Channel Myanmar

Alba Rohrwacher

Tale of Tales (2015) 6.4
Tale of Tales (2015) Tale of tales (2015) =================== IMDb - 6.4/10, Rotten Tomatoes - 83%ဒီကားလေးကတော့ ၂၀၁၅ခုနှစ်ထွက် horror/fantasyအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်‌အတိုင်းပဲ မတူညီတဲ့ ပုံပြင်သုံးပုဒ်အကြောင်းကို ကြည့်ရမှာပါ။ ရာပန်ဇယ်တို့ စင်ဒရဲလားတို့ကိုရေးခဲ့တဲ့ အီတလီစာရေးဆရာGiambattista Basileရဲ့ ပုံပြင်တွေအပေါ် အခြေခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။အိမ်နီးချင်းနိုင်ငံသုံးနိုင်ငံရှိပြီး တစ်နိုင်ငံစီရဲ့အရှင်သခင်တိုင်းက သူ့စွဲလမ်းမှုနဲ့သူပါ။ ပထမပုံပြင်က ကလေးလိုချင်နေတဲ့ဘုရင်မကြီးအကြောင်းဖြစ်ပြီး ဒုတိယကတော့ ဘုရင်ကြီးက အထင်မှားပြီးစိတ်၀င်စားခံရတဲ့အဖွားကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ တတိယပုံပြင်ကတော့ သန်းအမွေးကောင်းလို့ သမီးတော်ကိုဆုံးရှုံးလိုက်ရတဲ့ဘုရင်ကြီးအကြောင်းဖြစ်ပါတယ်။ တစ်ပုဒ်ချင်းစီရဲ့ မတူညီတဲ့ဇာတ်ကြောင်းတွေကို horror themeဖက်နွယ်ပြီး ဆန္ဒတစ်ခု တပ်မက်စိတ်တစ်ခုကြောင့် ဘယ်လိုအဆုံးသတ်သွားရလဲ စိတ်၀င်တစားကြည့်ရှုရမှာပါ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Soe Thiri Swe ပါ )File size_(2.4GB)/(1.2GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:14:00 Genre_Drama, Fantasy, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri ...
movie

Tale of Tales (2015)

Hungry Hearts (2014) 6..4
Hungry Hearts (2014) Hungry Hearts (2014) ====================ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် ဒါရိုက်တာ Saverio Costanzo မှရိုက်ကူးတင်ဆက်ထားပြီး 71 ကြိမ်မြောက် Venice နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Golden Lion ဆုအဖြစ်ဇကာတင်စာရင်းကိုဝင်ခဲ့တဲ့ ရုပ်ရှင်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့Jude နဲ့ Mine တို့ရဲ့ သန့်စင်ခန်းထဲက မတော်တဆတွေ့ဆုံမှုလေးကနေ ချစ်ခြင်းတရားပေါက်ဖွားလာပြီး အဲဒါကြောင့်ပဲ မတော်တဆနဲ့ ကိုယ်ဝန်ဆောင်ခဲ့ရပါတော့တယ်။သူတို့ဘဝရဲ့ ဂယက်တွေက ကိုယ်ဝန်ဆောင်ကာလမှာပဲ ပေါက်ဖွားလာခဲ့တယ်လို့ဆိုရမှာပါ။ကိုယ်ဝန်ဆောင်ကာလအစကနေ Mine တစ်ယောက် စာအုပ်တွေအဖတ်လွန်ပြီး အရာရာကိုအစွဲအလမ်းကြီးလာခဲ့ပါတယ်။အစားလည်းပုံမှန်မစားတော့သလို ခန္ဓာကိုယ်ကိုအဆိတ်အတောက်ဖယ်တယ်ဆိုပြီး ယုံမှာမှုတွေကြီးစိုးလာခဲ့ပါတယ်။သူတို့မိသားစုဘဝလေးဘယ်လိုဖြစ်လာမှာလဲ ရှေ့ဆက်ပြီးဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ June ပါ )File size_(2.6GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by June
movie

Hungry Hearts (2014)

La Chimera (2023) 7.3
La Chimera (2023)  1980ခုနှစ်က Etruscan ရှေးဟောင်းပစ္စည်းရှာဖွေတာတွေပေါ် ဇာတ်အိမ်တည်ထားပြီး IMDB 7.3/10 နဲ့ ဆု 8ဆု ရထားတဲ့ အီတလီရုပ်ရှင်ဖြစ်ပါတယ်။ Critic review ကောင်းတွေပါ ရထားပြီး ကြည့်ရသူတွေလည်း ရသတစ်ခုခုခံစားရမှာသေချာပါတယ်။လူတိုင်းမှာ ကိုယ့်ရဲ့ Chimera ရှိပါတယ်-ကိုယ်ရယူဖို့ ကြိုးစားနေပေမယ့် လုံးဝမတွေ့နိုင်တဲ့အရာကို ဆိုလိုတာပါ။ စိတ်ကူးယဉ်အိပ်မက်၊ ပုံရိပ်ယောင်ဆိုပြီးလည်း ဘာသာပြန်ကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ ထောင်ကလွတ်လာတဲ့ ရှေးဟောင်းသုတေသနပညာရှင် အင်္ဂလိပ်လူမျိုး အာသာဟာ တရားမဝင် အုတ်ဂူခိုးတူးတဲ့သူတွေနဲ့ပေါင်းပြီး သေသူတွေရဲ့ ရှေးဟောင်းပစ္စည်းတွေကို ရောင်းစားပါတယ်။ အာသာအဖို့ ရှေးဟောင်းပစ္စည်းတွေက အဓိကမဟုတ်ပါဘူး။ သူ့အတွက် Chimera က သူ့ရဲ့ကွယ်လွန်သွားတဲ့ ချစ်သူဖြစ်ပါတယ်။သူချစ်သူနဲ့ တွေ့ရဖို့ ဒဏ္ဍာရီထဲကအတိုင်း တမလွန်ဆီ တံခါးပေါက်ကို အုတ်ဂူတွေတူးရင်း ရှာနေတာပါ။ လူသေနဲ့သက်ရှိတွေကြားက စွန့်စားခန်းခရီးမှာ အာသာတို့ တူးဖော်ခဲ့တဲ့ အုတ်ဂူပိုင်ရှင်တွေကလည်း သူ့ကိုခြောက်လှန့်နေပါတယ်။ တရားမဝင်အလုပ်ဖြစ်တဲ့အတွက် ကြားထဲမှာ ခေါင်းပုံဖြတ်ခံရတာတွေ လက်တစ်လုံးခြားလုပ်သွားတာတွေလည်း ...
movie

La Chimera (2023)

The Place (2017) 7.0
The Place (2017)  မြို့တမြို့ရဲ့ လမ်းထောင့်လေးတနေရာမှာ "the place"ဆိုတဲ့စားသောက်ဆိုင်လေးတခုရှိတယ်။ ဒီဆိုင်ရဲ့ထောင့်စားပွဲခုံလေးတခုမှာအမြဲထိုင်နေတတ်တာကအမည်မသိတဲ့လူတယောက်။သင်လိုချင်တဲ့အရာဘာပဲဖြစ်ဖြစ်ကိုသူကရအောင်လုပ်ပေးနိုင်သလိုအပေးအယူအနေနဲ့ သူပြန်လိုချင်တာကတော့ သူခိုင်းတဲ့မဖြစ်နိုင်တဲ့တာ၀န်တွေကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြီးမြောက်အောင်လုပ်ပြီး သူ့ကိုအသေးစိတ်ပြန်ပြောပြပေးဖို့ပဲ။သူ့သတင်းကြားပြီး သူ့ဆီကိုလာကြတဲ့တဦးတယောက်ချင်းဆီတိုင်းမှာကလည်း မတူညီတဲ့ ဘ၀ဇာတ်လမ်းတွေ တောင်းဆိုမှုတွေရှိကြသလို ပြန်လုပ်ပေးကြရမယ့် တာ၀န်တွေကလည်းကွဲပြားကြတယ်။ ဥပမာပြောရရင် ရဲတယောက်ကို လုယက်မှုတခုအတွက်သူ့ရဲ့အကူအညီလိုချင်ရင် လူတယောက်ကိုလက်ကိုင်တုတ်နဲ့ သေလုနီးပါးရိုက်ခိုင်းတာမျိုး။ ကလေးအဖေတယောက်ကို သူ့ကလေးအသက်ရှင်စေချင်ရင် တခြားကလေးတယောက်ကိုလက်စ‌ဖျောက်ခိုင်းတာမျိုး။ ဒီလိုနဲ့ပဲ သူ့ဆီကိုလူအမျိုးမျိုးလာကြတယ် သူခိုင်းတဲ့တာ၀န်တွေကို နည်းအမျိုးမျိုးနဲ့လုပ်နိုင်အောင်ကြိုးစားကြတယ်။ဒါပေမယ့် ဒီလူကြီးရဲ့ မှတ်စုစာအုပ်ပေါ်ရေးနေရင်းသူတို့ကိုတီဗီဖန်သားပြင်ပေါ်က ဇာတ်လမ်းတခုလို ဖန်တီးမှုတွေ ရုပ်သေးရုပ်လိုကြိုးဆွဲခိုင်းစေမှုတွေကြားမှာ သူတို့ဘယ်လိုအကြောင်းအရာတွေကိုသိလာကြမှာလဲ။ နောက်ဆုံးမှာတော့ သူတို့ရဲ့တာ၀န်တွေပြီးဆုံးပြီးလိုအင်ဆန္ဒတွေပြည့်၀သွားကြရမလား ကျရှုံးပြီး လက်လွှတ်'လိုက်ရမလားဆိုတာကို The placeဆိုတဲ့ အီတလီ သည်းထိတ်ရင်ဖိုဒရာမာကားလေးမှာရှုစားပေးကြပါဦး။ File size…1.58 GB / 453MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ..... Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

The Place (2017)

[18+]I Am Love(2009) 7.0
[18+]I Am Love(2009) [18+]I Am Love(2009) အညွှန်း***************************(မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..)2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ အီတလီ အချစ်ဒရာမာ ဇာတ်ကားဖြစ်ပြီး ဆုပေါင်း ၁၆ ဆုရရှိထားတာဖြစ်ပါတယ်။အဓိကဇာတ်ဆောင် အမ်မာအဖြစ် နာမည်ကျော်မင်းသမီးကြီး Tilda Swinton ကပါဝင်သရုပ်ဆောင်ထားပါတယ်။အမ်မာက ချစ်ခင်ရတဲ့မွေးရပ်မြေ ရရှားကို ချန်ရစ်ပြီး ချစ်သူ တန်ခရီဒီနဲ့ လက်ထပ်ဖို့ အီတလီကိုသျှောင်နောက်ဆံထုံးပါ လိုက်လာခဲ့ရှာသူပါ။ခင်ပွန်းဖြစ်သူ တန်ခရီဒီရဲ့မိသားစုက အီတလီနိုင်ငံရဲ့ ကြေးရတတ် စက်ရုံပိုင်ရှင်တွေဖြစ်ကြတာကြောင့်သူ့ဘဝကလည်း အပူအပင်မရှိတဲ့ သူဌေးကတော်အဖြစ် သားနှစ်ယောက် သမီးတစ်ယောက်ထွန်းကားခဲ့ပြီးသားသမီးတွေလည်း ကိုယ်စီ အရွယ်ရောက်ကုန်ကြပါပြီ။ဒါပေမဲ့ အမ်မာဟာ မပျော်ရွှင်နိုင်ပဲ ဆန္ဒမပြည့်ဝသလို၊ တစ်ခုခုလိုအပ်နေသလို ဟာတာတာ ခံစားနေရပါတယ်။သားဖြစ်သူ အယ်ဒိုနဲ့ ဆက်စပ်ပြီး သူ့ရင်ထဲက အဲဒီကွက်လပ်ကို ဖြည့်ပေးတဲ့သူတစ်ယောက်ပေါ်လာချိန်မှာ သူ့ဘဝရဲ့တစ်ဆစ်ချိုးအပြောင်းအလဲတွေက ဘာဖြစ်မလဲဆိုတာ…    File Size : (2.9GB) (816 MB) and (312 MB) Quality : Blu-Ray 1080P5.1CH, 720p Format…mp4 Duration…02:00:00 Genre ...
movie

[18+]I Am Love(2009)

Melissa P.(2005) [+18]
Melissa P.(2005) [+18] Melissa P.(2005) [+18] အညွှန်း****************************    ချစ်စရာစကီအချောလေးပါတဲ့ အီတလီ 18+ကားလေးပါ။ မလီဆာဆိုတဲ့ ချစ်စရာမြှီးကောင်ပေါက်မလေးဟာ အထက်တန်းကျောင်းသူလေးတို့ထုံးစံအတိုင်းကိုယ့်အပေါ်မကောင်းတဲ့ကောင်ဆိုးလေး ဒန်နီရယ်ကိုမှ စွဲလမ်းနေမိပါတယ်။သူကချစ်မိနေပေမယ့်လည်း ဒန်နီရယ်ကတော့ သူ့ကိုအလေးမထားပဲပထမဆုံးလိင်အတွေ့အကြုံခပ်ကြမ်းကြမ်းကိုသာပေးပြီး ပလစ်လိုက်ပါတယ်။ဆယ်ကျော်သက်တို့သဘာဝဖြစ်တဲ့ အိမ်ကလူတွေကိုစိတ်ကုန်မယ်၊လောကကြီးကိုစိတ်ကုန်မယ်၊ အရွဲ့တိုက်မယ်၊ ပုန်ကန်မယ်၊ ဘယ်သူ့ကိုမှဂရုမစိုက်ဘူး၊အသစ်အဆန်းတွေကို လက်တည့်စမ်းမယ်ဆိုတဲ့အကျင့်လေးတွေရှိနေတဲ့ မလီဆာတစ်ယောက် သူ့ရဲ့စိတ်ညစ်မှုတွေကို လိင်ကိစ္စနဲ့ထွက်ပေါက်ရှာဖို့ပဲ ဖြစ်လာတဲ့အခါမှာတော့....File Size :(1.7GB) (917 MB) and (290 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:40:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Smile
movie

Melissa P.(2005) [+18]

The Lost Daughter (2021) 7
The Lost Daughter (2021) ကြည့်ပြီးရင် မိသားစုတစ်ခုတည်ဆောက်ဖို့အကြောင်း တာဝန်ဝတ္တရားတွေကို လေးလေးနက်နက်တွေးမိစေမှာဖြစ်ပေမဲ့ မိသားစုတွေနဲ့အတူတော့ မကြည့်သင့်တဲ့ရုပ်ရှင်မျိုး..။ လိင်ပိုင်းဆိုင်ရာပြကွက်တွေက အထွဋ်အထိပ်ရောက်စေတဲ့အထိတော့ စိတ်ကျေနပ်စေမှာ မဟုတ်ပေမဲ့လို့ ကိုယ့်ဟာကို တစ်ယောက်တည်းကြည့်နေတုန်းက အကောင်း..၊ ဘေးမှာ တစ်ယောက်ယောက်လာရပ်နေမှ ဖောင်းဒိုင်း ဖောင်းဒိုင်း ထလုပ်ကြတဲ့ ဇာတ်ကွက်တွေ ထွက်လာနိုင်တယ်..။ ဒီတော့ ကြိုတင်ပြီးတော့ သတိပေးလိုက်ရပါတယ်..။ ဇာတ်လမ်းအကြောင်းကို ဆက်ပြီးပြောရရင်တော့ ရသခံစားမှုမျိုးကို တိုက်ရိုက်ချပြထားတဲ့ဇာတ်လမ်းမျိုးမဟုတ်လို့ နည်းနည်း ပျင်းစရာကောင်းပြီး အီနိုင်တယ်..။ နားမလည်ခြင်းသဘောတွေက အနုပညာကို ခံစားတတ်သူတွေအတွက်တော့ အထွေအထူးတော့ မဟုတ်လှဘူးဆိုတော့ခံစားမှု အရသာကသာ အဓိကပဲဆိုရင် တစ်ခါလောက် ကြည့်သင့်တယ်..။ အမျိုးသမီးတစ်ယောက်ရဲ့ ငယ်ရွယ်မှုနဲ့ ငယ်ရွယ်မှုအလွန်ဖြတ်သန်းရပုံ နှစ်ခု ယှဉ်ပြိုင်တင်ဆက် ပြသထားပုံထဲမှာ အဆင်မပြေမှုတွေကိုလည်း မြင်ရမယ်..။ လိင်မှုတွေလည်း မြင်ရမယ်..။ သားသမီးတွေရဲ့ ဗာဟီရ ဝတ္တရားတွေဆီကနေ ရုန်းထွက်သွားချင်စိတ်တွေကိုရော..။ ​ဒီဇာတ်ကားထဲမှာတော့ က္ကထိယတွေ မကောင်းပါဘူး..။ ဒီဇာတ်ကားထဲမှာကို ပြောတာ..။ ဒါပေမဲ့လည်း က္ကထိယတွေမကောင်းတာ ...
movie

The Lost Daughter (2021)

Last Words (2020) 5.1
Last Words (2020) Last Words (2020)==============ဆူနာမီတွေ မုန်တိုင်းတွေ မိုးခေါင်ရေရှားမှုတွေ စစ်မက်တွေဖြစ်ပွားပြီးတော့ ကမ္ဘာကြီး တစ်ခုလုံးပျက်သုဉ်းသွားခဲ့ပါတယ်။ အပင်ဆိုတာလည်းမရှိ ဘာဆိုဘာမှမရှိတော့တဲ့ဒီကမ္ဘာပေါ်မှာ အသက်ရှင်ကျန်နေတဲ့လူတွေက အတိတ်ဆိုတာမရှိ အနာဂတ်ဆိုတာဗလာနတ္ထိဘဝမှာ သေဆုံး ရတော့မယ့်အချိန်ကိုပဲ စောင့်မျှော်ရင်းနေကြပါတော့။ အဲ့ဒီထဲမှာတချို့လူတွေကတော့ မျှော်လင့်ချက်သေးသေးလေးကိုဆုပ်ကိုင်ပြီး The Call(ခေါ်သံ)ဆိုတာကိုလိုက်ရှာနေကြပါတယ်။ ဒီထဲမှာလည်း ကမ္ဘာပျက်ပြီးမှကြီးပြင်းလာတဲ့ Kal...။ ညီမဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ Kalကလည်း The Call နောက်ကိုလိုက်ရင်းကနေဘာတွေဖြစ်လာမှာလဲ....Prince of Tide(1991)ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုရခဲ့တဲ့ မင်းသားကြီး Nick Nolteအပြင် ဆွီဒင်မင်းသားကြီး Stellan Skarsgardတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာအသားပေးဇာတ်ကားလေးတစ်ကားပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Teeမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee, Thiha Yan Naing တို့ဖြစ်ပါတယ်။File Size - (2.0 GB)/(1.0 GB)/(600 MB) Quality – WebRip - (1080p)/(720p)/(480p) Duration - 2hr 06min Subtitle – Myanmar Hardsub Format – ...
movie

Last Words (2020)

2020
Happy as Lazzaro(2019) 7.7
Happy as Lazzaro(2019) Happy as Lazzaro(2019) IMDb.....7.7,,,,,,,Rotten...89% ရိုးလွန်းတော့ အ တယ်လို့ပြောလို့ရတဲ့ လာ ဇာရိုရဲ့ အကြောင်းကိုကိုပြထားတဲ့ ၂၀၁၈ ထွက် အီတလီ Drama ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပါ။ အန်ဗျူလတ်တာလို့ ခေါ် တဲ့ ရွာလေးမှာ ဆေးရွက်ကြီးစိုက်ပြီး အေးအေးချမ်းချမ်းနေကြတဲ့သူတွေရှိ ပါတယ်။ သူတို့ရဲ့နေရာက ခေါင်လွန်းလို့ အချိန်တော်တော်ကြာကြာ အပြင်လူတွေနဲ့မထိတွေ့ဖြ စ်ကြပါဘူး။ သူတို့တွေ တစ်နှစ်ပတ်လုံးအလုပ်လုပ်နေကြပေမဲ့ လုပ်ခလစာ တစ်ပြားတစ်ချပ်မှမရပါ ဘူး။ မြို့စားလောက် အဆင့်ရှိတဲ့ မာကီးရာထူးကို ရရှိထားတဲ့ မာကီးကတော်ကို အကြွေးဆပ်နေရ ပါတယ်။ လာဇာရိုကတော့ အဲဒီရွာက ကိုပေါလို့ ပြောလို့ရတဲ့ ခပ်တုံးတုံး ခပ်ရိုးရိုး ကောင်လေးတစ်ေ ယာက်ဖြစ်ပါတယ်။ ခိုင်းသမျှကို မငြီးမငြူလုပ်တတ်ပြီး သူ့ဆိုရင် ခွဲခြား ဆက်ဆံတတ်ြ ကပေမဲ့ သူ့ကို ခွဲခြားဆက်ဆံနေတယ်လို့ မခံစားတတ်တဲ့သူလည်းဖြ စ်ပါတယ်။ အဲဒီလိုခွဲခြားဆက်ဆံတယ်ဆိုတာလည်း သိပုံမပေါ်ပါဘူး။ တစ်နေ့မှာ မာကီးကတော် ရဲ့သား မာကီးလောင်းလျာလေး တန်ခရေဒီ က အန်ဗျူလတ်တာကိုရောက်လာပါတယ်။ သူနဲ့ လာဇာရိုနဲ့ သိကျွမ်းသွားပါတယ်။ တန်ခရေဒီက ပြန်ပေးဆွဲခံရသလိုလုပ်ဇာတ်ဖန်တီးလိုက်တဲ့ အချိန်မှာ အစိုးရိမ်လွန်နေတဲ့ တန်ခရေဒီရဲ့ ဇနီးလောင်း ...
movie

Happy as Lazzaro(2019)

2018