Channel Myanmar

Alan North

Highlander (1986) 7.0
Highlander (1986) Highlander (1986) ================ IMDb Rating - 7.0/10Highlander 1986 ဇာတ်ကားကတော့ စိတ်ကူးယဥ် Fantasy ကားပါ။ စကော့နလန်ဓားသမားတစ်ယောက်ဟာ သူ့ကိုယ်သူ မသေမျိုးဖြစ်နေမှန်းသိလာခဲ့ပါတယ်။ သူတို့လိုမသေမျိုးတွေဟာ နောက်ဆုံးတစ်ယောက်ပဲ ရှင်ကျန်ရစ်တဲ့အထိ တိုက်ခိုက်ရတာမျိုး ပါ။ လူတွေက မသေချင်ကြပါဘူး။ ဒါပေမယ့် ကော်နာမက်ခလောက်စ် တစ်ဖြစ်လဲ နက်ရှ်ကတော့ အသက်ရှင်နေရတာကို ငြီးငွေ့လို့နေပါ တယ်။ သူချစ်ရတဲ့ အမျိုးသမီးတွေဟာ သေမျိုးဖြစ်နေတော့ တစ် ယောက်တည်း ရှင်ကျန်ရစ်ခဲ့ရတာမျိုးပါပဲ။ ချစ်ခြင်း ၊ တိုက်ခိုက်ခြင်း၊ ရှင်သန်ရခြင်းတွေနဲ့တွဲဖက်ရိုက်ထားတာပါ။ ဒါရိုက်တာ Russell Mulcahy က ရိုက်ကူးထားတာဖြစ်ပြီး ဆုအတွက် နှစ်ကြိမ်တောင် တင်သွင်းခံရပါတယ်။ IMDB rating 7.0 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(2.5 GB) / (1.0 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 56Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Fantasy Translator.......Thy Santa Encoder..........SWM
movie

Highlander (1986)

1986
The Long Kiss Goodnight (1996)
The Long Kiss Goodnight (1996)  ဇာတ်ကြမ်းကားကောင်းတွေကို စောင့်စားနေတဲ့ CM ပရိသတ်တို့အတွက် "မေယိုး" မူပိုင်ရှင် မင်းသားကြီး Samuel L. Jackson နဲ့ မင်းသမီးကြီး Geena Davis တို့ရဲ့ 1996 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက နယူဂျာစီရဲ့ ကမ်းခြေမှာလာပြီး ကမ်းတင်နေခဲ့တဲ့ ဆမန်သာ ကိန်း (Geena Davis) တစ်ယောက် အတိတ်မေ့ရောဂါကြောင့် အတိတ်ဘဝဟောင်းကိုလည်း မမှတ်မိသလို သူနဲ့ပတ်သတ်တဲ့ပစ္စည်းကလည်း သော့တစ်ချောင်းနဲ့ ကိုယ်ဝန်နှစ်လပဲပါလာခဲ့ပါတယ်။ တစ်နေ့မှာတော့ ကားမတော်တဆမှုတစ်ခုကြောင့် သူမေ့နေခဲ့တဲ့ အတိတ်ကစွမ်းရည်တွေပြန်ပေါ်လာခဲ့ပြီး သူ့ကို လှည့်လည်ပွဲတစ်ခုမှာ သူ့ကိုမြင်ခဲ့မိတဲ့ အတိတ်ကရန်ဘက်ဟောင်းကလာသတ်ဖို့ကြိုးစားပါတော့တယ်။ ဒီအချိန်မှာ သူ့ရဲ့ဘဝဟောင်းကို‌ ဖော်ထုတ်ဖို့အတွက် သူငှားရမ်းထားတဲ့ အလွတ်စုံထောက် မစ်ခ်ျ (Samuel L. Jackson) ကသူစုံစမ်းထားသမျှသတင်းတွေနဲ့ ရောက်လာပြီး နှစ်ယောက်သားအမှန်တရားကိုရှာဖွေဖို့ထွက်ခဲ့ကြရင်း ဆမန်သာ ရဲ့ဘဝဟောင်းကို တဖြည်းဖြည်းသိရှိလာခဲ့ရတဲ့အခါမှာ ဘဝဟောင်းက ရန်ဘက်တွေကဘယ်သူ‌တွေလဲ၊ ဘယ်လိုအဖွဲ့တွေပါဝင်နေလဲ၊ ...
movie

The Long Kiss Goodnight (1996)

Glory 1989 7.8
Glory 1989 ဇာတ်လမ်းနာမည် ဂလိုရီ ဆိုတာကတော့ ဂုဏ်ကျက်သရေရှိတဲ့ အောင်မြင်မှုလို့ ဆိုလိုပါတယ်။ အမေရိကန် ပြည်တွင်းစစ် ကာလက တိုက်ပွဲတစ်ခုအကြောင်းကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။ လူမည်းတွေ ကျွန်ဘဝက ကင်းလွတ်ခွင့်အမိန့်ကို သမ္မတ လင်ကွန်းက ထုတ်ပြန်ပြီးနောက် ပထမဆုံး လူမည်း တပ်ရင်းတစ်ခု ဖွဲ့စည်းခွင့် ပေးလိုက်ပါတယ်။ မက်ဆာချူးဆက် တပ်ရင်း (၅၄) ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ လူဖြူစစ်သားတွေကလည်း လူမည်းတွေကိုအထင်မကြီးသလို လက်ထဲကို သေနတ်အပ်ဖို့လည်း မယုံကြည်နိုင်သေးပါဘူး။ ပိုဆိုးသွားတာက တောင်ပိုင်းစစ်တပ်က မြောက်ပိုင်းက ဝင်တိုက်တဲ့ လူမည်းမှန်သမျှ သေဒဏ်ပေးမယ်လို့ ကြေညာစာတမ်း ထုတ်လိုက်တာပါပဲ။ အဲဒီအချိန်မှာ တပ်ရင်းမှူး က ထွက်လိုက ထွက်နိုင်ပြီလို့ ကြေညာခဲ့ပေမယ့် တစ်ယောက်မှ လျော့မသွားခဲ့တဲ့ တပ်ရင်းပါ။ ဒါပေမယ့် တပ်ရင်းတစ်ခုလုံးက စစ်မတိုက်ရသလို ဗြူဟာမှူးကိုယ်တိုင်က အလုပ်ကြမ်းတွေပဲ ခိုင်းထားပြီး နှိမ်ထားခဲ့ပါတယ်။ ဒါကို မခံနိုင်တဲ့ တပ်ရင်းမှူးက နောက်ဆုံးမှာ ...
movie

Glory 1989