာတော့...အက်ရှေးကူးမားရဲ့ ဒီဇာတ်ကားကလည်း စောင့်နေတဲ့သူတွေစိတ်မပျက်စေရဘူး..ဇာတ်လမ်းအစမှာကတည်းကစိတ်ဝင်စားဖို့ကောင်းသလို တဖြည်းဖြည်းနဲ့ ဂန်းစတားကြီ:အကြောင်းကို ဖော်ပြသွားတယ်...မထင်ထားတဲ့ Plot Twist တွေပါသလို Comedy ဆန်ဆန်လေးတွေလည်းပါလို့လုံးဝ မိုက်ပါတယ်လို့ညွှန်းချင်ပါတယ်...မင်းသမီးကြီး(၂)ဦးဖြစ်တဲ့ Jacqueline Fernandez , Kriti Sanon တို့လည်းပါဝင်တာမို့ မျက်စိအေးဦးမှာလည်းဖြစ်ပါတယ်...File Size :(1.25GB) and (411 MB) Quality : WEB-DL 720P Format…mp4 Duration…02:27:00 Genre : Action , Crime ,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Bachchhan Paandey(2022)

Boss (2013) 5.3
Boss (2013) Boss 2013ဒီတစ်ခေါက်မှာတော့ IMDb 5.3ထိရရှိထားတဲ့Action_Comedyဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်နာမည်ကျော်မင်းသားကြီး Akshay Kumar ပါဝင်သရုပ်ဆောင်ထားတာကြောင့်ဇာတ်လမ်းဇာတ်ကွက် အတိုက်အခိုက်တွေမှာတော့အားရစရာနဲ့ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းတွင်းလူသတ်မှုကြောင့် ထောင်နန်းစံခဲ့ရတာ‌ကြောင့်ဘောစ့်(Akshay)ကို ဖခင်ဖြစ်သူကသားတစ်ယောက်လိုမဆက်ဆံတော့ပါဘူးကျခံရမယ့်ထောင်သက်အပြီးထောင်ထွက်လာချိန်မှာတော့ဂိုဏ်းစတားတစ်ယောက်ဖြစ်လာပေမယ့် အကူအညီလိုအပ်နေတဲ့လူတွေကိုလိုက်လံကူညီပေးရင်းဘဝကိုကုန်ဆုံးနေခဲ့ပါတယ် တစ်နေ့မှာတော့ဆက်ယာကန့်ဆိုတဲ့လူတစ်ယောက်က လူတစ်ယောက်ကိုသတ်ပေးဖို့စာချုပ်ချုပ်ဆိုလာပါတယ်အဲ့ဒီလူကတခြားမဟုတ်ပါဘူး ဘောစ့်ရဲ့ညီလေးဖြစ်တဲ့ ရှိဗ့်ပါ ရှိဗ့်ကတော့ရဲမှူးတစ်ယောက်ဖြစ်တဲ့ အက်ရှုမန်ရဲ့ညီမဖြစ်သူနဲ့ချစ်ကြိုက်နေတာပါဒါကိုသဘောမတူတဲ့ အက်ရှူမန်က ဘယ်လိုတွေလုပ်ကြံမလဲအဖေဖြစ်သူကသားတစ်ယောက်လိုမဆက်ဆံတာကြောင့်အက်ရှုမန့်ရန်ကနေ ဘယ်လိုအခက်အခဲတွေကြားကမိသားစုကိုကာကွယ်သွားမလဲဖုံးကွယ်ထားတဲ့ကျောင်းတွင်းလူသတ်မှုနောက်ကွယ်မှာရောဘာတွေရှိနေမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်)  File size…2.2GB / 1.8Gb Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Haruko & Yunni
movie

Boss (2013)

2013
Singh Is Kinng (2008) 5.7
Singh Is Kinng (2008) Singh is King (2008) *************************** မင်းသားကြီး အက်ရှေးကုမားရ်နဲ့ မင်းသမီး ကတ်ထရီနာကတ်ဖ်တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အချစ်ဟာသအက်ရှင် ဇာတ်မြူးရုပ်ရှင်ကားကြီးကို BluRay Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း..ဟက်ပီးဟာ ဘာလုပ်လုပ် တလွဲချည်းပဲ လုပ်တတ်ပြီး ရွာရဲ့ အော်ကြောလန်တစ်ယောက် ဖြစ်ပါတယ်။ဟက်ပီးရဲ့သူငယ်ချင်း လပ်ကီးကတော့ ဩစတေးလျမှာ ဂိုဏ်းစတားတစ်ယောက်ဖြစ်နေပါတယ်။ တစ်နေ့တော့ ဟက်ပီးရဲ့သူငယ်ချင်းတွေဟာ ဟက်ပီးကို ရွာကနေထွက်သွားစေချင်တာကြောင့် လပ်ကီးအဖေနေမကောင်းကြောင်း လပ်ကီးကို သွားပြန်ခေါ်သင့်ကြောင်းပြောပြီး ဟက်ပီးကို ရွာထဲကထုတ်ဖို့အစီစဉ်ဆွဲကြပါတယ်။ဟက်ပီးတစ်ယောက် လပ်ကီးကို ရွာပြန်ခေါ်လာနိုင်မှာလား ... ဘယ်လိုအလွဲတွေနဲ့ ဆက်လက်ကြုံတွေ့ရမလဲ .... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါ။(ဘာသာပြန်သူကတော့ Intelligenceဖြစ်ပြီး ဘာသာပြန်လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ထားတာကတော့ Thaik Sanပဲ ဖြစ်ပါတယ်။) File size…(2.6 GB)/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:10:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Intelligence & Thaik San
movie

Singh Is Kinng (2008)

Atrangi Re (2021) 7.6
Atrangi Re (2021) Atrangi Re (2021)ရင်ကူး(Sara Ali Khan) ဟာ သူ့ချစ်သူမျက်လှည့်ဆရာလေး ဆာဂျတ်ဒ်အလီ (Akshay Kumar) ကိုအရူးအမူးချစ်ခင်စွဲလန်းသူဖြစ်ပါတယ်။ မတူညီတဲ့ ဘာသာရေးနောက်ခံတွေကြောင့် ရင်ကူးရဲ့အယူအစွဲကြီးတဲ့အသိုင်းအ၀ိုင်းဟာ သူခိုးရာလိုက်ပြေးတိုင်း မရရအောင်လိုက်ခွဲလေ့ရှိပြီး နောက်ဆုံးတစ်ကြိမ်မှာတော့ ဆာဂျတ်ဒ် မဟုတ်ရင်ပြီးရောဆိုပြီး လူတစ်ယောက်ကိုပြန်ပေးဆွဲခေါ်လာပြီး အတင်းအကျပ်လက်ထပ်ပေးလိုက်ပါတော့တယ်၊ အဲ့ဒီလူကတော့ တမီလ်နာဒူးပြည်နယ်ကလာတဲ့ ဆရာဝန်လောင်းလေးဖြစ်တဲ့ ဗီရှူး (Dhanush) ပါပဲ။ ပြဿနာက ဗီရှူးမှာလဲ မကြာခင်စေ့စပ်တော့မယ့်သတို့သမီးလောင်းရှိနှင့်နေပြီးဖြစ်နေတာပါ။ မိဘသဘောတူရုံသက်သက် အချစ်ဆိုတာ ဘာမှန်းမသိဘဲ လက်ထပ်လုဆဲဆဲ ဗီရှူးဟာ တစ်ပါးသူကိုအရူးအမူးချစ်နေတဲ့ ရင်ကူးကိုစွဲလန်းစပြုလာရာကနေ သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ခုအဖြစ်အသက်ဝင်လာပါတော့တယ်။Dhanush ရဲ့နာမည်ကျော် hindi ဇာတ်ကား Raanjhanaa ရဲ့ဖန်တီးရှင် ဒါရိုက်တာကြီး Aanand L. Rai ရဲ့လက်ရာဖြစ်ပြီး ဂီတပိုင်းကိုတာဝန်ယူထားတဲ့သူက A R Rahman ဖြစ်နေတဲ့အတွက် သီချင်းကောင်းကောင်းလေးတွေ လှပတဲ့ရှုမျှော်ခင်းတွေ ရိုက်ကွင်းရိုက်ကွက်တွေကို ရိုးရာဟန်မပျောက်ဘဲ တွဲဖက်မြင်တွေ့ရမှာပါ။ ဇာတ်လမ်းကိုယ်တိုင်ကလဲ ထွေလာထဲကနဲ့မတူပဲ ထူးခြားတဲ့အချိုးအကွေ့အလှည့်အပြောင်းတွေကိုမြင်တွေ့ရပါလိမ့်မယ်။အညွှန်းကိုတော့ Alias က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Alias, Pyi Ti Nyein ...
movie

Atrangi Re (2021)

2021
4K HEVC Web-DL
Patiala House (2011) 5.6
Patiala House (2011) ဆို့ဆို့နင့်နင့်နဲ့ ဖော်ကျူးထားပေမဲ့ မေတ္တာတရားနဲ့ အနစ်နာခံမှုတို့ကို ကြည်နူးဖွယ်ဖော်ပြပေးသွားနိုင်တဲ့ ဇာတ်ကားမျိုးဆိုလျှင် သင် မကြည့်ချင်ဘူးလားမိတ်ဆွေ။ (ဇာတ်လမ်းအကျဉ်း) အိန္ဒိယနိုင်ငံရဲ့ တောင်ပိုင်းဒေသလေးမှာ ဂတ်တူ ဟာ ကုန်စုံဆိုင်ပိုင်ရှင်အဖြစ် လူသိများခဲ့ပါတယ်။ လူသိမများတာကတော့ သူဟာ နာမည်ကျော် ခရစ်ကတ်ကစားသမား ဖြစ်ခဲ့ခြင်းကိုပါ။ ခရစ်ကတ်ကစားခြင်းဟာ ဂတ်တူအတွက် ရွှေရောင်လင်းလက်တဲ့အိပ်မက်ငယ်လေးပါ။ ဂတ်တူဟာ မိသားစုရေးရာမှာလည်း အဖေချစ်သားအဖြစ်နဲ့ အဖေ့စကား မပယ်ရှားဝံ့တဲ့သားလိမ္မာအဖြစ် ချီးကျုးခံရခဲ့တယ်။ အတိတ်မှာဖြင့် ဂတ်တူရဲ့ဦးလေးဟာ ဗြိတိသျှတွေရဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ရင်း အသတ်ခံခဲ့ရပါတယ်။ အဲဒီ့နောက် ဂတ်တူအဖေဟာ ဗြိတိသျှတွေနဲ့ ပတ်သက်သူမှန်သမျှကို မျက်မုန်းကျိုးခဲ့ရင်း အရိုးစွဲမူဝါဒအဖြစ် စွဲကပ်ကျန်နေခဲ့ပါတော့တယ်။ ထို့နောက် ဂတ်တူကိုလည်း ခရစ်ကတ်ကစားခွင့်ကို ရာသက်ပန်ပိတ်ပင်ခဲ့ပါတယ်။ ဒါဟာ လောင်းရိပ်မိနေတဲ့ဂတ်ဒူအတွက် အဆိပ်ရည်လောင်းပစ်သလိုပါပဲ။ အဖေကို ချစ်လွန်းပြီး အဖေ့အတွက် သားလိမ္မာဖြစ်နေသော ဂတ်တူအတွက်တော့ အိပ်မက်ကိုသာလျှင် ရေစုန်မျောလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း ဂတ်တူဟာ မောင်နှမတွေရဲ့ငြိုငြင်မှုကိုခံခဲ့ရတယ်။ ဂတ်တူဟာ အဖေရဲ့ဥပမာပေး သားဖြစ်သလို မောင်နှမတွေရဲ့ စိတ်ဆန္ဒတားဆီးသူလို့ အပြစ်တင်ခံနေရသူပါ။ တစ်နေ့မှာတော့ သတင်းစဉ် တစ်ခုမှာ အင်္ဂလန်အသင်း ခရစ်ကတ်ကစားသမား တစ်ယောက်အလိုရှိနေခြင်းကို ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဂတ်တူ အတွက်တော့ ပန်းခြံလေးမှာခိုးပစ်ကစားနေခြင်းထက် မထူးဆန်းလှတော့ပါဘူး။ တကယ်တော့ ပျက်သုန်းနေတဲ့အိပ်မက်ကို သူ့အဖေ ရှူးဖိနပ်အောက်မှာပဲထားချင်ခဲ့သူပါ။ သို့ရာတွင် ---- မပြီးဆုံးသေးတဲ့ အိပ်မက်အပိုင်းအစကို ဆက်ပေးချင်တဲ့လူနှစ်ဦး ပေါ်ပေါက်လာခဲ့ပါတယ်။ ဇီးနဲ့ ဆိုင်ရမ် တို့မောင်နှမနှစ်ဦးပါ။ ဇီး ကလည်း ခရစ်ကတ်ကစားသမား ဖြစ်ချင်လွန်းသူတစ်ယောက်ပါ။ ဇီးက ဂတ်တူရဲ့နောက်ကြောင်းကိုသိရှိပြီး အင်္ဂလန်ကစားသမားအဖြစ် ခရစ်ကတ်ပြန်ကစားရန် တိုက်တွန်းခဲ့သည်။ ဆိုင်ရမ် မိန်းမချောလေးကလည်း ဂတ်တူရဲ့အိပ်မက်အား ပြန်လည်ထူမတ်ပေးရန် ကြိုးစားခဲ့သည်။ သို့သော် ----????? ဒီဇာတ်ကားလေးမှာဖြင့် ဂတ်တူ ရဲ့ဒွိဟစိတ်တွေနဲ့ သူရဲ့ဘဝရဲ့ကြမ္မာကို ဘယ်လိုများ အဆုံးသတ်စေခဲ့မှာလဲ။ အိပ်မက်တွေကိုပဲ အဆုံးသတ်စေခဲ့မှာလား။ ပြန်လည်ရှင်သန်စေခဲ့မလား။ ထို့ပြင် အဖေကို ချစ်လွန်းအားကြီးလှသော သားတစ်ယောက်အနေနဲ့ မိသားစုရေးဆိုင်ရာတွေက မည်သို့ဖြစ်စေခဲ့မည်နည်း။ အဖေ့အတွက် ဂတ်တူဟာ မည်သို့သော အင်အားမျိုးနှင့် မြင်တွေ့ရမည်နည်း။ ခရစ်ကတ်နဲ့ အဖေ / အဖေနဲ့ ခရစ်ကတ် ကြားမှာ ဆုံးဖြတ်ရခက်ခဲ့တဲ့သားတစ်ယောက်၊ နှလုံးသားအပိုင်းပိုင်းအစစနဲ့ အဖေချစ်သားတစ်ယောက်အတွက် ကံကြမ္မာ ကဘယ်လိုများအဆုံးသတ်ပေးခဲ့မလဲဆိုတာ ရင်မောဖွယ် ကြည့်ရဦးမှာပါ။ ဒီဇာတ်ကားလေးဟာဖြင့် စိတ်ဓာတ်တို့ လွန်ဆွဲမှုဆန်ပြီး မေတ္တာတရားနဲ့ အနစ်နာခံမှု၊ ပေးဆပ်မှု၊ ကြိုးစားအားထုတ်မှု၊ မြတ်နိုးတန်ဖိုးထားတတ်မှုတို့ ရောပြွမ်းနေတဲ့ ကြည်နူးဖွယ် ဇာတ်ကားကောင်းလေးပါ။ လူမျိုးရေးခွဲခြားမှုနဲ့ အရည်အချင်း တို့အားပြိုင်မှုတို့ကိုလည်း တစ်စိတ်တဒေသ ...
movie

Patiala House (2011)

1080p HEVC
Singh Is Bliing (2015) 5.0
Singh Is Bliing (2015) ကိုရီးယားရုပ်ရှင် My Wife is a Gangster 3 ကို Bollywood Version နဲ့ ပြန်လည် ပုံဖော်ထားတဲ့ Singh is Bliing အက်ရှင် Comedy ရုပ်ရှင်လေးပါCast တွေအဖြစ် Akshay Kumar နဲ့ Amy Jackson တို့က ခေါင်းဆောင်နေရာက ပါဝင်ထားပါတယ်ဒီကားထဲမှာတော့ မင်းသမီး Amy Jackson ရဲ့ အကအလှတွေ ဘီကိနီအလှတွေနဲ့အတူ ကြမ်းကြမ်းရမ်းရမ်းအက်ရှင်တွေကိုလည်း ရှုစားရဦးမှာပါဇာတ်လမ်းအကျဥ်းကတော့ဒီလိုပါဆင်း ဟာ အမြဲတမ်းပျော်ပျော်နေတတ်ပြီး တာဝန်ဝတ္တရားတွေကို ပြီးမြောက်အောင်မလုပ်တဲ့ ခပ်ပျက်ပျက် လူတစ်ယောက်ပေါ့ တစ်နေ့မှာတော့ သူ့အဖေရဲ့ ဂိုအာက သူ့သူငယ်ချင်းဆီမှာ အလုပ်လုပ်ရင်လုပ် မလုပ်ရင် မင်္ဂလာဆောင်ရမယ်ဆိုပြီး အတင်းအကြပ်ရွေးချယ်ခိုင်းမှုကြောင့် ဆင်းတစ်ယောက် ဂိုအာကို ထွက်ခဲ့ဖို့ဖြစ်လာပါတယ် အဲ့မှာ ဆာရာနဲ့ဆုံဖို့ အကြောင်းပါလာပါတော့တယ်ဆာရာကတော့ ရို​မေးနီးယားနိုင်ငံက လက်နက်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ သမီးဖြစ်ပြီး သူမအမေကိုရှာဖို့တစ်ကြောင်း ပြိုင်ဖက်စီးပွားရေး ...
movie

Singh Is Bliing (2015)

HEVC 1080p
Sooryavanshi (2021) 6.4
Sooryavanshi (2021) Sooryavanshi (2021)မြန်မာစာတန်းထိုးဒီ Sooryavanshi ကားကတော့ ပူပူနွေးနွေးထွက်ရှိလာတဲ့Akshay Kumar နဲ့ Katrina Kaif တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးSingham , Simmba ကားတွေနဲ့ ရှေ့မှာ မိတ်ဆက်ခဲ့တဲ့ ကားဆိုလည်း မမှားပါဘူး။ဟောလိဝုဒ်မှာလို ပြောရရင် Sooryavanshi ကို မိတ်ဆက်တဲ့ Solo ကားလို့ပဲ ဆိုရမယ်။မတူတာကို ပြောရရင် ဆူရိယဗန်သျှီက အကြမ်းဖက်နှိမ်နင်းရေးဘက်ကမို့ဟိုး 1993 ခုနှစ်က အိန္ဒိယနိုင်ငံတဝှမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အစဥ်လိုက် ဗုံးဖောက်ခွဲမှုတွေကစတင်ပြီး မျက်မှောက်ခေတ်မှာ ဘုံဘေမြို့ (ယခု မွန်ဘိုင်း) အတွင်း ဖောက်ခွဲရေးအဖျက်လုပ်ငန်းတွေလုပ်မယ့် အကြမ်းဖက်သမားတွေကို လိုက်လံတားဆီးမယ့် အက်ရှင်ဆို လေပေါ်မပျံ ၊ အိုဗာတွေ မပါတဲ့ အမိုက်စား ဇာတ်ကားဖြစ်နေတဲ့ အချက်ပါပဲ။အသတ်အပုတ်တွေထက် အပစ်အခတ်များများပါတဲ့ လူဆိုးနဲ့ရဲ့ ဥာဏ်ချင်းယှဥ်မယ့် ကြည့်ပျော်တဲ့ ကားကောင်းတကားဖြစ်ပါတယ်။ဒါ့အပြင် မင်းသမီးချော Katrina Kaif ရဲ့ အလှအပကိုပါ ...
movie

Sooryavanshi (2021)

2021
4K HEVC Web-DL
Bell Bottom(2021) 6.4
Bell Bottom(2021) Bell Bottom 2021----------------------------မင်းသားကြီး အရှေးကူးမားရဲ့ ယနေ့ထွက်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာတော့ မင်းသားကြီးကဘက်စုံရတဲ့ လူလတ်ပိုင်းတစ်ယောက်ပေါ့။အိန္ဒိယနိုင်ငံမှာ လေယာဉ်ပြန်ပေးမှုတွေနှစ်စဉ်လိုလို ဆက်တိုင်ဖြစ်လာခဲ့စဉ်ကအဲ့ဒီလေယာဉ်ပြန်ပေးမှု တစ်ခုမှာသူ့အတွက် စိတ်နာစရာ အကြောင်းတစ်ခု ရှိလာတယ်။အဲ့ဒီကိစ္စဟာ သူကတော့ သာမန်ပဲ ဖြစ်ပျက်ခဲ့တာလို့ထင်ထားခဲ့ပေမဲ့ RAW အေးဂျင့်တစ်ချို့ရဲ့ပြောပြမှုကြောင့် အဖြစ်မှန်ကို သိခဲ့ရတယ်။အဲ့ဒီမှာ သူဟာ နိုင်ငံတော်အတွက်နဲ့ပုဂ္ဂိုလ်ရေး ဒဏ်ရာတွေရဲ့ တွန်းအားနဲ့လေယာဉ်ပြန်ပေးအဖွဲ့ကို ဖမ်းဆီးဖို့ ဖြစ်လာခဲ့ပါတယ်။ကဲ အထူးတလည် ပြောပြနေလည်းကိုယ်တိုင်ကြည့်တာကသာ အရသာတွေ့မှာမို့မြန်မြန်လေးသာ ခံစားကြည့်လိုက်ပါတော့ဗျာ။မီးပျက်နေလို့ မိငှက် pc လစ်နေရာကပရိသတ်တွေအတွက် မဆိုစလောက် နောက်ကျသွားခဲ့လို့တောင်းပန်ပါတယ်။  File size…1.29GB / 1.8Gb / 606MB Quality…1080p WEB  DL DD+5.1 / 720p / 480p Format…Mp4 Duration….2h 3min Subtitle….Myanmar Subtitle (Hard Sub) Encoder….Than Htike Zaw Translated by Nyi Koe & Myint Thu ...
movie

Bell Bottom(2021)

2021
Tees Maar Khan (2010)
Tees Maar Khan (2010) Rating သိပ်မကောင်းပေမဲ့ ကြည့်လို့ကောင်းတဲ့အပြောင်ကားလေးပါ။ မင်းသားကြီး အက်ရှေးကူးမားနဲ့ မင်းသမီး ကတ်ထရီးနာကဖ်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အိန္ဒိယရုပ်ရှင်လောကကို ခပ်ပါးပါးလေး ကလိထားတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းကစလာကတည်းက ယဉ်သကိုဆိုတဲ့အတိုင်းပဲ သူခိုးနက္ခတ်နဲ့မွေးလာတဲ့ တိစ်မာခန်းဆိုတဲ့ ဆရာသမားလေးဟာ အမိဝမ်းထဲကထွက်ထွက်ချင်းမှာတင် ဆရာဝန်နဲ့သူနာပြုရဲ့ နာရီနဲ့ ဆွဲကြိုးကို ခိုးသတဲ့ဗျာ။ ကြီးလာတော့ နိုင်ငံတကာဒုစရိုက်သမား တိစ်မာခန်းဆိုတဲ့ အလိုရှိစာရင်းဝင်ကိုဖြစ်ရောပဲ။ ထိုအချိန်အိန္ဒိယက ရှေးဟောင်းပစ္စည်းမှောင်ခိုသမားအဖွဲ့က နိုင်ငံတော်ရတနာတွေကို မှောင်ခိုထုတ်ဖို့ ကြိုးစားရင်း ရတနာတွေက ရဲလက်ထဲရောက်သွားပါတယ်။ ရဲတွေက ထိုရတနာတွေကို ဒေလီကို လုံခြုံရေးအပြည့်ချထားတဲ့ရထားနဲ့ ပို့ဖို့လုပ်ပါတယ်။ ရထားဟာ လမ်းမှာလုံးဝမရပ်ပဲ သွားမယ့်ရထားပါ။ ထိုရထားပေါ်က ရတနာတွေကို ခိုးယူဖို့ နာမည်ကြီး တိစ်မာခန်းကို အကူအညီတောင်းပါတော့တယ်။ တိစ်မာခန်းကနေ ရဲတွေအပြည့်ပါတဲ့ သွားနေတဲ့ရထားပေါ်ကနေ ရတနာတွေကို ဘယ်လိုခိုးမလဲဆိုတာ ဒီဇာတ်ကားမှာကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ တစ်ချက်ထိုး ဆယ်ပေလောက် လွင့်ထွက်သွားတဲ့အိုဗာတွေမပါပေမဲ့ စကားလုံးတွေကတော့ ဆူနာမီထက်ကိုကြမ်းပါတယ်။ တော်ကီတစ်ပေါက်ရှမ်းရှမ်းတောက်ပါပဲ။ '' ပြည့်တန်ဆာမကို သိက္ခာဆည်တာနဲ့ တိစ်မာခန်းကို ထောင်ချဖို့ဆိုတာ နှစ်ခုစလုံးအချည်းနှီးပဲ '' အဲဒီလိုမျိုးတွေ။ ဒါနဲ့ ဒီဇာတ်ကားမှာ မင်းသားကြီး ဆယ်လ်မန်ခန်းက ဧည့်သရုပ်ဆောင်အနေနဲ့ သီချင်းတစ်ပုဒ်မှာ ဝင်သရုပ်ဆောင်ပေးထားသေးတယ်။ ကြည့်ကြည့်ပါ အပျင်းပြေပျော်ရွှင်ရမှာပါ။  File size…(2.2 GB) Quality….WEB-DL 720p 5.1CH Format…mkv Duration….02:15:00 Subtitle….Myanmar ...
movie

Tees Maar Khan (2010)

Laxmii(2020) 2.2
Laxmii(2020) Laxmii(2020)၂၀၂၀ ကိုဗစ်ကာလမှာ ဇာတ်ကားတွေ ရှားပါးတဲ့အထဲ မင်းသားကြီး အရှေးကတော့ Remakeတစ်ခုဖြစ်တဲ့ Laxmiiက ထွက်လာခဲ့ပါတယ်။အားလုံးလည်း မင်းသားကြီးကို လွမ်းနေမယ်ဆိုတာ သေချာပါတယ်။ဇာတ်လမ်းအကြောင်းအရာကတော့ အရင် တာတေကြီးလို့ အများသိတဲ့ Kanchanaနဲ့ မကွာတော့ ထွေထွေထူးထူး ပြောပြနေစရာ မလိုဘူး ထင်ပါတယ်။အရင်ကားဟောင်းကို မကြည့်ဖူးသူတွေအတွက် ပြောပေးရမယ်ဆိုရင် တစ္ဆေမကြောက်တတ်တဲ့ လူတစ်ယောက်ကို အဖြစ်ဆိုးနဲ့သေဆုံးခဲ့ရတဲ့ လူတစ်ယောက်က ဝင်းပူးတာပါ။အဖြစ်ဆိုးအတွက် သူ့ရဲ့ တုန်ပြန်မှု၊ သူ့ဘဝနောက်ကြောင်းတွေ၊ သူရဲ့ ကြင်နာသနားတတ်မှုတွေက ကြည့်ရှုသူတိုင်းကို သနားကရုဏာသက်စေမှာပါ။ဒီတော့ တခြားခန္ဓာကိုယ်တစ်ခုမှာ ဝင်ပူးပြီး သူ ဘာလုပ်မယ် ဆုံးဖြတ်ခဲ့သလဲ ဘယ်လိုတွေ ကြံစည်လာဦးမလဲ ဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာပါ။ဇာလမ်းအညွှန်းနဲ့ဘာသာပြန်သူက Myint Thu နဲ့ Nyi Koeတို့ပဲြဖစ်ပါတယ်....File Size :(1.28GB) and (494MB) Quality : WEB-DL 720p Format…mp4 Duration…02:21:00 Genre : Action,Comedy,Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu & Nyi Koe Encoded by Phyo Pyae
movie

Laxmii(2020)

Good Newwz (2019) 7.1
Good Newwz (2019) (Unicode)အားလုံးကို သတင်းကောင်းလေး ပေးချင်ပါတယ်။ ကျူပ်တို့ ဖက်က အာမခံနိုင်တာတစ်ခုကတော့ သတင်းကောင်းပါပဲဒါက ဂျိုရှီဆေးရုံရဲ့ ကြော်ငြာ၊ နေ့စဉ် ကလေးမရတတ်တဲ့ ဇနီးမောင်နှံတို့ရဲ့ အားထားရတဲ့ နေရာ။ကလေးလိုချင်ပေမဲ့ မရတတ်ကြတဲ့ ဗာရွန်တို့ ဗတ္တရားလင်မယားမှာ ညီမနဲ့ယောက်ဖရဲ့လမ်းညွှန်ချက်ကြောင့် ဒီဆေးရုံကို ရောက်လာခဲ့ပါတယ်။အဲ့ဒီမှာပဲ ဗာရွန်တို့ လင်မယားနဲ့ ဟန်နီးတို့ လင်မယားကို တွေ့ဆုံဖို့ ဖြစ်လာပါတယ်။သူတို့က နာမည်အဖျားတွေ တူနေကြတယ်။နှစ်တွဲလုံးက ဗတ္တရားတွေ၊ ဒီလိုနဲ့ ဆရာဝန်က ပြောလိုက်ပါတယ်။ကျူပ်တို့ရဲ့ အတွေ့အကြုံရင့်ကျက်လှတဲ့ ပညာရှင်တွေဟာ သုက်နှစ်စုံကို နာမည်တူနေတော့ ရောထွေးမိသွားပါတယ်တဲ့။ကဲ အဲ့ဒီမှာ ဇာတ်လမ်းက စပြီ။ဟန်နီးရဲ့ သုက်က ဒီးပ်တီးဆီ ရောက်သွားပြီး ဗာရွန်ရဲ့ သုက်က မိုနီကားဆီ မှားပြီး ရောက်သွားပြီလို့ သိလိုက်ရတဲ့ အခါမှာတော့.....ကဲ ကိုယ့်လူတို့.... ...
movie

Good Newwz (2019)

2019
Housefull 4 (2019) 3.3
Housefull 4 (2019) (Unicode)Akshay Kumar ရဲ့ 2019မှာ ထွက်လာခဲ့တဲ့ ဟာသကားတစ်ကားဆိုတာတော့ မိတ်ဆက်စရာ လိုမယ်မထင်ပါ။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အရှေးကူးမား(ဟယ်ရီ)ဟာ အမြဲ အိပ်မက်ဆိုးတွေနဲ့ တွေ့ကြုံနေရသူပေါ့။အတိတ်ဘဝတစ်ခု လို့ ပြောလို့ရမယ့် နန်းတွင်း ရာဇဝင် ဇာတ်လမ်းတစ်ခုကို အမြဲလိုလို မြင်ယောင်နေတယ်။လတ်တလောမှာလည်း ငွေကြေး အရမ်းလိုနေတော့ ညီအစ်ကို ၃ယောက်ဟာ လန်ဒန်ရဲ့ လူကုံထံကြီးရဲ့ သမီး၃ယောက်ကို ကြံနေကြသူတွေ။အဲ့ဒီမိန်းကလေး၃ယောက်ကို လက်ထပ်နိုင်ရင် သူတို့အတွက် ငွေကြေးပြေလည်သွားမယ်ဆိုတာ သူတို့ ကြံဆထားပြီးသား။ဒီလိုနဲ့ သူတို့ ၃တွဲ အပျော်ခရီး တစ်ခု ထွက်ရာမှာ သူရဲ့ အိပ်မက်တွေဟာ.... အတိတ်ဘဝတစ်ခုရဲ့ ပုံရိပ်တွေဆိုတာ အခါအားလျှော်စွာ သိလိုက်ရချိန်မှာတော့.....။-------------------------------------------------ဒီဇာတ်ကားထဲမှာ ရှေ့ခေတ် နောက်ခေတ်တွေ သရော်တာမျိုးတွေ၊ဘာဟူဘာလီ သီချင်းတွေကို အပျော်အပျက်လုပ်ပြီး ထည့်တာမျိုးတွေ၊ခုခေတ် အကမင်းသားကို ...
movie

Housefull 4 (2019)

2019
Mission Mangal(2019) 6.6
Mission Mangal(2019) Mission Mangal(2019)အညှှနြး************************(Zawgyi)မိုဘိုင်းဖုန်းဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်တစ်ခုကို ကျွန်တော်တို့ ပြန်သွားကြည့်ရအောင်... အဲ့လိုအချိန်တစ်ခုရဲ့ စကားဝိုင်းတစ်ခုမှာ "နောင်ကျရင် လူတွေက ရန်ကုန်နဲ့ မန်းလေး ဆက်သွယ်စကားပြောဖို့ကိုငါးလက်မလောက်ပဲရှိတဲ့ ပစ္စည်းလေးရှိရုံနဲ့ စကားပြောလို့ရတော့မှာ" လို့ ကျွန်တော် ပြောလိုက်ရင်ခင်ဗျားတို့အကုန်လုံး ဝိုင်းလှောင် ဝိုင်းဟားကြမှာပါ "သိပ္ပံအောင်မြင်မှုဆိုတာ တစ်ချိန်တုန်းကတော့ ဟာသတစ်ပုဒ်လိုပါပဲ" တဲ့ISRO ဆိုတဲ့ အိန္ဒိယအာကာသ သုတေသနအဖွဲ့က သိပ္ပံပညာရှင် ရာကိရှ်ဒါဝမ်မှ သူ့ကို ဝေဖန်လာတဲ့သူကို ပြန်ချေပလိုက်တဲ့စကားပါ...ဒါဆို သူက ဘယ်လိုဟာသတွေ ပြောလိုက်တာပါလိမ့် မားစ်ဂြိုဟ်ကိုလေ့လာဖို့ ဂြိုဟ်တုလွှတ်တင်မယ်လို့ ပြောလိုက်တာပါ... အဲ့ဒီအချိန်တုန်းက မားစ်ကိုသွားဖို့ ကြိုးစားရာမှာ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ အမေရိကန်လည်း ပါဝင်ပါတယ်...သူတို့တွေ အောင်မြင်ခဲ့လားဆိုတော့ မအောင်မြင်ခဲ့ပါဘူး...ရုရှားဟာ ရှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီး အမေရိကန်ဟာလည်း လေးကြိမ်တိုင်အောင် ကျရှုံးထားတာပါ... ဒါကို အိန္ဒိယသိပ္ပံပညာရှင် ရာကိက ဘာပြောလဲဆိုတော့ "ပထမဆုံးအကြိမ်မှာကို အောင်မြင်အောင် လုပ်ပြမယ်" တဲ့ဒီလိုစကားပြောရအောင်သူ့မှာ ဘယ်လိုယုံကြည်ချက်တွေ ...
movie

Mission Mangal(2019)

2019
Dhadkan (2000) 6.8
Dhadkan (2000) Dhadkan (2000) ============= အချစ်ဦးနဲ့ အချစ်ဆုံးဟာ တချို့လူတွေမှာ တစ်ယောက်ထဲ မဟုတ်ကြပါဘူး။ အချစ်ဦးက တာထွက်နဲ့တူပြီး အချစ်ဆုံးကတော့ ပန်းတိုင်နဲ့ တူပါတယ်။ တာထွက် ဘယ်လောက်ပဲ နောက်ကျ နောက်ကျ ပန်းဝင်တာ လှနေရင်တော့ ဘ၀ဟာ ချိုမြိန်ခြင်းအတိပေါ့။ တချို့သောအချစ်တွေဟာ နောက်ကျပေမယ့် ပိုပြီး တန်ဖိုးကြီးမားပါတယ်။ အချစ်ဦးနဲ့လွဲလို့ စိတ်မညစ်ကြပါနဲ့။ ဘ၀မှာ အချစ်ဆုံးနဲ့ ကြုံကြရဦးမှာပါ။ အချစ်ဆုံးကို တွေ့ရှိပြီးကာမှ အချစ်ဦးနဲ့ ပြန်လည်ဆုံတွေ့ရမယ် ဆိုပါစို့..... ပန်းတိုင် နဲ့ တာထွက်ကို ဘ၀မှာ ရွေးချယ်ရတော့မယ် ဆိုပါစို့..... တာထွက်ကို အကောင်းဆုံးဖြစ်အောင် ပြန်ပြီး ကြိုးစားမလား????? ပန်းတိုင်ကို အလှပဆုံးဖြစ်အောင် မွမ်းမံမလား????? အချစ်မှာ မေတ္တာတရားမပါရင် အချစ်ဟာ တန်ဖိုးရှိသင့်သလောက် မရှိပါဘူး။ ကိုယ်ချစ်တဲ့သူကို ချစ်တတ်ရုံနဲ့ မရပါဘူး။ မေတ္တာထားတတ်ဖို့က ပိုပြီး လိုပါတယ်။ မေတ္တာတရားနဲ့ အသက်သွင်းထားတဲ့အချစ်က ပိုပြီး ခိုင်မာပါတယ်။ ပိုပြီး တန်ဖိုးရှိပါတယ်။ မေတ္တာတရားဟာ အရာရာကို အောင်နိုင်စွမ်းပါတယ်။ ချစ်သူကိုလည်း အောင်နိုင်ပါတယ်။ ရန်သူကိုလည်း အောင်နိုင်ပါတယ်။ မေတ္တာတရားရဲ့တန်ဖိုးကို ဒီဇာတ်ကားမှာ အပြည့်အ၀တွေ့ရပါမယ်။ အချစ်အကြောင်းဖွဲ့နွဲ့ရင် Hindi ကားတွေက လှလှပပ ဖွဲ့နွဲ့နိုင်ပါတယ်။ ၂၀၀၀ ခုနှစ် ၀န်းကျင်က ကားဆိုတာ့ သီချင်းတွေ အကအလှတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့လည်း ကြည့်ရပါမယ်။ ဒီဇာတ်လမ်းမှာ ...
movie

Dhadkan (2000)

2000
Dil To Pagal Hai (1997) 7.1
Dil To Pagal Hai (1997) "ရာဟူး(လ်)ပါ၊ နာမည်တော့ကြားဖူးမှာပေါ့"ဒီဒိုင်ယာလော့ဟာ ဒီဇာတ်ကားကြည့်ဖူးသူတိုင်း မမေ့နိုင်စရာပါအချစ်ဆိုတာဘာလဲအချစ်လား၊ ဘာများလဲဗျအချစ်ဆိုတာ ဘဝပါပဲဘုရားဟာ နှလုံးသားတိုင်းရဲ့ ဖူးစာဖက်တွေကို ဟိုးအစကတည်းကစီမံထားပြီးသားပါတစ်ယောက်ကိုတစ်ယောက် ရှာဖွေ့ဖို့ပဲလိုအပ်တာပါတနေနေရာရာမှာ တစ်ယောက်ယောက်ဟာ သင့်ဘဝလက်တွဲဖေါ်အဖြစ်ရှိနေပါတယ်။ဆုပေါင်းများစွာသိမ်းပိုက်ထားပြီး ယခုချိန်ထိနာမည်ကျော်လူကြိုက်များနေစဲဖြစ်တဲ့King Khanရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်IMDb 7.1 / 10 အထိရရှိထားပြီး အချိန်ပြည့်နားထဲစွဲနေစေမယ့်သီချင်းတွေဒရာမာစစ်စစ်တွေမှကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက်ကတော့ လုံးဝလက်လွတ်မခံသင့်ပါဘူးSRK ဟာ Romance King ဖြစ်သလို သူ့ Romance ကားတွေဟာလည်းအခုချိန်ထိ လူကြိုက်များစဲ အောင်မြင်နေစဲပါပဲMadhuri Dixit Karisma Kapoor တို့၏ ငယ်ဘဝကအလှအပများ သူမတူလွန်းတဲ့ နောက်ခံသီချင်းများ၊ ယခုအချိန်ထိ နာမည်ကျော်နေတဲ့ သီချင်းများနဲ့ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးစေနိုင်ပါဘူးဇာတ်လမ်းလေးကတော့ရာဟူး(လ်)၊ နီရှား၊ ပူဂျားနဲ့ အဂျေးတို့ကြားထဲကစိတ်ဝင်စားဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်ဒီဇာတ်ကားကောင်းမကောင်းဆိုတာ အများစုသိပြီးသားဆိုတော့ ထပ်မညွှန်းတော့ပါဘူးလုံးဝမကြည့်ရသေးဘူးဆိုရင်တော့ သေချာပေါက်ကြည့်လိုက်ပါတကယ်သဘောကျလိမ့်မယ်ဆိုတာ အာမခံပါတယ်(သီချင်းတွေအားလုံးဟာ အမှန်အကန်တွေမို့လို့ အားလုံးကို ဘာသာပြန်ပေးထားပါတယ်) (အညွန်းနဲ့ ဘာသာပြန်ကတော့ ကိုဇော်ထူး ပါ) File Size : (2.60 ...
movie

Dil To Pagal Hai (1997)

1997
Kesari(2019) 7.9
Kesari(2019) KESARI 2019IMDb Rating - 7.8/10 IMDb Rating - 7.8/10မကြာသေးမီကမှ ရုံတင်သွားတဲ့ အရှေးကူးမားရဲ့ သမိုင်းဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကို မနေ့က အကြည်လေး တက်တက်ချင်း မြန်မြန်ဆန်ဆန်လေး တင်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းဟာ ၁၉ရာစုဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကို အခြေပြုထားပါတယ်။မင်းသားကြီး အရှေးကိုတော့ ဒီဇာတ်ကားထဲမှာ ဗြိတိသျှတပ်မတော်ရဲ့ တပ်ကြပ်ကြီး တစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ဗြိတိသျှ လက်အောက်မှာ သူ တာဝန်ထမ်းဆောင်နေမဲ့ ဇာတ်လမ်းရဲ့အစမှာတော့ သူကိုယ်သူ စစ်သားတစ်ယောက်အဖြစ် ဂုဏ်ယူနေခဲ့ပါတယ်။ဒီလိုနဲ့ ပတ္တရောင်လှည့်နေစဉ်အတွင်း မွတ်စလင်တွေလူမျိုးတွေဟာ သူတို့ ဘာသာဝင် မိန်းကလေးတစ်ယောက်ကို သတ်မလို့ လုပ်နေတုန်း အရှေးဟာ အထက်အရာရှိရဲ့ အမိန့်ကို ဆန့်ကျင်ပြီး သွားကယ်ခဲ့ပါတယ်။ဒီအမိန့်မနာခံမှုကြောင့် အရှေးဟာ နယ်ပြောင်းရွှေ့ခံခဲ့ရပါတယ်။အင်္ဂလိပ်တွေရဲ့ အိန္ဒိယလူမျိုးအပေါ် ဆက်ဆံပုံကို အမှန်အတိုင်းမြင်ခဲ့ရပြီး ကျွန်ဘဝကို နားလည်လာရာမှာတော့....၊ဆစ်ခ်ဘာသာဝင် အရှေးတို့ကို မွတ်စလင်တွေဟာ ပြန်တိုက်ဖို့ ကြိုးပမ်းလာခဲ့ရာမှာတော့..... File Size : (1.18GBand (454MB) Quality : WEB-DL 720p, Format…mp4 Duration…02:30:00 Genre :  Drama, Action,History Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu ...
movie

Kesari(2019)

2019